Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စစ်ရာဇဝတ်မှုများကို အမေရိကန်သမ္မတက ကူညီဖုံးကွယ်နေဟု ဟားမတ်စ်တို့ စွပ်စွဲ

Htay Oung (NSS) - ဒီဇင်ဘာ ၆

ပါလက်စတိုင်း အရပ်သားသေဆုံးရမှု အနည်းဆုံးဖြစ်ရန် အမေရိကန်က ထပ်မံ ဖိအားပေးနေပေမယ့် ဂါဇာ ကမ်းမြှောင်ဒေသ တောင်ပိုင်း အဓိကမြို့အပေါ် ဗုံးကြဲတိုက်ခိုက်မှုကို အစ္စရေးက သိသိသာသာ အရှိန်တိုးမြှင့်လိုက်ပါတယ်။ ဟားမတ်စ်များကို ချေမှုန်းရန် လွန်ခဲ့တဲ့ရက်သတ္တ ၅ ပတ်က မြေပြင်ထိုးစစ် စတင်ပြီးနောက်ပိုင်း အပြင်းထန်ဆုံး တိုက်ခိုက်မှုဖြစ်တယ်လို့ Reuters က ယနေ့ ဒီဇင်ဘာလ ၆ ရက်မှာ ရေးသားပါတယ်။

အင်္ဂါနေ့ စစ်လေယာဉ်များ စိုးမိုးမှုနောက်ခံပြု မိမိတပ်ဖွဲ့ဝင်တွေဟာ ဂါဇာတောင်ပိုင်းရှိ “ခန်_ယူနွတ်” မြို့အချက် အချာနေရာတိုင်အောင် ထိုးဖောက်နိုင်ခဲ့ပြီး မြို့ကိုလည်း ဝိုင်းရံထားတယ်လို့ အစ္စရေးက သတင်းထုတ်ပြန်ပါတယ်။ ဟားမတ်စ်လက်နက်ကိုင်တပ်ဖြစ်တဲ့ အယ်လ်ကာဆင် တပ်မဟာကတော့ သူတို့ရဲတိုက်ခိုက်ရေးသမားတွေဟာ အစ္စရေးတို့နဲ့ ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံနေကြတယ်လို့ ပြောပါတယ်။


လွန်ခဲ့တဲ့ ဒီဇင်ဘာ ၁ ရက် သောကြာနေ့မှာ စတင်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးဟာ ၅ ရက် ယမန်နေ့က ပျက်ပြား သွားခဲ့ပါတယ်။ ကြား၀င်စေ့စပ်သူ ကာတာနိုင်ငံကတော့ အပစ်အခတ်ရပ်စဲရေး ပြန်လည်အသက်ဝင်လာစေဖို့ ကြိုးစားနေပါတယ်။ အပစ်အခတ်ရပ်စဲရေးကာလအတွင်း ဟားမတ်တို့က ပါလက်စတိုင်းအကျဉ်းသား ရာပေါင်းများ စွာတို့နဲ့ လဲလှယ်တဲ့အနေနဲ့ ဂါဇာမှာ သူတို့ထိန်းသိမ်းထားတဲ့ ဓားစာခံအတော်များများကို လွှတ်ပေးခဲ့ပါတယ်။ အစ္စရေးကလည်း လူသားချင်းစာနာမှုဆိုင်ရာအကူအညီများကို ကမ်းမြှောင်နယ်မြေအတွင်း စီးဝင်ခွင့်ပြုခဲ့ပါတယ်။ 


ယခု အပစ်အခတ်ရပ်စဲရေးဟာ အလုံးစုံ အပစ်အခတ်ရပ်ရေးအထိ အလှည့်အပြောင်း မဟုတ်ပေမယ့် ကာလ သက်တမ်းတိုးမြှင့်ဖို့ လိုအပ်ကြောင်း၊ ကမ်းမြှောင်ဒေသနေ ပါလက်စတိုင်းပြည်သူများ ဝန်ထုပ်ဝန်ပိုးသက်သာစေဖို့ အဆက်မပြတ်ကြိုးစားနေကြောင်း ဟားမတ်စ်နိုင်ငံရေးသမားအများအပြား ခိုလှုံနေတဲ့ကာတာနိုင်ငံက ပြောပါ တယ်။ ဒါပေမယ့် ညှိနှိုင်းဆွေးနွေးရေးအတွက် ကာတာနိုင်ငံ ဒိုဟာမြို့မှာ ရောက်ရှိနေတဲ့ မော့ဆက်ထောက်လှမ်း ရေးအဖွဲ့ကို စနေနေ့ နောက်ဆုံးထားပြီး ပြန်လည်ထွက်ခွာလာဖို့ အစ္စရေးအစိုးရက အမိန့်ပေးထားပါတယ်။ 


မြေပြင်စစ်ဆင်ရေး စတင်ချိန်နောက်ပိုင်း မိမိတပ်များရဲ့အပြင်းထန်ဆုံးတိုက်ခိုက်တဲ့နေ့ဖြစ်ကြောင်း အစ္စရေး စစ်တပ် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မှူး ဗိုလ်ချုပ်ကြီး အာရွန်ဖင်ကယ်လ်မန်က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်မှာ စတင်ခဲ့တဲ့ အစ္စရေးနဲ့ ဟားမတ်စ်တိုအ့ကြား အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားပြီး နောက် အပြင်းထန်ဆုံးလည်းဖြစ်ကြောင်း၊ အစ္စရေးတပ်တွေဟာ ဂါဇာမြို့အနီး မြောက်ဘက်ရှိ ဟားမတ်စ်စခန်းနဲ့ အရှေ့ဘက်ရှိ ရှူဂျာအီယာတို့မှာလည်း တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အစ္စရေးတပ်ဖွဲ့ဝင် ၈ ဦး သေဆုံး (သို့မဟုတ်) ဒဏ်ရာရရှိခဲ့ပြီး စစ်ယာဉ် ၂၄ စီးကို အင်္ဂါနေ့မှာ ဖျက်ဆီးခဲ့တယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့က ပြောပါတယ်။ ဒါပေမယ့် မြေပြင်စစ်ဆင်ရေးစတင်ချိန်မှစပြီး မိမိတို့ တပ်ဖွဲ့ဝင် ၈၃ ဦး ကျဆုံးပြီး အင်္ဂါနေ့မှာ ၂ ဦး ကျဆုံးကြောင်း အစ္စရေးစစ်တပ်ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ကမ်းမြှောင် မြောက်ဘက် ဒါရ်အယ်လ်ဘလာမြို့ရှိ နေအိမ်တွေကို အစ္စရေးရဲ့တိုက်ခိုက်မှုအတွင်း အရပ်သား အများ အပြားသေဆုံးခဲ့တယ်လို့ ဂါဇာကျန်းမာရေးအရာရှိတွေက ပြောပါတယ်။ လူ ၄၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ရှူဟာဒါအယ်လ်အက္ကဆာ ဆေးရုံအကြီးအကဲက ပြောပေမယ့် ရိုက်တာသတင်းအေဂျင်စီအနေနဲ့ အဲဒီနေရာကို မရောက်ရှိနိုင်သလို အသေအပျောက်ကိုလည်း အတည်မပြုနိုင်ပါဘူး။

အောက်တိုဘာ ၇ ရက်က အစ္စရေးမြို့များအတွင်း ဟားမတ်စ်တို့ရဲ့ဝင်ရောက်စီးနင်းမှုမှာ လူပေါင်း ၁၂ဝဝ သေဆုံးပြီး ဓားစာခံအဖြစ် လူပေါင်း ၂၄ဝ ကို ဖမ်းဆီးသွားခဲ့တယ်လို့ အစ္စရေးရဲ့စာရင်းဇယားများအရ သိရပါတယ်။ ဟားမတ်စ်တိုက်ခိုက်ရေးသမားတို့အပေါ် လက်တုံ့ပြန်တဲ့အနေဖြင့် အစ္စရေးက ဂါဇာဒေသအတွင်း စစ်ဆင်ရေးကို ဆင်နွှဲနေပါတယ်။

ဖမ်းဆီးခံရစဉ် လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုများကို အစ္စရေးရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပြီး ဓါးစာခံများအပေါ် ညှဉ်းပန်းနှိပ်စက်ခြင်း၊ ကိုယ်ထိလက်ရောက်စော်ကားခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ အရှင်လတ်လတ် မီးရှို့ခံရခြင်းနဲ့ ရုပ်ပိုင်းဆိုင်ရာပျက်ပြားသွားအောင် ပြုမူခံနေရတယ်လို့ အစ္စရေးတရားရေးဝန်ကြီးဌာနက ပြောပါတယ်။

အောက်တိုဘာ ၇ ရက်နောက်ပိုင်း ဂါဇာမှာ အစ္စရေးစစ်တပ်ရဲ့လက်ချက်နဲ့ ကလေးငယ် ၇,၁၁၂ ဦး၊ အမျိုးသမီး ၄,၈၈၅ ဦးတို့အပါအဝင် အနည်းဆုံး လူပေါင်း ၁၆,၂၄၈ ဦးတို့ သေဆုံးခဲ့တယ်လို့ ဟားမတ်စ်မီဒီယာရုံးက အင်္ဂါနေ့မှာ ဖော်ပြပါတယ်။ လူပေါင်း ထောင်ချီပျောက်ဆုံးနေပြီး အပျက်အစီးများအောက်မှာ နစ်မြုပ်နေမှာကို စိုးရိမ်ရတယ်လို့ ဟားမတ်စ်မီဒီယာရုံးက ဆိုပါတယ်။ အဲဒီကိန်းဂဏန်းတွေကို ဂါဇာကျန်းမာရေးဝန်ကြီးဋ္ဌာနထံမှ လောလောဆယ် အတည်ပြုချက် မရရှိသေးပါဘူး။

အပစ်အခတ်ရပ်စဲရေး ပြိုလဲစဉ်တိုက်ခိုက်မှုများကို ရှောင်ရှားဖိုပြီး ဘေးလွတ်ရာကယ်ထုတ်ဖို့အတွက် ဂါဇာနယ်မြေ အစိတ်အပိုင်းများရဲ့ မြေပုံကို တနင်္လာနေ့မှာ အစ္စရေးက အွန်လိုင်းမှာ လွှင့်တင်ခဲ့ပါတယ်။ ခန်းယူနွတ်မြို့ အရှေ့ခြမ်း ရပ်ကွက်ကို အမှတ်အသားပြသထားတဲ့အတွက် လူသိန်းချီတဲ့ မြို့နေလူ အများအပြားတို့ဟာ ခြေလျင် ထွက်ပြေး ခဲ့ကြရပါတယ်။

ကမ်းမြှောင်အတွင်း ကျန်မြို့များအားလုံးမှာ ယာယီခိုလှုံရေးစခန်းများနဲ့ပြည့်နှက်နေပြီး အစ္စရေးက သူတို့သွားခိုင်းတဲ့နေရာတွေကိုပဲ သူတို့ကိုယ်တိုင် ဆက်လက် ဗုံးကြဲနေတယ်လို့ ဒေသခံများက ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသရဲ့အကျပ်အတည်းနဲ့ပတ်သက်ပြီး နိုင်ငံတကာက ဆက်လက်ဝေဖန်မှုများကြောင့် အစ္စရေးရဲ့ အရင်းနှီးဆုံး မဟာမိတ်ဖြစ်သူ အမေရိကန်ကလည်း တယ်လ်အဗစ်အပေါ် ဖိအားပေးလာရပါတယ်။ ကမ်းမြှောင် ဒေသအတွင်း လောင်စာဆီနဲ့ အခြားအကူအညီများကို ဝင်ရောက်ခွင့်ပြုရန်နဲ့ အရပ်သားများအပေါ် ထိခိုက်မှု လျှော့ချရေး ပိုမိုလုပ်ဆောင်ရန် လိုအပ်ကြောင်း အင်္ဂါနေ့မှာ ထပ်လောင်းတိုက်တွန်းပါတယ်။ သေဆုံးသူဦးရေ တိုးမြင့်လာနေပေမယ့် တိုက်တွန်းမှုအချို့ကို လက်ခံအကောင်အထည်ဖော်နိုင်စရာရှိကြောင်း အစ္စရေးက ပြောပါတယ်။

အစ္စရေးတောင်ပိုင်းကိုတိုက်ခိုက်စဉ် ဟားမတ်စ်တို့ဟာ အမျိုးသမီးများကို အကြိမ်ကြိမ်အဓမ္မပြုကျင့်ပြီး ဓါးစာခံတို့ ရဲ့ခြေလက်အင်္ဂါများကို ဖြတ်တောက်ပစ်ခဲ့ကြတယ်လို့ အသက်ရှင်ကျန်ရစ်သူများနဲ့ မျက်မြင်သက်သေများကို ကိုးကားပြီး အင်္ဂါနေ့ ဘော့စတွန်နိုင်ငံရေး ရန်ပုံငွေတစ်ခုမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။

ဘိုင်ဒင်ရဲ့စွပ်စွဲချက်တွေဟာ မှားယွင်းကြောင်း ဟားမတ်စ်တို့က Telegram ချန်နယ်မှာ ရှုတ်ချရေးသားလိုက်ပါ တယ်။ အမေရိကန်ရဲ့ပံ့ပိုးကူညီမှုနဲ့ ကျူးလွန်ခဲ့တဲ့စစ်ရာဇ၀တ်မှုများကို ဖုံးကွယ်ရာမှာ အမေရိကန်သမ္မတဟာ အစ္စရေးအတူ ပါဝင်နေတယ်လို့ တုံ့ပြန် စွပ်စွဲခဲ့ပါတယ်။

ဂါဇာဒေသမှာ သေဆုံးရတဲ့အရပ်သားဦးရေတိုးမျြင့်လာပေမယ့် အမေရိကန်အနေနဲ့ သူတို့ရဲ့အစ္စရေးအပေါ် လက်နက်ထောက်ပံ့နေမှုကို ပြန်လည်သုံးသပ်ပုံမရဘူးလိူ့ Reuters ရဲ့ ယနေ့ အခြားသတင်းတစ်ပုဒ်မှာ တွေ့ရှိ ရပါတယ်။

အပစ်အခတ်ရပ်စဲရေး စတင်ခဲ့တဲ့ သောကြာနေ့မှ ပျက်ပြားသွားတဲ့ တနင်္လာနေ့အတွင်း ဂါဇာမှာ အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၉ဝဝ ခန့် သေဆုံးခဲ့ကြောင်း၊ အဲဒီအရေအတွက်ဟာ အစ္စရေးရဲ့မြေပြင်တိုက်ခိုက်မှု စတင်တဲ့ အောက်တိုဘာ ၂၈ ရက်မှ ၄ ရက်အတွင်း သေဆုံးသူဦးရေနဲ့ ညီမျှကြောင်း ကမ်းမြှောင်ဒေသ ကျန်းမာရေးဝန်ကြီးဋ္ဌာနက ပြောပါတယ်။

ဂါဇာမြောက်ပိုင်း တိုက်ခိုက်မှုတွေဟာ အရပ်သားများ သေဆုံးရမှုကို ရှောင်ရှားဖို့ အမေရိကန်ဒုတိယသမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့က လူသိရှင်ကြားတိုက်တွန်းနေပါတယ်။ လက်နက်ထောက်ပံ့ခြင်းကို ရပ်ဆိုင်းပစ်ဖို့အထိ ခြိမ်းခြောက်ခြင်းများနဲ့ ဖိအားပေးဖို့လည်း ပါ၀င်နေပါတယ်။ ဒါပေမယ့် လက်ရှိ လျှို့ဝှက်စေ့စပ်ညှိနှိုင်းရေး မဟာဗျူဟာဟာ ထိရောက်တယ်လို့ အမေရိကန်က ယုံကြည်တဲ့အတွက် အစ္စရေးကို လက်နက်ထောက်ပံ့မှု ရပ်ဆိုင်းခြင်း (သို့မဟုတ်) ပြင်းပြင်းထန်ထန်ဝေဖန်ရေးကို ဝါရှင်တန်က ငြင်းဆိုထားကြောင်း အမေရိကန်အရာရှိ နှစ်ဦးရဲ့ပြောကြားချက်အရ သိရှိရပါတယ်။

#ဟားမတ်စ်အစ္စရေးစစ်ပွဲ_အပစ်အခတ်ရပ်စဲရေး #ခန်_ယူနွတ်မြို့ #အယ်လ်_ကာဆင်တပ်မဟာ 

#ရှူဂျာအီယာမြို့ #ဒါရ်_အယ်လ်ဘလာမြို့ #ရှူဟာဒါ_အယ်လ်အက္ကဆာ_ဆေးရုံ 

( Reuters., 6 December 2023, “Israel mounts fiercest attacks so far in Gaza war against Hamas” ကို ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပေါက်တောမြို့နယ်ရှိ AA လက်နက်ကိုင်အဖွဲ့အမာခံ (၂)ဦးကို ဖမ်းဆီးရမိခဲ့ဟု နစကဆို

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved