Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပင်လယ်နီ သင်္ဘောများတိုက်ခိုက်မှုပြုလုပ်နေသည့်ဟူသီတို့ကို ထိန်းထိန်းသိမ်းသိမ်းလုပ်ရန် ဆော်ဒီက အမေရိကန်ကို တိုက်တွန်း

Htay Oung (NSS) - ဒီဇင်ဘာ ၇ 

ဂါဇာကမ်းမြှောင်ဒေသမှာဖြစ်ပွားနေတဲ့ ဟားမတ်စ်-အစ္စရေးစစ်ပွဲ ကျယ်ပြန့်လာမှာကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံဟာ စူးအက်တူးမြောင်းအဝ်-အထွက် ပင်လယ်နီရေပြင်မှာ တိုက်ခိုက်မှုများပြုလုပ်နေတဲ့ ယီမင်သူပုန်ဟူသီတို့ကို အမေရိကန်က တုံ့ပြန်ရာမှာ ထိန်းထိန်းသိမ်းသိမ်းရှိဖို့ တောင်းဆိုလိုက်ကြောင်း ဆော်ဒီ အစိုးရ နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်နှစ်ခုက ပြောဆိုတယ်လို့ ရိုက်တာသတင်းအေဂျင်စီက ဒီဇင်ဘာလ ရ ရက်က ရေးသားပါတယ်။

အာရှတိုက်အနောက်ပိုင်းတည်ရှိတဲ့ ယီမင်ဟာ အာရေဗျကျွန်းဆွယ်မှာ ဒုတိယအကြီးဆုံးဖြစ်ပေမယ့် တူရကီ အော်တိုမန်အင်ပါယာအတွင်း မြောက်ယီမင်နဲ့ ဗြိတိသျှထိန်းသိမ်းစောင့်စောင့်ရှောက်ခံ တောင်ယီမင်အဖြစ် နှစ်ပိုင်း ကွဲနေခဲ့ပါတယ်။ ၁၉၆၁- ၆၇ ခုနှစ်များအတွင်း သီးခြားလွတ်လပ်တဲ့ နိုင်ငံများဖြစ်လာပြီး ၁၉၉ဝ ပြည့်နှစ်မှာ ယီမင် နယ်မြေတစ်ခုလုံးကို နိုင်ငံတစ်နိုင်ငံတည်းအဖြစ် ပေါင်းစည်းခဲ့ပါတယ်။ ဒါပေမယ့် ဆင်းရဲမွဲတေမှု၊ အကျင့်ပျက် ခြစားမှုနဲ့ ရာဇဝတ်မှုများ ထူပြောလာမှုတို့ကို မကျေနပ်တဲ့ ယီမင်လူထုရဲ့ ၂ဝ၁၁ ခုနှစ် လူထုအုံကြွမှုနဲ့အတူ ၂ဝ၁၄ ခုနှစ်မှာ လက်ဝဲဝါဒီ တောင်ပိုင်းလက်နက်ကိုင်များနဲ့ ပြည်တွင်းစစ် စတင်ဖြစ်ပွားပါတယ်။

အဲဒီနောက်ပိုင်း တောင်ပိုင်း ဟူသီသူပုန်တို့က အကြီးဆုံးမြို့တော် ဆာနားကို သိမ်းပိုက်လိုက်တဲ့အတွက် သမ္မတ အဗ္ဗဒူလာ မန်ဆာ ဟာဒီနဲ့ အစိုးရ၀န်ကြီးများ ထွက်ပြေးရပြီး လူဦးရေ ၃၄ သန်းခန့်ရှိ ယီမင်နိုင်ငံမှာ အရှေ့ပိုင်း ကလွဲရင် နယ်မြေအများစုကို အီရန်ကျောထောက်နောက်ခံပြု ဟူသီတို့က ထိန်းချုပ်ထားပါတယ်။ ၂ဝ၁၄ ခုနှစ်မှာ သမ္မတဟာ ဒီကို ကူညီတဲ့အနေနဲ့ ဆော်ဒီအာရေးဗီးယားဦးဆောင် အနောက်အာရှနဲ့ မြောက်အာဖရိကမှ နိုင်ငံ ၉   နိုင်ငံတို့က ဆားနာ့းမြို့တော်နဲ့ ယီမင်ဟူသီတို့ကို လေကြောင်းမှ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ယီမင်ရှိ အယ်လ်ကိုင်ဒါ အကြမ်းဖက်သမားများကို ချေမှုန်းရေး အကြောင်းပြချက်နဲ့ အမေရိကန်ကလည်း လေကြောင်းမှ တိုက်ခိုက်ခဲ့ပါတယ်။ ဟူသီတို့ကလည်း ဆော်ဒီမြို့ကြီးများနဲ့ ရေနံဆိပ်ကမ်းကြီးများကို ဒရုန်း အသုံးပြုတိုက်ခိုက်တဲ့အတွက် အာရေဗျကျွန်းဆွယ် နောက်ဆုံးစစ်ပွဲဟာ ဆွန်နီ ဆော်ဒီနဲ့ ရှီအာ အီရန်တို့ အားပြိုင်ရာ ကိုယ်စားပြုစစ် Proxy war အသွင် ဆောင်လာခဲ့ပါတယ်။

နှစ်ဖက် ပဋိပက္ခအတွင်း ၂ဝ၁၅ ခုနှစ်ကတည်းက ယီမင်နိုင်ငံဟာ မျက်မှောက်ခေတ် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်း ပေါ်ပေါက်ခဲ့ရပါတယ်။ ဆွန်နီ ၆၅ ရာခိုင်နှုန်း ရှီအာ ၃၅ ရာခိုင်နှုန်း ရောနှောနေထိုင်ပြီး ယူနက်စကို ကမ္ဘာ့အမွေအနှစ်များနေရာများစွာအတွက် လူသိများခဲ့ဖူးတဲ့ယီမင်ဟာ အကြမ်းဖက်မှု၊ အများပြည်သူမလုံခြုံမှုအပြင် လက်နက်ကိုင်ပဋိပက္ခမျိုးစုံဖြစ်ပွားနေပြီး နေရာအနှံ့အပြားမှာ ပြန်ပေးဆွဲခံရမှု နဲ့ မြေမြှုပ်မိုင်းတို့ကြောင့် ကုန်စည်စီးဆင်းခြင်း ခရီးသွားလာခြင်းများ အဟန့်အတားဖြစ်နေ ရပါတယ်။ အိုမန်နဲ့ ထိစပ်နေတဲ့ အရှေ့ပိုင်းကလွဲရင် ကျန်ယီမင်နယ်မြေတစ်ခုလုံးမှာ ဆော်ဒီညွန့်ပေါင်းတပ်များက ဝိုင်းပတ် ပိတ်ဆို့ထားတဲ့အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးများ ပြတ်လပ်ပြီး အများစုဟာ နိုင်ငံတကာအကူအညီပေး ရေး အေဂျင်စီများအပေါ် မှီခိုနေခဲ့ရပါတယ်။

ဆော်ဒီညွန့်ပေါင်းနဲ့ ဟူသီတို့အကြား အပစ်အခတ်ရပ်စဲရေးဟာ ၂ဝ၂၂ ခုနှစ် အောက်တိုဘာလမှာ သက်တမ်း ကုန်ဆုံးသွားပြီးကတည်းက ကြိုတင်စီစဉ်တဲ့ အကြမ်းဖက်မှုများ ပြန်လည်ဖြစ်ပွားလာခြင်း မရှိသေးပါဘူး။ အိုမန် နိုင်ငံ ကြားဝင်စေ့စပ်ပေးမှုနဲ့ ဆော်ဒီ-ဟူသီအကြား တိုက်ရိုက်ငြိမ်းချမ်းရေးဆွေးနွေးမှုများ ရှိလာခဲ့ပါတယ်။ 

အောက်တိုဘာ ၇ ရက်က ဟားမတ်စ်-အစ္စရေး စစ်ပွဲဖြစ်ပွားပြီးကတည်းက အီရန်နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ဟူသီတို့ ဟာ အရေးပါတဲ့ ကုန်သွယ်ရေလမ်းကြောင်းများအတွင်း ကုန်သွယ်ရေကြောင်းသင်္ဘောများကို တိုက်ခိုက်ခြင်း၊ မောင်းသူမဲ့လေယာဉ်များ၊ ဒုံးကျည်များကို အသုံးပြုပြီး အစ္စရေးနိုင်ငံကို ချိန်ရွယ်ပစ်ခတ်ခြင်းဖြင့် အရှေ့ အလယ်ပိုင်းဒေသ ပျံ့နှံ့လာနေတဲ့ပဋိပက္ခအတွင်း ဝင်ရောက်လာခဲ့ပါတယ်။

သူတို့ရဲ့တိုက်ခိုက်မှုတွေဟာ ပါလက်စတိုင်းတို့နဲ့အတူ ရပ်တည်ကြောင်း ပြသခြင်းဖြစ်ကြောင်း၊ ဆာနားမြို့မှ မိုင် ၁၀၀၀ ကျော် ဝေးကွာသည့်တိုင် ဂါဇာကမ်းမြှောင်အတွင်း အစ္စရေးရဲ့ထိုးစစ်ဆင်မှုကို ရပ်တန့်သည်အထိ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ယီမင်နိုင်ငံ နယ်မြေအများစုကို စိုးမိုးထားတဲ့အဖွဲ့က ကြုံးဝါးထားပါတယ်။

ဟားမတ်စ်တို့က အစ္စရေးကို တိုက်ခိုက်ခြင်းဖြင့် စစ်ပွဲကို စတင်ခဲ့တဲ့ အောက်တိုဘာ ၇ ရက်ကစပြီး ပါလက်စတိုင်း မဟာမိတ်တို့နဲ့အတူ အစ္စရေးနဲ့ အမေရိကန်ပစ်မှတ်များကို တိုက်ခိုက်တဲ့ အီရန်မဟာမိတ် ဝင်ရိုးတန်းအုပ်စု၀င် အတော်များများမှာ ဟူသီတို့လည်း ပါ၀င်နေပါတယ်။


ကမ္ဘာ့ရေနံအများအပြားကို တင်ပို့ရာ ပင်လယ်ရေလမ်းများကို ခြိမ်းခြောက်ခံနေရပါတယ်။ အစ္စရေးနိုင်ငံကို ချိန်ရွယ်တဲ့ ဒုံးကျည်များ မောင်းသူမဲ့လေယာဉ်တို့ကို ပစ်လွှတ်ခြင်းတို့ဟာ စူးအက်တူးမြောင်းနဲ့ ဆက်နွယ်နေတဲ့ ပင်လယ်နီရေပြင်တဝှိုက် စိုးရိမ်စရာဖြစ်လာခြင်းမှာ ဟူသီတို့နဲ့ ပတ်သက်နေပါတယ်။

ကမ္ဘာ့ထိပ်တန်းရေနံတင်ပို့ရောင်းချသူ ဆော်ဒီအာရေးဗီးယားအနေနဲ့ သူ့နိုင်ငံပိုင်နက်အတွင်း ဟူသီဒုံးကျည်ထိမှန် ခြင်းများ ဖြစ်လာတဲ့အတွက် သတိပြု စောင့်ကြည့်နေခဲ့ပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်များအတွင်း ဟူသီတို့က ကုန်သွယ်သင်္ဘောတိုက်ခိုက်မှုများကို အရှိန်မြှင့်လာခဲ့ပါတယ်။ ဒီအတွက် ဝါရှင်တန်အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း တုံ့ပြန်ဖို့ ဆော်ဒီရဲ့တိုက်တွန်းမှုဟာ (ထိပ်တိုက်တွေ့ခြင်းအားဖြင့်) ပဋိပက္ခ ဆက်လက်အရှိန်တိုးမြင့်လာမှုကို ရှောင်ရှားရန် ရည်ရွယ်ထားကြောင်း၊ (လက်ရှိ) အမေရိကန်ရဲ့ကိုင်တွယ်ပုံအပေါ် ကျေနပ်အားရကြောင်း၊ ဂါဇာ ပဋိပက္ခကို ဘာ့ကြောင့် ရပ်စဲသင့်တယ်ဆိုတာ ဖော်ပြခြင်းဖြင့် ဖိအားပေးထားတယ်လို့ သတင်းရင်းမြစ်များထံမှ သိရှိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး မှတ်ချက်ပေးရန် မေတ္တာရပ်ခံချက်ကို အိမ်ဖြူတော်က ငြင်းဆိုပါတယ်။ ဆော်ဒီအစိုးရကလည်း အကြောင်းပြန်ကြားခြင်း မရှိပါဘူး။

ဂါဇာကမ်းမြှောင်အတွင်း တိုက်ခိုက်မှုကို “ရိုင်းစိုင်းသောစစ်ပွဲ" အဖြစ် ကင်ပွန်းတပ်လျှက်ရှိတဲ့ ဆော်ဒီအာရေးဗီးယားဟာ အပစ်အခတ်ရပ်စဲရေးအတွက် ဖိအားပေးနေပါတယ်။ တစ်ဖက်မှာလည်း အီရန်နဲ့ သူ့ရဲ့မဟာမိတ်များအကြား နှစ်ပေါင်းများစွာ ထိပ်တိုက်တွေ့ပြီးနောက် ဒေသတွင်းတည်ငြိမ်ရေးကို မြှင့်တင်ရန် ရည်ရွယ်တဲ့ ဆော်ဒီရဲ့ပိုမိုကျယ်ပြန့်တဲ့ သံတမန်ရေး မူဝါဒကို ထင်ဟပ်နေပါတယ်။

ဆော်ဒီဟာ သမားရိုးကျလမ်းဟောင်းမှ ခွဲထွက်တဲ့အမြင်နဲ့ ကိုယ်ပိုင်စီးပွားရေးကို ချဲ့ထွင်လျှက်ရှိပြီး ယခုနှစ် အတွင်း အီရန်နဲ့ ပုံမှန်ဆက်ဆံရေးပြန်လည်ထူထောင်ခဲ့ပါတယ်။ အိမ်နီးချင်း ယီမင်နိုင်ငံအတွင်း ဟူသီတို့နဲ့ ထိပ်တိုက် တွေ့ခဲ့ရတဲ့ ကိုးနှစ်နီးပါးကြာ စစ်နွံအတွင်းမှ လွတ်မြောက်ရန် ကြိုးပမ်းလျက်ရှိနေပါတယ်။

ဂါဇာကမ်းမြောင်မှာ စစ်မက်ဖြစ်ပွားနေချိန်မှာလည်ူ ဆော်ဒီအနေနဲ့ ယီမင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မြှင့်တင်ရန် ဆက်လက်ကြိုးပမ်းနေဆဲဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောပါတယ်။ ဆော်ဒီနဲ့ ဟူသီအရာရှိများအကြား တိုက်ရိုက်ငြိမ်းချမ်းရေး ဆွေးနွေးနေခိုက် ယီမင်နိုင်ငံဟာ တစ်နှစ်ကျော်ကြာ တိတ်ဆိတ်ငြိမ်သက်နေခဲ့ပါတယ်။

ဟားမတ်စ်-အစ္စရေးစစ်ပွဲအတွင်း ဟားမတ်စ်၊ လက်ဘနွန်မှ ဟစ်ဇ်ဘိုလာအဖွဲ့နဲ့ အီရတ်ရှိ အီရန်ကျော ထောက်နောက်ခံပြု ပြည်သူ့စစ်များစခန်းမှ အစ္စရေးဆန့်ကျင်ရေးတိုက်ခိုက်မှုများမှာ ဟူသီတို့လည်း ပါ၀င်နေပါ တယ်။ ဟူသီတို့ဟာ အာရေဗျကျွန်းဆွယ်မှာ အဓိကစစ်အင်အားကြီးတစ်ခုအဖြစ် ပေါ်ပေါက်လာခဲ့ပြီး မရေမတွက် နိုင်တဲ့တိုက်ခိုက်ရေးသမားများ၊ ထောင်နဲ့ချီတဲ့ ပဲ့ထိန်းဒုံးကျည်များအပြင် မောင်းသူမဲ့လေယာဉ် အများအပြားကို လည်း ပိုင်ဆိုင်ထားပါတယ်။

ဂါဇာစစ်ပွဲကို “စိတ်အလိုအတိုင်း မလုပ်မိတဲ့ နည်းလမ်း” ဖြင့် အဆုံးသတ်ရန် နိုဝင်ဘာလ တီဟီရန်မှာ အီရန်အရာရှိ များနဲ့ တွေ့ဆုံစဉ် ဟူသီကိုယ်စားလှယ်တို့က သဘောတူညီခဲ့ကြောင်း တီဟီရန်သတင်းရင်းမြစ်တစ်ခုထံမှ သိရှိရပါတယ်။ ဟားမတ်စ်-အစ္စရေးကိစ္စနဲ့ ပတ်သက်လို့ တိုက်ရိုက် အစဆွဲထုတ်ရာရောက်ပြီး ဒေသတွင်း အလုံးစုံ စစ်ခင်းရတဲ့အထိကို အီရန်က မလိုလားကြောင်း အခြား သတင်းရင်းမြစ်က ရှင်းပြခဲ့ပါတယ်။


နောက်ဆုံးဖြစ်ရပ်တစ်ခုအနေနဲ့ တနင်္ဂနွေနေ့က နိုင်ငံတကာရေပိုင်နက်အတွင်း စီးပွားရေးလုပ်ငန်းသုံး သင်္ဘောသုံးစင်းဟာ ဟူသီရဟတ်ယာဉ်များရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။ ၂ စီးဟာ အစ္စရေးပိုင်ဖြစ်တဲ့အတွက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဟူသီတို့က ပြောပေမယ့် အဲဒီသင်္ဘောများနဲ့ ဆက်နွယ်မှု မရှိကြောင်း အစ္စရေးက ငြင်းဆိုခဲ့ပါတယ်။

အခြားဖြစ်စဉ်တစ်ခုမှာ ယီမင် ဆာနားမှ ပစ်လွှတ်လိုက်တဲ့ ဘက်စုံသုံး ဒရုန်းတစ်စင်းကို အမေရိကန်ရေတပ်က ပစ်ချခဲ့ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုများမှာ သူတို့ပါ၀င်ပတ်သက်ခြင်း မရှိကြောင်း အီရန်က သတင်းထုတ်ပြန်ပါတယ်။

#ယီမင်_ဟူသီ #ဆော်ဒီအာရေးဗီးယား #အမေရိကန် #ဟားမတ်စ်_အစ္စရေးစစ်ပွဲ #သမ္မတ_အဗ္ဗဒူလာ_မန်ဆာ_ဟာဒီ #Proxy_war #ကိုယ်စားပြုစစ်

(Reuters.,, 7 December 2023,” Saudi Arabia urges US restraint as Houthis attack ships in Red Sea)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်နိုင်ငံခြားရေးရဲ့ သုတေသနစစ်တမ်းပေါ်က PDF နဲ့ အကြမ်းဖက်အဖွဲ့တွေရဲ့ အနာဂါတ် (PK Show)

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved