ဖိလစ်ပိုင်နိုင်ငံမှာ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီး ဆူနာမီသတိပေးချက်များ ထုတ်ပြန်ထား
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၃
ဖိလစ်ပိုင်နိုင်ငံမှာ ဒီဇင်ဘာလ၂ ရက်က အင်အားပြင်းငလျင်လှုပ်ခတ် လှုပ်ခတ်မှုကြောင့် လူပေါင်းများစွာကို ဘေးလွှတ်ရာကို ရွှေ့ပြောင်းပေးနေရကြောင်း သိရပါတယ်။
အမေရိကန်ဆူနာမီ သတိပေးချက်စင်တာက ဖိလစ်ပိုင်နဲ့ ဂျပန်နိုင်ငံတို့မှာ ငလျင်သက်ရောက်မှုကြောင့် ဒီရေ အမြင့် ၃ မီတာအထိ ရောက်ရှိလာနိုင်ကြောင်း ခန်မှန်းထားပြီး ဆူနာမီဖြစ်လာနိုင်ဖွယ်ရှိတဲ့ အခြေအနေမျိုးတွေ ရှိလာနိုင် တယ်လို့ သတိပေးချက်ထုတ်ပြန်ထားပါတယ်။
ဖိလစ်ပိုင် မီးတောင်နဲ့ ဘူမိဗေဒဆိုင်ရာဌာန ဆူနာမီဖြစ်လာနိုင်တဲ့အခြေအနေတွေလည်း ရှိလာနိုင်တဲ့အတွက် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ ဖိလစ်ပိုင် မီးတောင်နဲ့ ဘူမီဒေသဆိုင်ရာဌာန တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Phivolcs က "Surigao Del Sur ကမ်းရိုးတန်းအနီးနဲ့ Davao Oriental ဒေသက လူတွေကို ဘေးလွှတ်ရာကို အမြန်ဆုံး ရွှေ့ပြောင်းသင့်တယ်။ ပင်လယ်ထဲ ငါးဖမ်းထွက်တဲ့လှေတွေဟာ နောက်ထပ်သတိပေးချက်တွေ မရမရ ချင်း ကမ်းရိုးတန်းမှာ ငါးဖမ်းတာမျိုးမလုပ်သင့်ဘူး" လို့ ပြောပါတယ်။
အင်အားပြင်းငလျင်လှုပ်ခတ်မှုနဲ့အတူ ငလျင်ငယ်တွေလည်း လှုပ်ခတ်လာနိုင်ဖွယ်ရှိနေကြောင်း ၎င်းက သုံးသပ် ထားပါတယ်။ ဖိလစ်ပိုင်နိုင်ငံ မင်ဒါနာအိုကျွန်းမှာ ဒီဇင်ဘာ ၂ ရက်က လှုပ်ခတ်ခဲ့တဲ့ငလျင်ဟာ မြေအောက်အနက် မိုင် ၂ဝ ကို ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ကြောင်း အမေရိကန် ဘူမိဗေဒလေ့လာရေးစင်တာက သုံးသပ်ထားပါတယ်။
မင်ဒါနာကိုကျွန်းမှာ ပြင်းအား ၇ ဒသမ ၅ မဂ္ဂနီကျူအဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် မင်ဒါနာကို ကျွန်းတောင်ပိုင်းမှာ မကြာမီ ပြင်းအား ၆ ဒသမ ၄ မဂ္ဂနီကျူအဆင့်ရှိ ငလျင်တွေ နဲ့ ငလျင်ငယ်တွေလည်း ထပ်မံလှုပ်ခတ်ခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ငူ-နေပြည်တော် ရထားလမ်းပိုင်းအား မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရန် အဆင့်မြှင့်တင်နေ
RELATED POSTS
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း