နိုင်ငံသားကျောက်မျက်ရတနာ လုပ်ငန်းရှင်များသာတက်ရောက်ခွင့်ရမည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်၌ (၁)ပတ်ကြာကျင်းပမည်
ယွန်း (NP News) - မတ် ၁၁
(၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်တွင် (၁)ပတ်ကြာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီက ပြီးခဲ့သည့် ရက်ပိုင်းက အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက် ရတနာပြပွဲ ဗဟိုကော်မတီသည် (၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြပွဲကို နေပြည်တော်တွင် မတ်လ(၁၇)ရက်မှ (၂၃)ရက်အထိ တစ်ပတ်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရတနာပြပွဲတွင် မြန်မာနိုင်ငံမှ ထွက်ရှိသော ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများကို တင်ပြရောင်းချသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြပွဲတွင် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေနှင့်အညီ ခွင့်ပြုမိန့်ရယူပြီး ကျောက်မျက်ရတနာများ တူးဖော် ထုတ်လုပ်ခြင်းများ ဆောင်ရွက်နေသည့် နိုင်ငံသားကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အပါအဝင် လိုင်စင်ရယူပြီး ကျောက်မျက်ရတနာရောင်းဝယ်ခြင်းများ ဆောင်ရွက်နေသည့် နိုင်ငံသားကျောက်မျက် ရတနာလုပ်ငန်းရှင်များကို သတ်မှတ်ချက်များနှင့်အညီ တက်ရောက်ဝယ်ယူခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။
zawgyi version
ယွန်း (NP News) - မတ် ၁၁
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွှေ့ပြောင်းသွားလာမှုများကို ရပ်တန့်ရန် ဗြိတိန်နှင့်ပြင်သစ်တို့ ပူးပေါင်းဆောင်ရွက်ဖို့သဘောတူ
RELATED POSTS
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2024 | စီးပွားရေး,ပြည်တွင်း
12 Sep 2024 | စီးပွားရေး,ပြည်တွင်း
07 Sep 2024 | စီးပွားရေး,ပြည်တွင်း