Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရွှေ့ပြောင်းသွားလာမှုများကို ရပ်တန့်ရန် ဗြိတိန်နှင့်ပြင်သစ်တို့ ပူးပေါင်းဆောင်ရွက်ဖို့သဘောတူ

Pika (NP News) - မတ် ၁၁


ဗြိတိန်သည် ရေလက်ကြားကိုဖြတ်၍ လှေငယ်ဖြင့်သွားလာနေသော ရွှေ့ပြောင်းနေထိုင်သူများကို ရပ်တန့်ရန် ပြင်သစ်မြေပေါ်တွင် ကင်းလှည့်မှုများ၊ ဒရုန်းများအသုံးပြုမှု နှင့် ထိန်းသိမ်းရေးစခန်းတစ်ခုတို့ကိုပံ့ပိုးရန်အတွက် သုံးနှစ်အတွင်း ပြင်သစ်နိုင်ငံကို အမေရိကန်ဒေါ်လာ(၅၇၇)သန်းပေးချေမည့် သဘောတူညီချက်အသစ်ကို သဘောတူညီခဲ့ကြောင်းလည်း သိရသည်။


ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံ နှုတ်ထွက်ခြင်းနှင့်ပတ်သက်ပြီး နှစ်ပေါင်းများစွာ အငြင်းအခုံများဖြစ်ပွားပြီးနောက် ပြင်သစ် နှင့် ဗြိတိန်နိုင်ငံကြား ဆက်ဆံရေးများပြန်လည်တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် ထိပ်သီးအစည်းအဝေးတစ်ခုကိုကျင်းပခဲ့ကြောင်းလည်းသိရသည်၊၊ အဆိုပါအစည်းအဝေးတွင် ပြင်သစ်သမ္မတမက်ခရွန်သည် နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနီးကပ်စွာလုပ်ဆောင်ရန် ဗြိတိန်ဝန်ကြီးချုပ် ဆူနက်နှင့် သဘောတူညီခဲ့ကြောင်းလည်းသိရသည်။


ဗြိတိန်နိုင်ငံသည် ဥရောပသမဂ္ဂမှနှုတ်ထွက်ခဲ့ခြင်းကြောင့် တင်းမာမှုများရှိခဲ့ဖူးကြောင်း ပြင်သစ်သမ္မတမက်ခရွန်က ပြောကြားခဲ့သည်။ ဗြိတိန်နှင့်ပြင်သစ်နိုင်ငံကြား ဆက်ဆံရေးအသစ်များ ပြန်လည်တည် ဆောက်ရန်အတွက် အချိန်ကျလာပြီဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ဆူနက်ကလည်း ပြောကြားခဲ့သည်။


ဆူနက်က "ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ကျွန်တော်တို့နှစ်နိုင်ငံကြားဆက်ဆံရေးနဲ့ပတ်သက်ပြီး စိန်ခေါ်မှုတွေရှိခဲ့ပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ရဲ့ပူးပေါင်းဆောင်ရွက်မှုဟာ မကြုံစဖူးအဆင့်တစ်ခုကိုရောက်ရှိနေပါပြီ"ဟုပြောဆိုခဲ့သည်။


ပြီးခဲ့သည့်နှစ်တွင်  အင်္ဂလန်တောင်ဘက်ကမ်းရိုးတန်းသို့ ရွှေ့ပြောင်းနေထိုင်သူ(၄၅ဝဝဝ)ခန့် ရောက်ရှိလာခဲ့ပြီးနောက် ဆူနက်သည် ပြီးခဲ့သည့်နှစ်အောက်တိုဘာလတည်းက လှေငယ်များဖြင့် သွားလာနေသော ရွှေ့ပြောင်းနေထိုင်သူများကိုရပ်တန့်ရန် ဦးစားပေးလုပ်ဆောင်ခဲ့ကြောင်းသိရသည်။ ဆူနက်သည် ဗြိတိန်နိုင်ငံသို့ လှေငယ်များဖြင့်ရောက်ရှိလာသော ရွှေ့ပြောင်းနေထိုင်သူများကို ခိုလှုံခွင့်တောင်းခံခြင်းမှ တားမြစ်ရန်အတွက် ဥပဒေအသစ်ကို အဆိုပြုတင်သွင်းထားကြောင်းလည်းသိရသည်။


သို့သော်လည်း အာဖဂန်နစ္စတန်၊ အီရန်၊ ဆီးရီးယားနှင့် အခြားနိုင်ငံများမှရောက်ရှိလာသော ရွှေ့ပြောင်းနေထိုင်သူများ၏နောက်ကွယ်က လူကုန်ကူးမှုကွင်းဆက်များကို ဖျက်ဆီးရန်အတွက် ပြင်သစ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုများကို လိုအပ်ကြောင်းလည်းသိရသည်။ သဘောတူညီချက်အသစ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဗြိတိန်သည် ပြင်သစ်နိုင်ငံရှိ ထိန်းသိမ်းရေးစခန်းတစ်ခုကို ရန်ပုံငွေပံ့ပိုးပေးမည်ဖြစ် ကြောင်းလည်းသိရသည်။


ထို့ပြင် ပြင်သစ်သည် ကမ်းခြေများတွင်ဝန်ထမ်းများ ပိုမိုချထားပေးခြင်းနှင့် ကင်းလှည့်မှုများလုပ်ဆောင်ရန် နည်းပညာများကူညီပေးမည်ဖြစ်ကြောင်းသိရသည်၊၊ နှစ်နိုင်ငံလုံးမှ တာဝန်ရှိသူများသည် လူကုန်ကူးသူများ၏ လမ်းကြောင်းတစ်လျှောက်ရှိ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။

zawgyi version

ေ႐ႊ႕ေျပာင္းသြားလာမႈမ်ားကို ရပ္တန႔္ရန္ ၿဗိတိန္ႏွင့္ျပင္သစ္တို႔ ပူးေပါင္းေဆာင္႐ြက္ဖို႔သေဘာတူ

Pika (NP News) - မတ္ ၁၁


ၿဗိတိန္သည္ ေရလက္ၾကားကိုျဖတ္၍ ေလွငယ္ျဖင့္သြားလာေနေသာ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ားကို ရပ္တန႔္ရန္ ျပင္သစ္ေျမေပၚတြင္ ကင္းလွည့္မႈမ်ား၊ ဒ႐ုန္းမ်ားအသုံးျပဳမႈ ႏွင့္ ထိန္းသိမ္းေရးစခန္းတစ္ခုတို႔ကိုပံ့ပိုးရန္အတြက္ သုံးႏွစ္အတြင္း ျပင္သစ္ႏိုင္ငံကို အေမရိကန္ေဒၚလာ(၅၇၇)သန္းေပးေခ်မည့္ သေဘာတူညီခ်က္အသစ္ကို သေဘာတူညီခဲ့ေၾကာင္းလည္း သိရသည္။


ဥေရာပသမဂၢမွ ၿဗိတိန္ႏိုင္ငံ ႏႈတ္ထြက္ျခင္းႏွင့္ပတ္သက္ၿပီး ႏွစ္ေပါင္းမ်ားစြာ အျငင္းအခုံမ်ားျဖစ္ပြားၿပီးေနာက္ ျပင္သစ္ ႏွင့္ ၿဗိတိန္ႏိုင္ငံၾကား ဆက္ဆံေရးမ်ားျပန္လည္တည္ေဆာက္ရန္ ရည္႐ြယ္ခ်က္ျဖင့္ ထိပ္သီးအစည္းအေဝးတစ္ခုကိုက်င္းပခဲ့ေၾကာင္းလည္းသိရသည္၊၊ အဆိုပါအစည္းအေဝးတြင္ ျပင္သစ္သမၼတမက္ခ႐ြန္သည္ ႏွစ္ႏိုင္ငံၾကားပူးေပါင္းေဆာင္႐ြက္မႈမ်ား ပိုမိုနီးကပ္စြာလုပ္ေဆာင္ရန္ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ဆူနက္ႏွင့္ သေဘာတူညီခဲ့ေၾကာင္းလည္းသိရသည္။


ၿဗိတိန္ႏိုင္ငံသည္ ဥေရာပသမဂၢမွႏႈတ္ထြက္ခဲ့ျခင္းေၾကာင့္ တင္းမာမႈမ်ားရွိခဲ့ဖူးေၾကာင္း ျပင္သစ္သမၼတမက္ခ႐ြန္က ေျပာၾကားခဲ့သည္။ ၿဗိတိန္ႏွင့္ျပင္သစ္ႏိုင္ငံၾကား ဆက္ဆံေရးအသစ္မ်ား ျပန္လည္တည္ ေဆာက္ရန္အတြက္ အခ်ိန္က်လာၿပီျဖစ္ေၾကာင္း ၿဗိတိန္ဝန္ႀကီးခ်ဳပ္ဆူနက္ကလည္း ေျပာၾကားခဲ့သည္။


ဆူနက္က "ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္းမွာ ကြၽန္ေတာ္တို႔ႏွစ္ႏိုင္ငံၾကားဆက္ဆံေရးနဲ႔ပတ္သက္ၿပီး စိန္ေခၚမႈေတြရွိခဲ့ပါတယ္။ ဒီေန႔မွာေတာ့ ကြၽန္ေတာ္တို႔ရဲ႕ပူးေပါင္းေဆာင္႐ြက္မႈဟာ မႀကဳံစဖူးအဆင့္တစ္ခုကိုေရာက္ရွိေနပါၿပီ"ဟုေျပာဆိုခဲ့သည္။


ၿပီးခဲ့သည့္ႏွစ္တြင္  အဂၤလန္ေတာင္ဘက္ကမ္း႐ိုးတန္းသို႔ ေ႐ႊ႕ေျပာင္းေနထိုင္သူ(၄၅ဝဝဝ)ခန႔္ ေရာက္ရွိလာခဲ့ၿပီးေနာက္ ဆူနက္သည္ ၿပီးခဲ့သည့္ႏွစ္ေအာက္တိုဘာလတည္းက ေလွငယ္မ်ားျဖင့္ သြားလာေနေသာ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ားကိုရပ္တန႔္ရန္ ဦးစားေပးလုပ္ေဆာင္ခဲ့ေၾကာင္းသိရသည္။ ဆူနက္သည္ ၿဗိတိန္ႏိုင္ငံသို႔ ေလွငယ္မ်ားျဖင့္ေရာက္ရွိလာေသာ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ားကို ခိုလႈံခြင့္ေတာင္းခံျခင္းမွ တားျမစ္ရန္အတြက္ ဥပေဒအသစ္ကို အဆိုျပဳတင္သြင္းထားေၾကာင္းလည္းသိရသည္။


သို႔ေသာ္လည္း အာဖဂန္နစၥတန္၊ အီရန္၊ ဆီးရီးယားႏွင့္ အျခားႏိုင္ငံမ်ားမွေရာက္ရွိလာေသာ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ား၏ေနာက္ကြယ္က လူကုန္ကူးမႈကြင္းဆက္မ်ားကို ဖ်က္ဆီးရန္အတြက္ ျပင္သစ္ႏိုင္ငံ၏ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို လိုအပ္ေၾကာင္းလည္းသိရသည္။ သေဘာတူညီခ်က္အသစ္၏ တစ္စိတ္တစ္ပိုင္းအေနျဖင့္ ၿဗိတိန္သည္ ျပင္သစ္ႏိုင္ငံရွိ ထိန္းသိမ္းေရးစခန္းတစ္ခုကို ရန္ပုံေငြပံ့ပိုးေပးမည္ျဖစ္ ေၾကာင္းလည္းသိရသည္။


ထို႔ျပင္ ျပင္သစ္သည္ ကမ္းေျခမ်ားတြင္ဝန္ထမ္းမ်ား ပိုမိုခ်ထားေပးျခင္းႏွင့္ ကင္းလွည့္မႈမ်ားလုပ္ေဆာင္ရန္ နည္းပညာမ်ားကူညီေပးမည္ျဖစ္ေၾကာင္းသိရသည္၊၊ ႏွစ္ႏိုင္ငံလုံးမွ တာဝန္ရွိသူမ်ားသည္ လူကုန္ကူးသူမ်ား၏ လမ္းေၾကာင္းတစ္ေလွ်ာက္ရွိ ႏိုင္ငံမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္းလည္းသိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြည်မြို့သို့ ဘုရားပင့်ရန် သွားသည့်ကား ယာဥ်တိုက်မှုဖြစ်ပွားခဲ့ရာ သံဃာ(၂)ပါးအပါအဝင် (၂ဝ)ဦးထက်မနည်း ထိခိုက်ဒဏ်ရာများရရှိ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved