Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပြည်တွင်း၌ ဝယ်ယူသုံးစွဲမှုအများဆုံးဖြစ်သော စက်သုံးဆီ 92 တစ်လီတာလျှင် ငွေကျပ် (၃၄၀)အထိ ရုတ်တရက်မြင့်တက်

မြူနစ် (NSS) - ဒီဇင်ဘာ ၁

ပြည်တွင်း၌ ဝယ်ယူသုံးစွဲမှုအများဆုံးဖြစ်သော စက်သုံးဆီ 92 တစ်လီတာလျှင် ငွေကျပ် (၃၄၀)အထိ ရုတ်တရက်မြင့်တက်လာခဲ့သည်။


ယနေ့(ဒီဇင်ဘာလ ၁ ရက်)တွင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ရန်ကုန်တိုင်းအတွင်းရှိ ဆီဆိုင်များအနေဖြင့် 92 တစ်လီတာလျှင် (၂၅၁၀)ကျပ်၊ 95 တစ်လီတာလျှင် (၂၆၄၀)ကျပ်နှုန်းဖြင့် ရောင်းချရန် ရည်ညွှန်းဈေးနှုန်းသတ်မှတ်ထားသည်။

ယမန်နေ့(နိုဝင်ဘာလ ၃၀ ရက်)တွင် ရန်ကုန်တိုင်းအတွင်း၌ စက်သုံးဆီဈေးနှုန်းသည် 92 တစ်လီတာလျှင် (၂၁၇၀)ကျပ် နှင့် 95 တစ်လီတာလျှင် (၂၃၀၀)ကျပ်နှုန်းသာရှိခဲ့ပြီး ယနေ့တွင် ရုတ်တရက် ငွေကျပ် (၃၄၀)အထိ ထိုးတက်လာခဲ့ခြင်းဖြစ်သည်။

“စက်သုံးဆီဈေးက ၃၄၀ အထိ တက်လာတာဆိုတော့ တော်တော်လေးကို ပြင်းတာပေါ့။ တစ်ခါမှ အဲဒီလိုကြီး ထိုးမတက်ဖူးဘူး။ အဲဒီလို တက်ရင်တော့ ကုန်ဈေးနှုန်းတွေ၊ ဘာတွေက အကုန်လုံးလိုက်တက်မှာပေါ့။ နဂိုကမှ တက်ချင်နေကြတာလေ။ မတက်နဲ့လို့ ပြောတာတောင်မှ တအားတက်နေကြတာလေ”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက NSS ကို ပြောသည်။

ယနေ့တွင် ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များ၌ ဒီဇယ်တစ်လီတာလျှင် (၂၂၁၀)ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် (၂၃၀၅)ကျပ်ဖြင့် သတ်မှတ်ရောင်းချပေးလျက်ရှိပြီး ယမန်နေ့ထက် အနည်းငယ်သာ မြင့်တက်ခဲ့ကြောင်း တွေ့ရသည်။

လက်ရှိတွင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၌ ဥက္ကဋ္ဌအဖြစ် စွမ်းအင်ဝန်ကြီးဌာနမှ ဒုဝန်ကြီးဦးသန့်စင်က တာဝန်ယူထားပြီး ၎င်းကော်မတီကို ပြီးခဲ့သော အောက်တိုဘာလ ၁၃ ရက်တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ပြည်ပမှ တင်သွင်းသုံးစွဲနေရသည့် စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းကဏ္ဍကို ပိုမိုထိရောက်စွာ ထိန်းကျောင်းရန်နှင့် ပြည်သူများ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေး ကြီးကြပ်ကွပ်ကဲမှုများပြုလုပ်ရန်ဝန်ကြီးဌာန နှင့် ပုဂ္ဂလိက ကဏ္ဍမှ သက်ဆိုင်ရာ Stake Holder များကို ထည့်သွင်းကာ အထက်ပါကော်မတီအား ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

“ဆီဈေးတက်လာရင် ဘယ်လိုလုပ်အဆင်ပြေမလဲ။ customer အပေါ်ကို ပိုက်ဆံတိုးကောက်ဖို့ကလည်း မလွယ်ဘူးလေ။ အခုခေတ်က ဘယ်သူမှ အဆင်ပြေနေတာ မဟုတ်ဘူး။ အားလုံးအခက်အခဲတွေနဲ့ချည်ပဲ။ ဆီဈေးထပ်တက်လာရင် အကုန်လုံးက လိုက်တက်ရမှာပဲပေါ့” ဟု တက္ကစီယာဉ်မောင်းတစ်ဦးက ပြောသည်။

လက်ရှိ နစကအစိုးရလက်ထက်တွင် ဆန်ဈေးနှုန်းအပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ပုံမှန်ထက် မြင့်တက်လျက်ရှိပြီး အခြေခံပြည်သူများအတွက် အကြပ်အတည်းများ ဖြစ်ပေါ်လျက်ရှိသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မူဆယ် (၁၀၅)မိုင်ရွာရှိ စစ်ရှောင်ပြည်သူများကို သွားရောက်ကယ်ထုတ်သောကြက်ခြေနီ အသင်းကား ထပ်မံပစ်ခတ်ခံရ

RECENT POSTS
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved