Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရုရှားရှိ မြို့ပေါင်း (၄၂)မြို့မှာ လူသစ်စုဆောင်းမယ့် စင်တာများ ဖွင့်လှစ်သွားမယ်လို့ ရုရှားကြေးစားတပ်ဖွဲ့ပြော

ဂျန်ဇက် (NP News) - မတ် ၁၁


ရုရှားအစိုးရတပ်ဖွဲ့များနဲ့အတူ ယူကရိန်းတပ်ဖွဲ့များကိုတိုက်ခိုက်နေတဲ့ ကြေးစားစစ်သားတပ်ဖွဲ့  Wagner က ၎င်းတို့အနေနဲ့ ရုရှားနိုင်ငံရှိ မြို့ပေါင်း ဒါဇင်ချီမှာလူသစ် စုဆောင်းရေးစင်တာများဖွင့်လှစ်သွားမှာ ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။ 


အဆိုပါရုရှားကြေးစားတပ်ဖွဲ့ဟာ Bakhmut မြို့အပါအဝင် ယူကရိန်းအရှေ့ဘက်ပိုင်းမြို့များကို ကျယ်ပြန်တဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေလုပ်ဆောင်နေကြောင်းသိရပါတယ်။ Bakhmut မြို့တိုက်ပွဲမှာ နှစ်ဖက်စလုံးဟာ ကြီးမားတဲ့ ထိခိုက်နစ်နာ ဆုံးရှုံးမှုတွေရှိနေခဲ့ကြောင်း သိရပါတယ်။


Wagner အုပ်စု အကြီးအကဲဖြစ်သူ Yevgeny Prigozhin က"  ရုရှား မြို့ပေါင်း ၄၂ မြို့မှာ ကျွန်တော်တို့အတွက် လူသစ်စုဆောင်းရေးစင်တာတွေ ဖွင့်လှစ်သွားမယ်။ ကြေးစားတိုက်ခိုက်ရေးသမားတွေ ထပ်မံခေါ်ယူဖို့  အားကစား စင်တာတွေ၊ ဘက်စုံသုံးတိုက်ခိုက်ရေးကလပ်တွေမှာ လူသစ်စုဆောင်းရေးစင်တာတွေ ဖွင့်လှစ်သွားမယ်။ ကျွန်တော်တို့ဟာ ရုရှားတပ်ဖွဲ့တွေနဲ့အတူ အခက်အခဲတွေကို ကျော်ဖြတ်သွားမှာဖြစ်တယ်"လို့ ပြောပါတယ်။


အဆိုပါအဖွဲ့ဟာ ပြီးခဲ့တဲ့လတွေက အကျဉ်းသားများကို တိုက်ပွဲအတွက် လူသစ်စုဆောင်းခဲ့ပြီး ယူကရိန်းစစ်ပွဲမှာ အသက်ရှင်ခဲ့မယ်ဆိုရင် ရုရှားနိုင်ငံကို ပြစ်ဒဏ်ခံယူစရာမလိုဘဲပြန်ခွင့်ပေးမှာဖြစ်ကြောင်း ကြေညာခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ဖိအားတွေကြောင့် ကြေးစားစစ်သားတပ်ဖွဲ့  Wagner ဟာ အကျဉ်းသားတွေကို တိုက်ပွဲမှာအသုံးချဖို့ လူသစ်စုဆောင်းခြင်းကို မကြာသေးမီက ရပ်တန့်ခဲ့ကြောင်းသိရပါတယ်။ 


ကြေးစားစစ်သားတပ်ဖွဲ့  Wagner နဲ့ ရုရှားစစ်ဘက်တို့ဟာ ယူကရိန်းစစ်ပွဲအတွင်း အငြင်းပွားမှုတွေရှိခဲ့ဖူးပြီး ရုရှားတပ်ဖွဲ့တွေက လက်နက်ခဲယမ်းများ မျှဝေပေးတာမျိုးမရှိခဲ့ကြောင်း ယခင်က ဝေဖန်ခဲ့ဖူးပါတယ်။ ရုရှားတပ်ဖွဲ့ များနဲ့အတူ ပါဝင်တိုက်ခိုက်ခြင်းကြောင့် ကြေးစားစစ်သားတပ်ဖွဲ့ Wagner ကိုအမေရိကန် နဲ့ ဥရောပသမဂ္ဂတို့က ပစ်မှတ်ထား ပိတ်ဆို့မှုများချမှတ်ထားကြောင်းသိရပါတယ်။

zawgyi version

႐ုရွားရွိ ၿမိဳ႕ေပါင္း (၄၂)ၿမိဳ႕မွာ လူသစ္စုေဆာင္းမယ့္ စင္တာမ်ား ဖြင့္လွစ္သြားမယ္လို႔ ႐ုရွားေၾကးစားတပ္ဖြဲ႕ေျပာ

ဂ်န္ဇက္ (NP News) - မတ္ ၁၁


႐ုရွားအစိုးရတပ္ဖြဲ႕မ်ားနဲ႔အတူ ယူကရိန္းတပ္ဖြဲ႕မ်ားကိုတိုက္ခိုက္ေနတဲ့ ေၾကးစားစစ္သားတပ္ဖြဲ႕  Wagner က ၎တို႔အေနနဲ႔ ႐ုရွားႏိုင္ငံရွိ ၿမိဳ႕ေပါင္း ဒါဇင္ခ်ီမွာလူသစ္ စုေဆာင္းေရးစင္တာမ်ားဖြင့္လွစ္သြားမွာ ျဖစ္ေၾကာင္း သတင္းထုတ္ျပန္လိုက္ပါတယ္။ 


အဆိုပါ႐ုရွားေၾကးစားတပ္ဖြဲ႕ဟာ Bakhmut ၿမိဳ႕အပါအဝင္ ယူကရိန္းအေရွ႕ဘက္ပိုင္းၿမိဳ႕မ်ားကို က်ယ္ျပန္တဲ့ ထိုးစစ္ဆင္တိုက္ခိုက္မႈေတြလုပ္ေဆာင္ေနေၾကာင္းသိရပါတယ္။ Bakhmut ၿမိဳ႕တိုက္ပြဲမွာ ႏွစ္ဖက္စလုံးဟာ ႀကီးမားတဲ့ ထိခိုက္နစ္နာ ဆုံးရႈံးမႈေတြရွိေနခဲ့ေၾကာင္း သိရပါတယ္။


Wagner အုပ္စု အႀကီးအကဲျဖစ္သူ Yevgeny Prigozhin က"  ႐ုရွား ၿမိဳ႕ေပါင္း ၄၂ ၿမိဳ႕မွာ ကြၽန္ေတာ္တို႔အတြက္ လူသစ္စုေဆာင္းေရးစင္တာေတြ ဖြင့္လွစ္သြားမယ္။ ေၾကးစားတိုက္ခိုက္ေရးသမားေတြ ထပ္မံေခၚယူဖို႔  အားကစား စင္တာေတြ၊ ဘက္စုံသုံးတိုက္ခိုက္ေရးကလပ္ေတြမွာ လူသစ္စုေဆာင္းေရးစင္တာေတြ ဖြင့္လွစ္သြားမယ္။ ကြၽန္ေတာ္တို႔ဟာ ႐ုရွားတပ္ဖြဲ႕ေတြနဲ႔အတူ အခက္အခဲေတြကို ေက်ာ္ျဖတ္သြားမွာျဖစ္တယ္"လို႔ ေျပာပါတယ္။


အဆိုပါအဖြဲ႕ဟာ ၿပီးခဲ့တဲ့လေတြက အက်ဥ္းသားမ်ားကို တိုက္ပြဲအတြက္ လူသစ္စုေဆာင္းခဲ့ၿပီး ယူကရိန္းစစ္ပြဲမွာ အသက္ရွင္ခဲ့မယ္ဆိုရင္ ႐ုရွားႏိုင္ငံကို ျပစ္ဒဏ္ခံယူစရာမလိုဘဲျပန္ခြင့္ေပးမွာျဖစ္ေၾကာင္း ေၾကညာခဲ့ဖူးပါတယ္။ ဒါေပမယ့္လည္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနရဲ႕ဖိအားေတြေၾကာင့္ ေၾကးစားစစ္သားတပ္ဖြဲ႕  Wagner ဟာ အက်ဥ္းသားေတြကို တိုက္ပြဲမွာအသုံးခ်ဖို႔ လူသစ္စုေဆာင္းျခင္းကို မၾကာေသးမီက ရပ္တန႔္ခဲ့ေၾကာင္းသိရပါတယ္။ 


ေၾကးစားစစ္သားတပ္ဖြဲ႕  Wagner နဲ႔ ႐ုရွားစစ္ဘက္တို႔ဟာ ယူကရိန္းစစ္ပြဲအတြင္း အျငင္းပြားမႈေတြရွိခဲ့ဖူးၿပီး ႐ုရွားတပ္ဖြဲ႕ေတြက လက္နက္ခဲယမ္းမ်ား မွ်ေဝေပးတာမ်ိဳးမရွိခဲ့ေၾကာင္း ယခင္က ေဝဖန္ခဲ့ဖူးပါတယ္။ ႐ုရွားတပ္ဖြဲ႕ မ်ားနဲ႔အတူ ပါဝင္တိုက္ခိုက္ျခင္းေၾကာင့္ ေၾကးစားစစ္သားတပ္ဖြဲ႕ Wagner ကိုအေမရိကန္ နဲ႔ ဥေရာပသမဂၢတို႔က ပစ္မွတ္ထား ပိတ္ဆို႔မႈမ်ားခ်မွတ္ထားေၾကာင္းသိရပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အရှေ့ပိုင်း DRC မှာ ပဋိပက္ခများ ပိုဆိုးလာခြင်းကြောင့် သိန်းနှင့်ချီသောအရပ်သားများ တိမ်းရှောင်ထွက်ပြေးနေရ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved