အင်ဒိုနီးရှားမီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူအရေအတွက် ၂၃ ဦးအထိ မြင့်တက်လာ
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၅
အင်ဒိုနီးရှားနိုင်ငံ မာရာပီ မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူမြင့်တက်လာနေပြီး အနည်းဆုံး ၂၃ ဦးအထိ သေဆုံးခဲ့ရကြောင်း အင်ဒိုနီးရှားအာဏာပိုင်များက ပြောပါတယ်။
မီးတောင်ပေါက်ကွဲချိန်မှာ တောင်တက်သမားတွေရှိခဲ့ပြီး အဲဒီတောင်တက်သမားတွေထဲက ၅ ဦးရဲ့ရုပ်အလောင်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကာ ယခင်ကတည်းက ၁၈ ဦး သေဆုံးထားကြောင်း အင်ဒိုနီးရှားအာဏာပိုင်များက ပြောပါတယ်။
မီးတောင်ပေါက်ကွဲမှုကြောင့် ချော်ရည်ပူများ ကျဆင်းနေရာ ကယ်ဆယ်ရေးသမားတွေဟာ ပျောက်ဆုံးနေသူတွေ ကို ရှာဖွေနိုင်ဖို့ရုန်းကန်နေရကြောင်း သိရပါတယ်။ မီးတောင်ပေါက်ကွဲမှုဖြစ်ပွားချိန်မှာ တောင်တက်သမား ၇၅ ဦး ရှိနေခဲ့ကြောင်း၊ မီးတောင်ဟာ အမြင့်ပေ ၉၄၈၅ ပေ ရှိနေကြောင်း သိရပါတယ်။
မီးတောင်ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာနားကနေ ပျောက်ဆုံးနေတဲ့တောင်တက်သမား ၅ ဦးကို ထပ်မံတွေ့ရှိခဲ့တာ ဖြစ်ကြောင်း၊ အင်ဒိုနီးရှား အနောက်ဆူမတ်တြားပြည်နယ် ရဲတပ်ဖွဲ့ဒုတိယအကြီးအကဲက ပြောပါတယ်။ မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူအရေအတွက် ထပ်မံမြင့်တက်လာဖွယ်ရှိတယ်လို့ အင်ဒိုနီးရှားအာဏာပိုင်တွေက မျှော်လင့်နေပါတယ်။
၎င်းက "ကျွန်တော်အထင်တော့ မီးတောင်ပေါက်ကွဲမှုကြောင့် အသက်ရှင်ကျန်ရစ်သူ အများကြီးမရှိလောက်ဘူး" လို့ ပြောပါတယ်။ မီးတောင်ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာတဲ့မီးခိုပြာများဟာ မီးတောင်ပတ်ဝန်းကျင်ရွာများအနီးကို ကျရောက်ခဲ့ရာ ကျန်းမာရေးထိခိုက်မှုမဖြစ်အောင် ဘေးလွှတ်ရာကိုရွှေ့ပြောင်းဖို့၊ မျက်မှန်များ တပ်ဆင်ထားဖို့ အင်ဒိုနီးရှားအာဏာပိုင်တွေက သတိပေးတိုက်တွန်းထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆေးဝါးမှတ်ပုံတင်သက်တမ်းတိုးလျှောက်ထားခြင်းကို အွန်လိုင်းစနစ်ဖြင့် လာမည့် ဇန်နဝါရီလ(၁)ရက်တွင် စတင်ဆောင်ရွက်မည်
RELATED POSTS
21 Sep 2024 | အထွေထွေ,ပြည်တွင်း
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း