မြန်မာ့မီးရထားရှိ သွားလာပို့ဆောင်ရေးဌာနတွင် လစ်လပ်နေသော ဒုရုံပိုင်ရာထူးနေရာများအတွက် ဝန်ထမ်းများခေါ်ယူ
စော (NSS) - နိုဝင်ဘာ ၂၉
မြန်မာ့မီးရထားရှိ သွားလာပို့ဆောင်ရေးဌာနတွင် လစ်လပ်နေသော ဒုရုံပိုင်ရာထူးနေရာများအတွက် ဝန်ထမ်းများခေါ်ယူနေကြောင်း သိရသည်။
ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား(ရုံးချုပ်)၊ သွားလာပို့ဆောင်ရေးဌာနက ယနေ့(နိုဝင်ဘာလ ၂၉ ရက်)တွင် အထက်ပါကဲ့သို့ကြေညာထားခြင်းဖြစ်သည်။
သွားလာပို့ဆောင်ရေးဌာနမှ ဒုရုံပိုင်ရာထူး နေရာ (၄၀) ခေါ်ယူသွားမည်ဖြစ်ပြီး တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူဖြစ်ရမည်ဟု ထုတ်ပြန်ထားသည်။
လျှောက်လွှာများကို မြန်မာ့မီးရထား(ရုံးချုပ်)၊ သွားလာပို့ဆောင်ရေးဌာန၊ နေပြည်တော်ဘူတာကြီးသို့ ဒီဇင်ဘာလ ၂၉ ရက်နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်တွင် မှတ်ပုံတင်ကတ်ပြား(မူရင်း)၊ အလုပ်သမားမှတ်ပုံတင်ကတ်ပြား(မူရင်း)၊ ဆယ်တန်းအောင်လက်မှတ် (မူရင်း)၊ ဘွဲလက်မှတ်(မူရင်း)များနှင့်အတူ အထက်ပါနေရာတွင် ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။
အလားတူ စီမံကိန်းနှင့်အုပ်ချုပ်ရေးဌာန(ရုံးချုပ်)မှ အငယ်တန်းစာရေး (၁၂)နေရာ ခေါ်ယူသွားမည်ဖြစ်ပြီး အင်္ဂလိပ်စာ နှင့် ကွန်ပျူတာ တက်ကျွမ်းသူကို ဦးစားပေးခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားသူများသည် လျှောက်လွှာများကို မြန်မာ့မီးရထား(ရုံးချုပ်)၊ နေပြည်တော်၊ စီမံကိန်းနှင့်အုပ်ချုပ်ရေးဌာနတွင် ဒီဇင်ဘာလ (၂၀)ရက် နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ဒီဇင်ဘာလ ၂၇ ရက်တွင် မှတ်ပုံတင်ကတ်ပြား(မူရင်း)၊ အလုပ်သမားမှတ်ပုံတင်ကတ်ပြား(မူရင်း)၊ ပညာအရည်အချင်းနှင့် ဘာသာရပ်ဆိုင်ရာ အသိ အမှတ်ပြုလက်မှတ်အထောက်အထား (မူရင်း)များနှင့်အတူ အထက်ပါနေရာတွင် ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရေးဖြေစာမေးပွဲ၊ လူတွေ့စစ်ဆေးခြင်းနှင့်ကွန်ပျူတာကျွမ်းကျင်မှု စစ်ဆေးခြင်းများအတွက် နေပြည်တော်၊ မြန်မာ့မီရထား(ရုံးချုပ်)၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်ဘူတာကြီး၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မကွေးတိုင်းအတွင်း ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် လာရောက်လည်ပတ်မှု ယခင်နှစ်ထက် ပိုမိုတိုးတတ်လာဟု တိုင်းအစိုးရအဖွဲ့ဆို
RELATED POSTS
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း