Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရေနံယိုဖိတ်မှုများကို ရှင်းလင်းနိုင်ရန်အတွက် အမေရိကန် နှင့် ဂျပန်နိုင်ငံတို့ထံမှ ဖိလစ်ပိုင်အစိုးရ အကူအညီတောင်း

Pika (NP News) - မတ် ၁၁

ဖိလစ်ပိုင်အစိုးရသည် ရေနံယိုဖိတ်မှုကို ဖယ်ရှားရှင်းလင်းရန် ဂျပန်နှင့်အမေရိကန်တို့ထံမှ အကူအညီတောင်းခံခဲ့ ကြောင်းသိရသည်။


ရေနံတင်သင်္ဘောနစ်မြုပ်ပြီးနောက် (၁ဝ)ရက်ကြာချိန်အထိ ရေနံယိုဖိတ်မှုကို ထိန်းချုပ်ရှင်းလင်းနိုင်ခြင်းမရှိသည့် အတွက် ယခုကဲ့သို့ အကူအညီတောင်းခံခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။ Princess Empress အမည်ရှိ သင်္ဘောသည် စက်မှုလုပ်ငန်းသုံးလောင်စာဆီလီတာ(၈)သိန်းကို သယ်ဆောင်လာခဲ့ပြီးနောက် မနီလာမြို့တောင်ဘက်ရှိ  Mindoro ကျွန်းအနီးတွင် နစ်မြုပ်သွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


အဆိုပါရေနံတင်သင်္ဘောသည် ပင်လယ်ရေမျက်နှာပြင်အောက် မီတာ(၄ဝဝ)ခန့်တွင် နစ်မြုပ်နေပြီး သင်္ဘောအပျက်အစီးများဆီသို့ရောက်ရှိနိုင်ရန်နှင့် ရေနံယိုစိမ့်မှုကို ရပ်တန့်ရန်အတွက် လိုအပ်သော ပစ္စည်း ကိရိယာများ မရှိကြောင်း ဖိလစ်ပိုင်အာဏာပိုင်များက ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံသည် ရေနံယိုစိမ့်မှုနှင့်ပတ် သက်ပြီး စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ရန်၊ ရေနံယိုစိမ့်မှုကို ရပ်တန့်ရန်နှင့် ထိန်းချုပ်ရန်အတွက် ဂျပန်ကမ်းခြေ စောင့်တပ်ဖွဲ့များကို ဖိလစ်ပိုင်နိုင်ငံသို့ စေလွှတ်ခဲ့ကြောင်းလည်းသိရသည်။


ဖိလစ်ပိုင်နိုင်ငံသည် အမေရိကန်နိုင်ငံထံမှ အကူအညီများကိုလည်းတောင်းခံခဲ့ကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့် တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Armando Balilo ကပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံထံမှ မည်သည့် အကူအညီအမျိုးအစားတောင်းခံခဲ့သည်ဆိုသည့်အချက်ကို အသေးစိတ်ဖော်ပြထားခြင်းမျိုးမရှိသေးသကဲ့သို့ အမေရိကန်သံရုံးကလည်း မှတ်ချက်ပေးပြောဆိုခြင်းမျိုးမရှိသေးကြောင်းသိရသည်။


ရေနံတင်သင်္ဘောမှ ယိုစိမ့်နေသော လောင်စာဆီများသည် Oriental Mindoro ပြည်နယ် ကမ်းရိုးတန်း တစ်လျှောက်ရှိ မြူနီစီပယ်(၉)ခု၏ ရေပြင်နှင့် ကမ်းရိုးတန်းတို့တွင် ပျံနှံ့လျက်ရှိကြောင်းလည်း သိရသည်။ 

ရေနံယိုစိမ့်မှုများကြောင့်  သန္တာကျောက်တန်းများ၊ ဒီရေတောများနှင့် ပင်လယ်ရေမှော် ဟက်တာ(၂၅ဝဝ) ကျော် ထိခိုက်နိုင်ကြောင်း သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနကပြောကြားခဲ့သည်။


လက်ရှိအချိန်အထိ ရေထဲသို့ လောင်စာဆီမည်မျှ ယိုစိမ့်နေသည်ဆိုသည့်အချက်ကို ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်းသိရသည်။ Palawan ကျွန်း မြောက်ဘက်ကမ်းရိုးတန်းရှိ  Casian ကျွန်း အနီးတွင်လည်း ရေနံများကိုတွေ့ရှိခဲ့ကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့များက မတ်လ(၁ဝ)ရက်တွင် ပြောကြားခဲ့သည်။ Casian ကျွန်းသည် ရေနံတင်သင်္ဘောနစ်မြုပ်ရာနေရာ၏ အနောက်တောင်ဘက် ကီလိုမီ တာ(၃၅ဝ)ခန့်အကွာတွင် ရှိကြောင်းလည်းသိရသည်။


ဖိလစ်ပိုင်အာဏာပိုင်များသည် ထောင်နှင့်ချီသော ငါးဖမ်းသမားများကို ငါးဖမ်းခွင့်ပြုချိန်မှသာ ပင်လယ်ပြင်တွင် သွားရောက်ငါးဖမ်းရန်နှင့် အန္တရာယ်ကင်းသည်ဆိုသော ကြေညာချက် မထုတ်ပြန်ခင်အချိန်အထိ ကမ်းခြေတွင်သာ နေထိုင်ရန် အမိန့်ပေးထားကြောင်းသိရသည်။ ထို့ပြင် ကမ်းရိုးတန်းများတွင်နေထိုင်သူများကိုလည်း ရေကူးခြင်းများ မပြုလုပ်ရန် တားမြစ်ထားသည်။

zawgyi version

ေရနံယိုဖိတ္မႈမ်ားကို ရွင္းလင္းႏိုင္ရန္အတြက္ အေမရိကန္ ႏွင့္ ဂ်ပန္ႏိုင္ငံတို႔ထံမွ ဖိလစ္ပိုင္အစိုးရ အကူအညီေတာင္း

Pika (NP News) - မတ္ ၁၁

ဖိလစ္ပိုင္အစိုးရသည္ ေရနံယိုဖိတ္မႈကို ဖယ္ရွားရွင္းလင္းရန္ ဂ်ပန္ႏွင့္အေမရိကန္တို႔ထံမွ အကူအညီေတာင္းခံခဲ့ ေၾကာင္းသိရသည္။


ေရနံတင္သေဘၤာနစ္ျမဳပ္ၿပီးေနာက္ (၁ဝ)ရက္ၾကာခ်ိန္အထိ ေရနံယိုဖိတ္မႈကို ထိန္းခ်ဳပ္ရွင္းလင္းႏိုင္ျခင္းမရွိသည့္ အတြက္ ယခုကဲ့သို႔ အကူအညီေတာင္းခံခဲ့ရျခင္းျဖစ္ေၾကာင္းသိရသည္။ Princess Empress အမည္ရွိ သေဘၤာသည္ စက္မႈလုပ္ငန္းသုံးေလာင္စာဆီလီတာ(၈)သိန္းကို သယ္ေဆာင္လာခဲ့ၿပီးေနာက္ မနီလာၿမိဳ႕ေတာင္ဘက္ရွိ  Mindoro ကြၽန္းအနီးတြင္ နစ္ျမဳပ္သြားခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။


အဆိုပါေရနံတင္သေဘၤာသည္ ပင္လယ္ေရမ်က္ႏွာျပင္ေအာက္ မီတာ(၄ဝဝ)ခန႔္တြင္ နစ္ျမဳပ္ေနၿပီး သေဘၤာအပ်က္အစီးမ်ားဆီသို႔ေရာက္ရွိႏိုင္ရန္ႏွင့္ ေရနံယိုစိမ့္မႈကို ရပ္တန႔္ရန္အတြက္ လိုအပ္ေသာ ပစၥည္း ကိရိယာမ်ား မရွိေၾကာင္း ဖိလစ္ပိုင္အာဏာပိုင္မ်ားက ေျပာၾကားခဲ့သည္။ ဂ်ပန္ႏိုင္ငံသည္ ေရနံယိုစိမ့္မႈႏွင့္ပတ္ သက္ၿပီး စုံစမ္းစစ္ေဆးမႈမ်ားလုပ္ေဆာင္ရန္၊ ေရနံယိုစိမ့္မႈကို ရပ္တန႔္ရန္ႏွင့္ ထိန္းခ်ဳပ္ရန္အတြက္ ဂ်ပန္ကမ္းေျခ ေစာင့္တပ္ဖြဲ႕မ်ားကို ဖိလစ္ပိုင္ႏိုင္ငံသို႔ ေစလႊတ္ခဲ့ေၾကာင္းလည္းသိရသည္။


ဖိလစ္ပိုင္ႏိုင္ငံသည္ အေမရိကန္ႏိုင္ငံထံမွ အကူအညီမ်ားကိုလည္းေတာင္းခံခဲ့ေၾကာင္း ဖိလစ္ပိုင္ကမ္းေျခေစာင့္ တပ္ဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ Armando Balilo ကေျပာၾကားခဲ့သည္။ အေမရိကန္ႏိုင္ငံထံမွ မည္သည့္ အကူအညီအမ်ိဳးအစားေတာင္းခံခဲ့သည္ဆိုသည့္အခ်က္ကို အေသးစိတ္ေဖာ္ျပထားျခင္းမ်ိဳးမရွိေသးသကဲ့သို႔ အေမရိကန္သံ႐ုံးကလည္း မွတ္ခ်က္ေပးေျပာဆိုျခင္းမ်ိဳးမရွိေသးေၾကာင္းသိရသည္။


ေရနံတင္သေဘၤာမွ ယိုစိမ့္ေနေသာ ေလာင္စာဆီမ်ားသည္ Oriental Mindoro ျပည္နယ္ ကမ္း႐ိုးတန္း တစ္ေလွ်ာက္ရွိ ျမဴနီစီပယ္(၉)ခု၏ ေရျပင္ႏွင့္ ကမ္း႐ိုးတန္းတို႔တြင္ ပ်ံႏွံ႔လ်က္ရွိေၾကာင္းလည္း သိရသည္။ 

ေရနံယိုစိမ့္မႈမ်ားေၾကာင့္  သႏၲာေက်ာက္တန္းမ်ား၊ ဒီေရေတာမ်ားႏွင့္ ပင္လယ္ေရေမွာ္ ဟက္တာ(၂၅ဝဝ) ေက်ာ္ ထိခိုက္ႏိုင္ေၾကာင္း သဘာဝပတ္ဝန္းက်င္ ဝန္ႀကီးဌာနကေျပာၾကားခဲ့သည္။


လက္ရွိအခ်ိန္အထိ ေရထဲသို႔ ေလာင္စာဆီမည္မွ် ယိုစိမ့္ေနသည္ဆိုသည့္အခ်က္ကို ရွင္းရွင္းလင္းလင္း မသိရွိရေသးေၾကာင္းသိရသည္။ Palawan ကြၽန္း ေျမာက္ဘက္ကမ္း႐ိုးတန္းရွိ  Casian ကြၽန္း အနီးတြင္လည္း ေရနံမ်ားကိုေတြ႕ရွိခဲ့ေၾကာင္း ဖိလစ္ပိုင္ကမ္းေျခေစာင့္တပ္ဖြဲ႕မ်ားက မတ္လ(၁ဝ)ရက္တြင္ ေျပာၾကားခဲ့သည္။ Casian ကြၽန္းသည္ ေရနံတင္သေဘၤာနစ္ျမဳပ္ရာေနရာ၏ အေနာက္ေတာင္ဘက္ ကီလိုမီ တာ(၃၅ဝ)ခန႔္အကြာတြင္ ရွိေၾကာင္းလည္းသိရသည္။


ဖိလစ္ပိုင္အာဏာပိုင္မ်ားသည္ ေထာင္ႏွင့္ခ်ီေသာ ငါးဖမ္းသမားမ်ားကို ငါးဖမ္းခြင့္ျပဳခ်ိန္မွသာ ပင္လယ္ျပင္တြင္ သြားေရာက္ငါးဖမ္းရန္ႏွင့္ အႏၲရာယ္ကင္းသည္ဆိုေသာ ေၾကညာခ်က္ မထုတ္ျပန္ခင္အခ်ိန္အထိ ကမ္းေျခတြင္သာ ေနထိုင္ရန္ အမိန႔္ေပးထားေၾကာင္းသိရသည္။ ထို႔ျပင္ ကမ္း႐ိုးတန္းမ်ားတြင္ေနထိုင္သူမ်ားကိုလည္း ေရကူးျခင္းမ်ား မျပဳလုပ္ရန္ တားျမစ္ထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရုရှားရှိ မြို့ပေါင်း (၄၂)မြို့မှာ လူသစ်စုဆောင်းမယ့် စင်တာများ ဖွင့်လှစ်သွားမယ်လို့ ရုရှားကြေးစားတပ်ဖွဲ့ပြော

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved