Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပြည်မြို့သို့ ဘုရားပင့်ရန် သွားသည့်ကား ယာဥ်တိုက်မှုဖြစ်ပွားခဲ့ရာ သံဃာ(၂)ပါးအပါအဝင် (၂ဝ)ဦးထက်မနည်း ထိခိုက်ဒဏ်ရာများရရှိ

NP News - မတ် ၁၁


ပြည်မြို့သို့ ဘုရားပင့်ရန်သွားသည့်ကား ယာဥ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။


ဖြစ်စဥ်မှာ ‌ယနေ့(မတ်လ ၁၁ ရက်) ၊ နံနက်(၇)နာရီအချိန်ခန့်တွင် ရန်ကုန်-ပြည်ကားလမ်းပေါ်ရှိ မင်းလှမြို့နယ် မိုင်တိုင်အမှတ် (၉၈/၉၉)ကြားတွင် ယာဥ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း ဓမ္မဝိဇေယလူမှုကူညီရေးအသင်းထံမှ သိရသည်။


“‌ကားပေါ်မှာက သံဃာ(၂)ပါးလည်း ပါတယ်။ အကုန်လုံးဆိုရင်တော့ (၂၅)ယောက်လောက်တော့ရှိပါတယ်။ သူတို့က ရန်ကုန်ကနေ ပြည်မြို့မှာ ဘုရားပင့်ဖို့ဆိုပြီး လာကြတာပေါ့။ မိုင်တိုင်(၉၈/၉၉)ကြား ရောက်တော့ ရွာနှစ်ရွာကြားမှာရပ်ထားတဲ့ ကားကို နောက်ကနေဝင်တိုက်လိုက်တာပါ။ သံဃာ(၂)ပါးကတော့ ကားထဲမှာညပ်နေခဲ့တာ၊ ကားကတော့ light truck ပါပဲ” ဟု ဓမ္မဝိဇေယလူမှုကူညီရေးအသင်းမှ NP News ကိုအတည်ပြု ပြောဆိုထားသည်။


အဆိုပါ ကားပေါ်တွင် သံဃာ(၂)ပါး အပါအဝင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း(၂၅)ဦးခန့် လိုက်ပါလာပြီး ယာဥ်တိုက်မှုကြောင့် (၂ဝ)ဦးခန့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။


ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား လူမှုကူညီရေးအသင်းများမှ မင်းလှဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ၎င်းမှ တစ်ဆင့် သံဃာတော်(၂)ပါးအပါအဝင် အမျိုးသား(၄)နှင့် အမျိုးသမီး(၁)ဦး စုစုပေါင်း(၅)ဦးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။


ထို့ပြင် အမျိုးသား(၃)ဦးနှင့် အမျိုးသမီး(၃)ဦး စုစုပေါင်း(၆)ဦးကိုလည်း သာယာဝတီခရိုင်ဆေးရုံသို့ လွှဲပြောင်းပေးခဲ့ကြောင်း ဓမ္မဝိဇေယလူမှုကူညီရေးအသင်းမှ ဆိုသည်။


“ရန်ကုန်ဆေးရုံကြီးကို (၅)ဦးလွှဲပါတယ်၊ သာယာဝတီခရိုင်ဆေးရုံကိုတော့ (၆)ဦးပေါ့ ကျန်တဲ့သူတွေက ပွန်းပဲ့ဒဏ်ရာ လောက်ပဲရတာပါ။ လွှဲလိုက်တဲ့သူတွေကလည်း အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိပါဘူး။ နံရိုးကျိုးတာတို့၊ နံရိုးအက်တာတို့ပဲဖြစ်တာပါ။ ဦးခေါင်းတွေဘာတွေထိတာမရှိဘူး။ သံဃာတော် (၂)ပါးကလည်း ခြေထောက်တွေပဲ ထိသွားကြတာ” ဟု ၎င်းက ဆက်လက်ပြောဆိုထားသည်။


အဆိုပါ ဖြစ်စဥ်အား မင်းလှမြို့နယ်လူမှုကူညီရေးအသင်း နှင့် ဓမ္မဝိဇေယလူမှုကူညီရေးအသင်း အပါအဝင် စုစုပေါင်း လူမှုကူညီရေးအသင်း (၁၂)သင်းမှ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

zawgyi version

ျပည္ၿမိဳ႕သို႔ ဘုရားပင့္ရန္ သြားသည့္ကား ယာဥ္တိုက္မႈျဖစ္ပြားခဲ့ရာ သံဃာ(၂)ပါးအပါအဝင္ (၂ဝ)ဦးထက္မနည္း ထိခိုက္ဒဏ္ရာမ်ားရရွိ


NP News - မတ္ ၁၁


ျပည္ၿမိဳ႕သို႔ ဘုရားပင့္ရန္သြားသည့္ကား ယာဥ္တိုက္မႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။


ျဖစ္စဥ္မွာ ‌ယေန႔(မတ္လ ၁၁ ရက္) ၊ နံနက္(၇)နာရီအခ်ိန္ခန႔္တြင္ ရန္ကုန္-ျပည္ကားလမ္းေပၚရွိ မင္းလွၿမိဳ႕နယ္ မိုင္တိုင္အမွတ္ (၉၈/၉၉)ၾကားတြင္ ယာဥ္တိုက္မႈျဖစ္ပြားခဲ့ေၾကာင္း ဓမၼဝိေဇယလူမႈကူညီေရးအသင္းထံမွ သိရသည္။


“‌ကားေပၚမွာက သံဃာ(၂)ပါးလည္း ပါတယ္။ အကုန္လုံးဆိုရင္ေတာ့ (၂၅)ေယာက္ေလာက္ေတာ့ရွိပါတယ္။ သူတို႔က ရန္ကုန္ကေန ျပည္ၿမိဳ႕မွာ ဘုရားပင့္ဖို႔ဆိုၿပီး လာၾကတာေပါ့။ မိုင္တိုင္(၉၈/၉၉)ၾကား ေရာက္ေတာ့ ႐ြာႏွစ္႐ြာၾကားမွာရပ္ထားတဲ့ ကားကို ေနာက္ကေနဝင္တိုက္လိုက္တာပါ။ သံဃာ(၂)ပါးကေတာ့ ကားထဲမွာညပ္ေနခဲ့တာ၊ ကားကေတာ့ light truck ပါပဲ” ဟု ဓမၼဝိေဇယလူမႈကူညီေရးအသင္းမွ NP News ကိုအတည္ျပဳ ေျပာဆိုထားသည္။


အဆိုပါ ကားေပၚတြင္ သံဃာ(၂)ပါး အပါအဝင္ အမ်ိဳးသား၊ အမ်ိဳးသမီး စုစုေပါင္း(၂၅)ဦးခန႔္ လိုက္ပါလာၿပီး ယာဥ္တိုက္မႈေၾကာင့္ (၂ဝ)ဦးခန႔္ ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။


ထိခိုက္ဒဏ္ရာရရွိခဲ့သူမ်ားအား လူမႈကူညီေရးအသင္းမ်ားမွ မင္းလွေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး ၎မွ တစ္ဆင့္ သံဃာေတာ္(၂)ပါးအပါအဝင္ အမ်ိဳးသား(၄)ႏွင့္ အမ်ိဳးသမီး(၁)ဦး စုစုေပါင္း(၅)ဦးကို ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ လႊဲေျပာင္းေပးခဲ့ေၾကာင္း သိရသည္။


ထို႔ျပင္ အမ်ိဳးသား(၃)ဦးႏွင့္ အမ်ိဳးသမီး(၃)ဦး စုစုေပါင္း(၆)ဦးကိုလည္း သာယာဝတီခ႐ိုင္ေဆး႐ုံသို႔ လႊဲေျပာင္းေပးခဲ့ေၾကာင္း ဓမၼဝိေဇယလူမႈကူညီေရးအသင္းမွ ဆိုသည္။


“ရန္ကုန္ေဆး႐ုံႀကီးကို (၅)ဦးလႊဲပါတယ္၊ သာယာဝတီခ႐ိုင္ေဆး႐ုံကိုေတာ့ (၆)ဦးေပါ့ က်န္တဲ့သူေတြက ပြန္းပဲ့ဒဏ္ရာ ေလာက္ပဲရတာပါ။ လႊဲလိုက္တဲ့သူေတြကလည္း အသက္အႏၲရာယ္ေတာ့ စိုးရိမ္စရာမရွိပါဘူး။ နံ႐ိုးက်ိဳးတာတို႔၊ နံ႐ိုးအက္တာတို႔ပဲျဖစ္တာပါ။ ဦးေခါင္းေတြဘာေတြထိတာမရွိဘူး။ သံဃာေတာ္ (၂)ပါးကလည္း ေျခေထာက္ေတြပဲ ထိသြားၾကတာ” ဟု ၎က ဆက္လက္ေျပာဆိုထားသည္။


အဆိုပါ ျဖစ္စဥ္အား မင္းလွၿမိဳ႕နယ္လူမႈကူညီေရးအသင္း ႏွင့္ ဓမၼဝိေဇယလူမႈကူညီေရးအသင္း အပါအဝင္ စုစုေပါင္း လူမႈကူညီေရးအသင္း (၁၂)သင္းမွ ကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကညနရုံး၌ ပွဲစားလုပ်သော မိသားစုဝင်(၃)ဦး ဆိုင်ကယ်မောင်းနှင်လာစဉ် သေနတ်ဖြင့် အနီးကပ်ပစ်သတ်ခံခဲ့ရပြီး (၃)နှစ်အရွယ်ကလေးငယ် အသက်ရှင်ကျန်ခဲ့

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved