၂ဝ၂၄ ခုနှစ်တွင် ယူကရိန်းစစ်ပွဲအပစ်အခတ်ရပ်စဲရေးက ဖြစ်လာနိုင်ဖွယ်မရှိကြောင်း ရုရှားအစိုးရပြော
Pika (NSS) - နိုဝင်ဘာ ၃ဝ
လာမည့်နှစ်တွင် ယူကရိန်းမှာ အပစ်အခတ်ရပ်စဲရေးအတွက် အခွင့်အလမ်းများမရှိဟု မြင်မိကြောင်း ရုရှားနိုင်ငံခြားရေးဒုဝန်ကြီး Sergey Ryabkov က ထုတ်ဖော်ပြောခဲ့သည်။
ယူကရိန်းနှင့် ၎င်း၏ ကျောထောက်နောက်ခံ အနောက်အုပ်စုနိုင်ငံများသည် ရုရှားဖက်က လက်မခံနိုင်သော အနေအထားမျိုးကို ခံယူထားခြင်းကြောင့် အပစ်အခတ်ရပ်စဲရေးဖြစ်လာနိုင်ဖွယ် မရှိရခြင်းဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။
Sergey Ryabkov သည် ရုရှား နှင့် ယူကရိန်း၊ နေတိုးအဖွဲ့တို့၏ ဆက်ဆံရေးနှင့်ပတ်သက်ပြီး ၎င်း၏ သုံးသပ်ချက်များကို မျှဝေခဲ့ကြောင်းလည်း သိရသည်။ ရုရှားနှင့် ဆွေးနွေးပွဲများ လုပ်ဆောင်ရန်အတွက် ယူကရိန်းသမ္မတဇီလန်စကီးကို အမေရိကန်နိုင်ငံက တွန်းအားပေးနေသည်ဟု အနောက်အုပ်စုမီဒီယာများက ဖော်ပြထားသော်လည်း အဆိုပါလုပ်ဆောင်ချက်များမှာ အောင်မြင်နိုင်ဖွယ်မရှိကြောင်း ၎င်းက ပြောဆိုခဲ့သည်။
ထို့အပြင် လာမည့်နှစ်တွင် အပစ်အခတ်ရပ်စဲရေးကို မျှော်လင့်ခြင်းရှိ/မရှိဆိုသည့် မေးခွန်းများကို Sergey Ryabkov က ပြန်လည်တုံ့ပြန်ဖြေဆိုခဲ့ကြောင်းလည်း သိရသည်။ ၎င်းက "ကျွန်တော်တို့စစ်တပ်ရဲ့ရည်မှန်းချက်တွေဟာ အောင်မြင်လာမယ်လို့ မျှော်လင့်ထားပါတယ်" ဟု ပြောခဲ့သည်။
အမေရိကန် နှင့် ဂျာမနီနိုင်ငံတို့သည် ရုရှား နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လုပ်ဆောင်ရန်အတွက် ယူကရိန်းကို ဖိအားပေးရန် စစ်လက်နက်ပစ္စည်းများကို ခွဲတမ်းဖြင့် ပေးပို့ပေးနေကြောင်း ဂျာမနီထုတ်သတင်းစာ Bild က ပြီးခဲ့သည့်သီတင်းပတ်တွင် ဖော်ပြခဲ့သည်။
သို့သော်လည်း Bild သတင်းစာ၏ ဖော်ပြချက်များကို အမေရိကန်ဖက်က ငြင်းဆိုခဲ့ပြီး အဆိုပါကိစ္စမှာ ယူကရိန်း၏ ဆုံးဖြတ်ချက်များအပေါ်တွင်သာ မူတည်ကြောင်း ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မူဆယ် ၁၀၅ မိုင်ရှိ စစ်ဘေးရှောင်များကို သွားရောက်ခေါ်ဆောင်သည့် ပရဟိတအသင်းကား(၂)စီး သေနတ်ဖြင့်ပစ်ခတ်ခံရ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ