မင်းသမီးဒိုင်ယာနာ စေ့စပ်ပွဲတုန်းက ဝတ်ဆင်ခဲ့တဲ့ ပုံတူအင်္ကျီ လေလံတင် ရောင်းချမည်
ရောင်နီ (NSS) - နိုဝင်ဘာ ၂၉
၁၉၈၁ ခုနှစ်တုန်းက ဗြိတိန်မင်းသားချားလ်နဲ့ စေ့စပ်ပွဲမှာ မင်းသမီး ဒိုင်ယာနာ ဝတ်ဆင်ခဲ့တဲ့ ပန်းရောင်ဖျော့ဖျော့ အင်္ကျီကို လာမယ့်လအတွင်း လေလံတင် ရောင်းချမှာဖြစ်ပြီး၊ ဒေါ်လာ ၁ဝဝဝဝဝ အထိ ရရှိမယ်လို့ ခန့်မှန်းထားပါ တယ်။
အဆိုပါအင်္ကျီဟာ ဒိုင်ယာနာ မင်းသားချားလ်စ် (ယခု ချားလ်ဘုရင်) နဲ့ စေ့စပ်ကြောင်းလမ်းကြောင်း ကြေညာခဲ့တဲ့ အချိန်က ဒိုင်ယာနာ ဝတ်ဆင်ခဲ့တာဖြစ်ပြီး ပန်းရောင်ဖျော့ဖျော့နဲ့ ကော်လာအောက် ပိုးဖဲပြားလေး အလှဆင်ထားတဲ့ အဲဒီအင်္ကျီဟာ Vogue အပါအဝင် မဂ္ဂဇင်းနဲ့ သတင်းစာအများအပြားမှာ ဖော်ပြခြင်း ခံခဲ့ရပါတယ်။
အဆိုပါအင်္ကျီကို ဘုရင်မကြီး အဲလိဇဘက်နဲ့ ဒိုင်ယာနာရဲ့ခမ်းနားထည်ဝါတဲ့ သတို့သမီးဝတ်ဆုံကို ဖန်တီးခဲ့တဲ့ ဒီဇိုင်နာ ဒေးဗစ်အန်မာနျူရယ်က ဒီဇိုင်းထုတ်ခဲ့တာဖြစ်ပါတယ်။ အင်္ကျီကို ၂ဝ၁၇ မှ ၂ဝ၁၉ ခုနှစ်အထိ Kensington Palace မှာ ပြသခဲ့ပါတယ်။
လေလံပွဲမှာ အခြားပစ္စည်းများအဖြစ် ၁၉၅ဝ ပြည့်နှစ် နဲ့ ၁၉၆ဝ ပြည့်နှစ်များအကြား ဟောလီးဝုဒ်ရဲ့အကြီးကျယ်ဆုံး ကြယ်ပွင့်အချို့ အသုံးပြုခဲ့တဲ့ အမှတ်တရပစ္စည်းတွေလည်း ပါဝင်မယ်လို့ သိရပါတယ်။
ရောင်းချမှုကို Beverly Hills မှာ ပြုလုပ်မှာဖြစ်ပြီး၊ ဒီဇင်ဘာ ၁၄ ရက်မှ ဒီဇင်ဘာ ၁၇ ရက်ထိ အွန်လိုင်းကနေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒေါ်ဇင်မာအောင်ကို ဘင်္ဂါလီအရေး ဦးစားပေးပြောတဲ့ အမေရိကန်သံအမတ်(ဂျပန်)၊ တရုတ်ကို မမုန်းဖို့ လော်ဘီပြန်လုပ်တဲ့ ဒူဝါလရှီးလ၊ မူဆယ် (၁ဝ၅)မိုင်ကို တိုက်နေပြီ၊ စားနပ်ရိက္ခာပြင်ခိုင်းတဲ့ TNLA ဥက္ကဋ္ဌ (၂၈-၁၁-၂ဝ၂၃)
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း