၂၀၂၃ ခုနှစ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် ရွှေကြိုမောင်မယ်များခေါ်ယူနေ
ယွန်း (NSS) - နိုဝင်ဘာ ၃၀
၂၀၂၃ ခုနှစ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် ရွှေကြိုမောင်မယ်များခေါ်ယူနေကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ထုတ်ပြန်ကြေညာထားသည်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ယနေ့(နိုဝင်ဘာလ ၃၀ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးကြေညာထားခြင်းဖြစ်သည်။
နေပြည်တော်တွင် ကျင်းပမည့် (၂၀၂၃)ခုနှစ်အတွက် မြန်မာရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် အကယ်ဒမီဆုဗန်းကိုင်ဆောင်ရန် ရွှေကြိုမောင်မယ်များ ခေါ်ယူနေကြောင်း သိရသည်။
ရွှေကြိုမောင်မယ် လျှောက်ထားသူများအနေဖြင့် လာမည့် ဒီဇင်ဘာလ(၃၁)ရက်တွင် အသက်(၁၆)နှစ်ပြည့်ပြီးသူနှင့် အသက်(၂၅)နှစ် မကျော်လွန်သူဖြစ်ရန်လိုအပ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အသိပေးထားသည်။
လျှောက်လွှာများကို ဒီဇင်ဘာလ(၁)ရက်မှစ၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ အမှတ်(၁၆)၊ ဝင်္ကဘာလမ်းတွင် စတင်ထုတ်ယူနိုင်ပြီး ဒီဇင်ဘာလ(၁၅)ရက်တွင် နောက်ဆုံးထား လျှောက်ထားရန် ကြေညာချက်တွင်ဖော်ပြထားသည်။
ထို့ပြင် ရွေးချယ်ခံရသည့် ရွှေကြိုမောင်မယ်များအတွက် အနုပညာလုပ်ငန်း အစီအစဥ်များလည်း သီးခြားရှိကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ထည့်သွင်းကြေညာထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မနက်ဖြန် ဖွင့်လှစ်မည့် (၅၇)ကြိမ်မြောက် အောင်ဘာလေသိန်းဆုထီတွင် ကျပ်သန်း (၄၀၀၀)နီးပါး ချီးမြှင့်မည်
RELATED POSTS
19 Sep 2024 | အနုပညာ,နိုင်ငံတကာ
18 Sep 2024 | အနုပညာ,နိုင်ငံတကာ
17 Sep 2024 | အနုပညာ,နိုင်ငံတကာ