အနာဂတ်မှာ လူသားဆဲလ်တွေနဲ့ဖန်တီးထားတဲ့ သက်ရှိစက်ရုပ်အသေးတွေနဲ့ ကုသမှုများ ပြုလုပ်လာနိုင်
ရောင်နီ (NSS) - ဒီဇင်ဘာ ၂
Tufts University and Harvard University ရဲ့ Wyss Institute မှ သိပ္ပံပညာရှင်တွေဟာ ကျန်းမာရေး ဓာတ်ခွဲခန်းထဲ အကူအညီပေးနိုင်မယ့် လူသားဆဲလ်တွေနဲ့ ဖန်တီးထားတဲ့ သက်ရှိစက်ရုပ်ငယ်တွေကိုဖန်တီးခဲ့ပြီး ဒဏ်ရာ သို့မဟုတ် ပျက်စီးနေတဲ့ တစ်သျှူးတွေကို လွယ်ကူမြန်ဆန်စွာ ကုသပေးနိုင်ဖို့ မျှော်လင့်ချက် တွေ့ရှိလာခဲ့ပါတယ်။
သုတေသနဟာ ပထမဆုံး အာဖရိက ဖား (Xenopus laevis) ရဲ့ ပင်မဆဲလ်များမှ သက်ရှိစက်ရုပ်များ (သို့မဟုတ်) xenobots ကို တီထွင်ခဲ့တာဖြစ်ပါတယ်။
ယင်းစက်ရုပ်တွဟာ ဆဲလ်နဲ့ပြုလုပ်ထားတာကြောင့် သက်ရှိလို့ဆိုနိုင်ပေမယ့် အပြည့်အဝသက်ရှိတော့ မဟုတ်ပါဘူး။ အဆိုပါ သုတေသနကို Advanced Science ဂျာနယ်က ကြသပတေးနေ့(နိုဝင်ဘာ ၃၀ ရက်) က ထုတ်ဝေခဲ့ပါတယ်။
သိပ္ပံပညာရှင်တွေက အသက်အရွယ်အမျိုးမျိုးနဲ့ လိင်ကွဲပြားတဲ့ အမည်မသိ အလှူရှင်တွေဆီမှ အရွယ်ရောက်ပြီးသား လူသားဆဲလ်တွေကို ထုတ်ခဲ့ပြီး စက်ရုပ်အဖြစ် တီထွင်ခဲ့ခြင်း ဖြစ်ပါတယ်။
အဆိုပါစက်ရုပ်တွေဟာ ခန္ဓာကိုယ်ထဲ လွယ်ကူစွာဝင်နိုင်ပြီး ဆဲလ်တွေနဲ့ ရောနှောနေနိုင်တာကြောင့် Covid-19 နဲ့ အဆုတ်ရောဂါဆိုင်ရာ ကုသမှုတွေအတွက် အသုံးဝင်မယ့် နည်းပညာဖြစ်လာမယ်လို့ သုတေသီတွေက ခန့်မှန်းထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စင်ကာပူ River Valley အထက်တန်းကျောင်းမှာအတန်းဖော်ကို ပုဆိန်နဲ့ ခုတ်သတ်ခဲ့တဲ့ကျောင်းသား ထောင်ဒဏ် ၁၆ နှစ် ချမှတ်ခံရ
RELATED POSTS
18 Sep 2024 | နည်းပညာ,နိုင်ငံတကာ
12 Sep 2024 | နည်းပညာ,နိုင်ငံတကာ
31 Aug 2024 | နည်းပညာ,နိုင်ငံတကာ
29 Aug 2024 | နည်းပညာ,နိုင်ငံတကာ