မနက်ဖြန် ဖွင့်လှစ်မည့် (၅၇)ကြိမ်မြောက် အောင်ဘာလေသိန်းဆုထီတွင် ကျပ်သန်း (၄၀၀၀)နီးပါး ချီးမြှင့်မည်
စော (NSS) - နိုဝင်ဘာ ၃၀
မနက်ဖြန် (ဒီဇင်ဘာလ ၁)ရက်တွင် ဖွင့်လှစ်မည့် (၅၇)ကြိမ်မြောက် အောင်ဘာလေသိန်းဆုထီတွင် ကျပ်သန်း (၄၀၀၀)နီးပါး ချီးမြှင့်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲမှ သိရသည်။
(၅၇)ကြိမ်မြောက် ကျပ် (၁၀၀၀)တန် အောင်ဘာလေသိန်းဆုထီလက်မှတ်များကို “က” အက္ခရာမှ "ဋ"အက္ခရာအထိ အက္ခရာ (၁၁)လုံးအပေါ်မှ (၇၅)ရာခိုင်နှုန်းဖြစ်သော ထီစာအုပ်ပေါင်း (၅၆၈၀၂၀)အုပ်ကို ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ထီလက်မှတ်ရောင်းရငွေသည် ငွေကျပ် (၅၆၈၀ ဒသမ ၂၀၀) သန်းဖြစ်ပြီး (၇၀)ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ် (၃၉၇၆ ဒသမ ၁၄၀)သန်းကို ထီဆုငွေအဖြစ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ (၇ဝ)ရာခိုင်နှုန်းကို ခွဲဝေချီးမြှင့်သွားမည့်အပြင် ဘဏ္ဍာသိမ်းရငွေကျပ် (၁၈၈ ဒသမ ၆၁ဝ) သန်းကိုလည်း ထည့်သွင်းချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ အောင်ဘာလေအွန်လိုင်းသိန်းဆုထီလက်မှတ်များ ရောင်းရငွေမှ (၇ဝ)ရာခိုင်နှုန်းအား ဆုမဲအဖြစ် ပြန်လည်ခွဲဝေချီးမြှင့်သွားမည်ဖြစ်သော်လည်း ချီးမြှင့်မည့်ငွေပမာဏကို ဖော်ပြထားခြင်းမရှိပေ။
(၅၇) ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် အမြင့်ဆုံးပေးအပ်ချီးမြှင့်မည့် အထူးဆုသည် ငွေကျပ်သိန်း (၅ဝဝဝ) တစ်ဆု၊ ငွေကျပ်သိန်း(၂ဝဝဝ) တစ်ဆု နှင့် ကျပ်သိန်း(၁ဝဝဝ) တစ်ဆု ဖြစ်ကြောင်း သိရသည်။
အဆိုပါအောင်ဘာလေသိန်းဆုထီဖွင့်ပွဲကို လာမည့် (ဒီဇင်ဘာလ ၁ ရက်)၊ နံနက်(၈)နာရီအချိန်တွင် ကျင်းပသွားမည်ဖြစ်ပြီး အောင်ဘာလေအွန်လိုင်းသိန်းဆုထီဖွင့်ပွဲကို နံနက် (၁ဝ)နာရီအချိန်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂ဝ၂၄ ခုနှစ်တွင် ယူကရိန်းစစ်ပွဲအပစ်အခတ်ရပ်စဲရေးက ဖြစ်လာနိုင်ဖွယ်မရှိကြောင်း ရုရှားအစိုးရပြော
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း