Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာနိုင်ငံမှာ ၂ဝ၂၂ ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်မှုများကို PDF၊ CDF နဲ့ KNDF လက်နက်ကိုင်အဖွဲ့တို့က အများဆုံးကျူးလွန်ခဲ့ကြောင်း အမေရိကန်အစိုးရ ဆို

ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၄ 

မြန်မာနိုင်ငံမှာ၂ဝ၂၂ ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုများကို  PDF၊ CDF နဲ့ KNDF လက်နက်ကိုင်အဖွဲ့တို့ အများဆုံးကျူးလွန်ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ Annex of Statistical Information အချက်အလက်များအရ သိရပါတယ်။


အဆိုပါအဖွဲ့ဟာ ကမ္ဘာတဝန်းရှိ နိုင်ငံများကို လေ့လာစောင့်ကြည့်ခဲ့ပြီးနောက် ၂ဝ၂၂ ခုနှစ်အတွင်း ကမ္ဘာနိုင်ငံတွေထဲ အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်ပွားမှု အများဆုံးဖြစ်ပွားခဲ့တဲ့နိုင်ငံတွေစာရင်းကို ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံက ထိပ်ဆုံး ၁ဝ နိုင်ငံစာရင်းထဲမှာ ပါဝင်နေတယ်လို့ Annex of Statistical Information က ထုတ်ပြန်တဲ့အချက် အလက်များအရ သိရပါတယ်။ 

၂ဝ၂၂ ခုနှစ်အတွင်း ကမ္ဘာနိုင်ငံတွေထဲ အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်ပွားမှုအများဆုံးနိုင်ငံတွေရဲ့ထိပ်ဆုံး ၁ဝ နိုင်ငံ စာရင်းမှာ မြန်မာနိုင်ငံက ကမ္ဘာ့အဆင့် ၈ နေရာမှာ ရပ်တည်နေပြီး  ကွန်ဂို၊ ဆီးရီးယား၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ အိန္ဒိယ၊ အီရတ်၊ ယီမင်၊ မြန်မာ၊ ဘာကီနာဖာဆို၊ ဆိုမာလီယာနိုင်ငံတို့က အစဉ်လိုက်ရပ်တည်နေကြောင်း သိရပါတယ်။


မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်ခံရမှုအရေအတွက်ဟာ ၂ဝ၁၈ ခုနှစ် နောက်ပိုင်းကတည်းက တစ်ဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး ၂ဝ၂၂ ခုနှစ်အတွင်းမှာ အကြမ်းဖက်တိုက်ခိုက်ခံရမှု ၃၉၁ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။


ဒါ့အပြင် မြန်မာနိုင်ငံဟာ ၂ဝ၂၂ ခုနှစ်အတွင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် လူသေဆုံးမှု အများဆုံးထိပ်ဆုံး နိုင်ငံတွေထဲမှာ ကမ္ဘာ့အဆင့် ၃ နေရာမှာ ရပ်တည်နေကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက် တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၂ဝ၂၁ ခုနှစ်က ၁ဝ၅၂ ဦးရှိခဲ့ပြီး၊ ၂ဝ၂၂ ခုနှစ်မှာ ၂၁၃ဝ ဦး ရှိခဲ့ ကြောင်း Annex of Statistical Information အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်အတွင်း အကြမ်းဖက်တိုက်ခိုက်ခံရမှု ၃၉၁ ကြိမ် ဖြစ်ပွားခဲ့ပြီး ၂၁၃ဝ ဦး သေဆုံးခဲ့ ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမှာ ၂ဝ၂၂ ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုအားလုံးရဲ့ ၅ဝ ရာခိုင်နှုန်းကျော်ကို PDF လက်နက်ကိုင်အဖွဲ့က ကျူးလွန်ခဲ့တာဖြစ်ကြောင်း အဆိုပါအဖွဲ့က ဖော်ပြထားပါတယ်။ 


PDF လက်နက်ကိုင်အဖွဲ့ဟာ ၂ဝ၂၂ ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေအနက် ၁၉၈ ကြိမ်ကို ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ 

ဒါ့အပြင် ချင်းလက်နက်ကိုင်အဖွဲ့ဟာ ၂ဝ၂၂ ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုအားလုံးရဲ့ ၇ ရာခိုင်နှုန်းကို ကျူးလွန်ခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်မှုပေါင်း ၂၉ ကြိမ် လုပ်ဆောင်ခဲ့ပြီး ကရင်နီလက်နက်ကိုင်အဖွဲ့ (KNDF) အဖွဲ့က အကြမ်းဖက်တိုက်ခိုက်မှုအကြိမ်ရေ ၂၇ ကြိမ်ရှိခဲ့ကြောင်း Annex of Statistical Information အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။


၂ဝ၂၂ ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်မှုအားလုံးရဲ့ ၅၈ ရာခိုင်နှုန်းက တပ်မတော်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အခြား ၁၅ ရာခိုင်နှုန်းက တပ်မတော်နဲ့ဆက်နွယ်တဲ့သူတွေကို ကျူးလွန်ခြင်းဖြစ်ပြီး ၉ ရာခိုင်နှုန်းက ပြည်သူတွေကို ကျူးလွန်ခဲ့ခြင်းမျိုးဖြစ်ကြောင်း သိရပါတယ်။ 

၂ဝ၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုများအနက် စစ်ကိုင်းတိုင်းဒေသကြီးမှာ အများဆုံးဖြစ်ပွားခဲ့ပြီး၊ စစ်ကိုင်းဒေသကြီးမှာ အကြမ်းဖက်တိုက်ခိုက်မှုအကြိမ်ပေါင်း ၁ဝ၇ ကြိမ် ဖြစ်ပွားခဲ့ကာ ရန်ကုန်တိုင်းဒေသကြီးမှာ ၄၂ ကြိမ်၊ ကချင်ပြည်နယ်မှာ ၃၆ ကြိမ်ဖြစ်ပွားခဲ့ကြောင်း Annex of Statistical Information အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လာမည့်နှစ်မှစတင်၍ ဗိုလ်တထောင်စေတီတော်၌ နိုင်ငံခြားသားများ၏ ဧည့်ဝင်ကြေးတိုးမြှင့်ကောက်ခံမည်

RELATED POSTS
RECENT POSTS
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved