Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကညနရုံး၌ ပွဲစားလုပ်သော မိသားစုဝင်(၃)ဦး ဆိုင်ကယ်မောင်းနှင်လာစဉ် သေနတ်ဖြင့် အနီးကပ်ပစ်သတ်ခံခဲ့ရပြီး (၃)နှစ်အရွယ်ကလေးငယ် အသက်ရှင်ကျန်ခဲ့

NP News - မတ် ၁၁


ကညနရုံး၌ ပွဲစားလုပ်သော မိသားစုဝင်(၃)ဦး ဆိုင်ကယ်မောင်းနှင်လာစဉ်အချိန် သေနတ်ဖြင့် အနီးကပ် ပစ်သတ်ခံခဲ့ရပြီး (၃)နှစ်အရွယ် ကလေးငယ်တစ်ဦး အသက်ရှင်ကျန်ခဲ့ကြောင်း သတင်းရရှိသည်။


ဖြစ်စဉ်မှာ ယနေ့(မတ်လ ၁၁ ရက်)၊ နံနက် ၈ နာရီအချိန်ခန့်တွင် မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ် ၁၁၆ A လမ်းတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


ကညနရုံး၌ လူလိုင်စင်၊ ဆိုင်ကယ်လိုင်စင်တို့အား အကျိုးဆောင်ဆောင်ရွက်ပေးသည့် ပွဲစားများဖြစ်သော ကိုသိန်းသန်းစိုး နှင့် ၎င်း၏ဇနီးဖြစ်သူ မပုံပုံအပါအဝင် (၃)နှစ်အရွယ် ၎င်းတို့၏ကလေးငယ်တို့သည် ဆိုင်ကယ်မောင်းနှင်နေစဉ်အချိန်၌ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွားရာနေရာရှိ သတင်းအရင်းအ မြစ်တစ်ဦးက NP News ကို ပြောသည်။


ထိုသို့ မိသားစုဝင်(၃)ဦး ဆိုင်ကယ်မောင်းနှင်နေစဉ်အချိန်တွင် နောက်မှဆိုင်ကယ်တစ်စီးဖြင့် လိုက်ပါလာသည့် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် အနီးကပ်ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြော သည်။


“ပစ်ပြီးတော့ ဆိုင်ကယ်ပါ ယူသွားတာ။ သူတို့ လင်မယားနှစ်ယောက်လုံးက ကညနရုံးမှာ လူလိုင်စင်၊ ဆိုင်ကယ်လိုင်စင် သက်တမ်းတိုးတာ လုပ်ပေးတဲ့သူတွေပါ။ ပွဲစားပါ။ နိုင်ငံရေးနဲ့ဆက်နွယ်မှု ဘာမှမရှိပါဘူး။ ဒီကလေးက အေးအေးဆေးဆေးပဲနေတာ” ဟု အခင်းဖြစ်ပွားရာနေရာရှိ သတင်းအရင်းအမြစ်က ပြောသည်။


၎င်းကဲ့သို့ သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံရမှုကြောင့် ကိုသိန်းသန်းစိုးနှင့် မပုံပုံတို့တွင် ဦးခေါင်း၌ ကျည်ဖောက်ဝင်ဒဏ်ရာများရရှိခဲ့ကာ နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း အထက်ပါသတင်းအရင်းအမြစ်က ဆိုသည်။


သို့သော် ၎င်းတို့၏ (၃)နှစ်အရွယ်ကလေးတစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ အသက်ရှင်ကျန်ရစ်ခဲ့ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။


သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့သော ကိုသိန်းသန်းစိုးနှင့် မပုံပုံတို့သည် အသက်(၂၃)နှစ်အရွယ်သာရှိသေးပြီး လင်မယားနှစ်ဦးလုံးမှာ ကနညရုံး၌ ပွဲစားအလုပ်ဖြင့် လုပ်ကိုင်စားသောက်သူများသာဖြစ်ကြောင်း သိရသည်။


ထိုသို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လမ်းပေါ်၌ သေဆုံးနေသည့် ကိုသိန်းသန်းစိုးနှင့် ၎င်း၏ဇနီး မပုံပုံတို့ကို မှတ်တမ်းရိုက်ယူထားသော ဗီဒီယိုဖိုင်တစ်ခုမှာလည်း လူမှုကွန်ယက်စာမျက်နှာများ၌ ပျံနှံ့လျက်ရှိနေသည်ကို တွေ့ရသည်။


အဆိုပါ ဗီဒီယိုဖိုင်၌ အခင်းဖြစ်ပွားရာနေရာအနီးတွင် ကိုသိန်းသန်းစိုးနှင့် မပုံပုံတို့၏ ရုပ်အလောင်းအနီးတွင် အော်ဟစ်ငိုကြွေးနေသည့် မိသားစုဝင်များကိုလည်း စိတ်မကောင်းဖွယ်တွေ့ရှိခဲ့ရသည်။


မြန်မာနိုင်ငံ၌ (၂)နှစ်တာကာလကျော်အတွင်း အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသည့် အပြစ်မဲ့ပြည်သူဦးရေသည် (၅ဝဝဝ)ကျော်အထိရှိနေပြီဖြစ်ကြောင်း သိရသည်။

zawgyi version

ကညန႐ုံး၌ ပြဲစားလုပ္ေသာ မိသားစုဝင္(၃)ဦး ဆိုင္ကယ္ေမာင္းႏွင္လာစဥ္ ေသနတ္ျဖင့္ အနီးကပ္ပစ္သတ္ခံခဲ့ရၿပီး (၃)ႏွစ္အ႐ြယ္ကေလးငယ္ အသက္ရွင္က်န္ခဲ့


NP News - မတ္ ၁၁


ကညန႐ုံး၌ ပြဲစားလုပ္ေသာ မိသားစုဝင္(၃)ဦး ဆိုင္ကယ္ေမာင္းႏွင္လာစဥ္အခ်ိန္ ေသနတ္ျဖင့္ အနီးကပ္ ပစ္သတ္ခံခဲ့ရၿပီး (၃)ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦး အသက္ရွင္က်န္ခဲ့ေၾကာင္း သတင္းရရွိသည္။


ျဖစ္စဥ္မွာ ယေန႔(မတ္လ ၁၁ ရက္)၊ နံနက္ ၈ နာရီအခ်ိန္ခန႔္တြင္ မႏၲေလးတိုင္း၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ သင္ပန္းကုန္းရပ္ ၁၁၆ A လမ္းတြင္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။


ကညန႐ုံး၌ လူလိုင္စင္၊ ဆိုင္ကယ္လိုင္စင္တို႔အား အက်ိဳးေဆာင္ေဆာင္႐ြက္ေပးသည့္ ပြဲစားမ်ားျဖစ္ေသာ ကိုသိန္းသန္းစိုး ႏွင့္ ၎၏ဇနီးျဖစ္သူ မပုံပုံအပါအဝင္ (၃)ႏွစ္အ႐ြယ္ ၎တို႔၏ကေလးငယ္တို႔သည္ ဆိုင္ကယ္ေမာင္းႏွင္ေနစဥ္အခ်ိန္၌ ပစ္ခတ္ခံရျခင္းျဖစ္ေၾကာင္း အခင္းျဖစ္ပြားရာေနရာရွိ သတင္းအရင္းအ ျမစ္တစ္ဦးက NP News ကို ေျပာသည္။


ထိုသို႔ မိသားစုဝင္(၃)ဦး ဆိုင္ကယ္ေမာင္းႏွင္ေနစဥ္အခ်ိန္တြင္ ေနာက္မွဆိုင္ကယ္တစ္စီးျဖင့္ လိုက္ပါလာသည့္ အမ်ိဳးသားႏွစ္ဦးက ေသနတ္ျဖင့္ အနီးကပ္ပစ္သတ္ခဲ့ျခင္းျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာ သည္။


“ပစ္ၿပီးေတာ့ ဆိုင္ကယ္ပါ ယူသြားတာ။ သူတို႔ လင္မယားႏွစ္ေယာက္လုံးက ကညန႐ုံးမွာ လူလိုင္စင္၊ ဆိုင္ကယ္လိုင္စင္ သက္တမ္းတိုးတာ လုပ္ေပးတဲ့သူေတြပါ။ ပြဲစားပါ။ ႏိုင္ငံေရးနဲ႔ဆက္ႏြယ္မႈ ဘာမွမရွိပါဘူး။ ဒီကေလးက ေအးေအးေဆးေဆးပဲေနတာ” ဟု အခင္းျဖစ္ပြားရာေနရာရွိ သတင္းအရင္းအျမစ္က ေျပာသည္။


၎ကဲ့သို႔ ေသနတ္ျဖင့္ အနီးကပ္ပစ္ခတ္ခံရမႈေၾကာင့္ ကိုသိန္းသန္းစိုးႏွင့္ မပုံပုံတို႔တြင္ ဦးေခါင္း၌ က်ည္ေဖာက္ဝင္ဒဏ္ရာမ်ားရရွိခဲ့ကာ ေနရာတြင္ပင္ ေသဆုံးသြားခဲ့ေၾကာင္း အထက္ပါသတင္းအရင္းအျမစ္က ဆိုသည္။


သို႔ေသာ္ ၎တို႔၏ (၃)ႏွစ္အ႐ြယ္ကေလးတစ္ဦးမွာ ထိခိုက္ဒဏ္ရာရရွိမႈမရွိဘဲ အသက္ရွင္က်န္ရစ္ခဲ့ေၾကာင္းလည္း ၎က ဆက္လက္ေျပာသည္။


ေသနတ္ျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ ေသဆုံးခဲ့ေသာ ကိုသိန္းသန္းစိုးႏွင့္ မပုံပုံတို႔သည္ အသက္(၂၃)ႏွစ္အ႐ြယ္သာရွိေသးၿပီး လင္မယားႏွစ္ဦးလုံးမွာ ကနည႐ုံး၌ ပြဲစားအလုပ္ျဖင့္ လုပ္ကိုင္စားေသာက္သူမ်ားသာျဖစ္ေၾကာင္း သိရသည္။


ထိုသို႔ ပစ္ခတ္မႈျဖစ္ပြားၿပီးေနာက္ လမ္းေပၚ၌ ေသဆုံးေနသည့္ ကိုသိန္းသန္းစိုးႏွင့္ ၎၏ဇနီး မပုံပုံတို႔ကို မွတ္တမ္း႐ိုက္ယူထားေသာ ဗီဒီယိုဖိုင္တစ္ခုမွာလည္း လူမႈကြန္ယက္စာမ်က္ႏွာမ်ား၌ ပ်ံႏွံ႔လ်က္ရွိေနသည္ကို ေတြ႕ရသည္။


အဆိုပါ ဗီဒီယိုဖိုင္၌ အခင္းျဖစ္ပြားရာေနရာအနီးတြင္ ကိုသိန္းသန္းစိုးႏွင့္ မပုံပုံတို႔၏ ႐ုပ္အေလာင္းအနီးတြင္ ေအာ္ဟစ္ငိုေႂကြးေနသည့္ မိသားစုဝင္မ်ားကိုလည္း စိတ္မေကာင္းဖြယ္ေတြ႕ရွိခဲ့ရသည္။


ျမန္မာႏိုင္ငံ၌ (၂)ႏွစ္တာကာလေက်ာ္အတြင္း အၾကမ္းဖက္သတ္ျဖတ္ခံခဲ့ရသည့္ အျပစ္မဲ့ျပည္သူဦးေရသည္ (၅ဝဝဝ)ေက်ာ္အထိရွိေနၿပီျဖစ္ေၾကာင္း သိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လက်ဖက်ခြောက်အိတ်များဖြင့် ထုတ်ပိုးကာ ပြည်ပသို့သိုဝှက်သယ်ဆောင်သွားမည့် ငွေကျပ်(၃၀)ဘီလျံ တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းဆီးရမိ

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved