Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လက်ရှိ ပြင်းထန်နေသောပြည်တွင်းပဋိပက္ခကို NUG က ဦးဆောင်ခြင်းမဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ဦးဆောင်နေခြင်းဟု သုံးသပ်

မြူနစ် (NSS) - နိုဝင်ဘာ ၂၇

လက်ရှိ ပြင်းထန်နေသည့် ပြည်တွင်းပဋိပက္ခကို NUG က ဦးဆောင်ခြင်းမဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက ဦးဆောင်နေခြင်းသာဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်က သုံးသပ်ထားသည်။

နိုင်ငံအတွင်းရှိ ရှမ်း၊ ကရင်၊ ကချင်၊ ရခိုင်၊ စစ်ကိုင်း၊ ချင်းနှင့် ကယား စသော ဒေသများတွင် တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

“လက်ရှိ ပြည်တွင်းဖြစ်နေတဲ့ပဋိပက္ခကို ကြည့်ရင် NUG က ဦးဆောင်တာ မဟုတ်ဘူး။ တိုင်းရင်းသားလက်နက်ကိုင် တော် လှန်ရေးအဖွဲ့တွေက ဦးဆောင်ကြတာ။ အရှေ့မြောက်ပိုင်းမှာပဲ ပြောပြော၊ ရခိုင်ပဲ ပြောပြော၊ ကရင်နီ ဒေသမှာပဲပြောပြောပေါ့။ စစ်ကိုင်းလွင်ပြင်ပဲ ပြောပြောပေါ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဦးဆောင်တာ။ NUG က နောက်က လိုက်တာ။ အဲဒီတော့ ဒီအခင်းအကျင်းမှာ သံခင်း၊ တမန်ခင်းဘက်ကို သူ့ဘက်က ဖွင့်ပြတဲ့ သဘောပဲရှိပါတယ်” ဟု ဒေါက်တာအေးမောင်က ပြောသည်။

သို့သော် NUG၊ CRPH အနေဖြင့် အရှေ့တောင်အာရှ၊ ဥရောပ စသည့် ပြည်ပနိုင်ငံများတွင် ခြေလှမ်းကျဲစွာဖြင့် သံခင်း၊ တမန်ခင်းကိစ္စရပ်များကို ဆောင်ရွက်နေခြင်းမျိုး ရှိကြောင်း ၎င်းက ဆက်လက်သုံးသပ်ထားသည်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ဦးဆောင်ကာ TNLA၊ AA မဟာမိတ်(၃)ဖွဲ့သည် ပြီးခဲ့သော အောက်တိုဘာ ၂၇ ရက်မှ စတင်ကာ (၁ဝ၂၇ စစ်ဆင်ရေး)အမည်ဖြင့် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းအတွင်းရှိ လုံခြုံရေးစခန်းများကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

အလားတူ KNPP၊ PDF ပူးပေါင်းအဖွဲ့များသည်လည်း ယခု နိုဝင်ဘာ ၁၁ ရက်တွင် (၁၁.၁၁ စစ်ဆင်ရေး) အမည်ဖြင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့နှင့်တစ်ဝိုက်ရှိ လုံခြုံရေးစခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ထို့ပြင် KIA၊ PDF ပူးပေါင်းအဖွဲ့များသည်လည်း ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအတွင်းရှိ လုံခြုံရေးစခန်းများကို အထက်ပါလက်နက်ကိုင်အဖွဲ့အစည်းနည်းတူ တစ်ချိန်တည်း၌ ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ရခိုင်လက်နက်ကိုင်အဖွဲ့ ULA/AA သည်လည်း နိုဝင်ဘာ ၁၃ ရက်တွင် ရခိုင်ပြည်နယ်အတွင်း၌ တစ်ကျော့ပြန် စစ်ပွဲများကို ပြန်လည်ဖော်ဆောင်ခဲ့ပြီး တပ်မတော်၏ လုံခြုံရေးစခန်းများကို တိုက်ခိုက်လျက်ရှိသည်။

ထိုသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက တပ်မတော်လုံခြုံရေးစခန်းများအား ဝင်ရောက်တိုက်ခိုက် နေမှုအပေါ် တပ်မတော်ဘက်ကလည်း လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူများဖြင့် တန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။


လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော မြန်မာ့အရေးနှင့်ပတ်သက်၍ နိုဝင်ဘာ ၂ဝ ရက်မှ ၂၂ ရက်အတွင်း အင်ဒိုနီးရှားနိုင်ငံ၌ အင်ဒိုနီးရှားအစိုးရမှ ဦးဆောင်ကာ NCA ရေးထိုးထားသော EAO အချို့မှ ကိုယ်စားလှယ်များ၊ NUG ကိုယ်စားလှယ်များ နှင့် ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါမြန်မာ့အရေးဆွေးနွေးပွဲသည် အားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲအတွက် ရလဒ်ကောင်း ထွက်ရှိနိုင်သည်ဟု ယူဆကြောင်းလည်း အင်ဒိုနီးရှားအစိုးရက ဆိုသည်။

“တစ်ဖက်ဖက်က နိုင်မှ ဖြစ်မယ်ဆိုတာမျိုးနဲ့ သွားနေတဲ့ပုံပဲ။ အဲဒီတော့ အပြတ်ကို ရှင်းကြမယ်သဘော။ လုံးဝကို နောက်ကို ပြန်မကြည့်တော့ဘူး ဆွေးနွေးပွဲဆိုတာမျိုးထက် ထိပ်တိုက်ရင်ဆိုင်မှုကနေ အဖြေတစ်ခုကို မရရအောင် ယူမယ်။ တစ်နည်းအားဖြင့် တစ်ဖက်ဖက်က အင်အားအလွန်တရာကြီးမှပဲ ဆွေးနွေးပွဲက ဖြစ်လာမယ်။ အင်အား မတိမ်းမယိမ်းနဲ့ နှစ်ဖက်ဆွေးနွေးပွဲက မအောင်မြင်နိုင်ဘူးဆိုတဲ့သဘောကို နှစ်ဖက်လုံးက သုံးသပ်လာကြတဲ့ပုံ ပေါက်ပါတယ်” ဟု ဒေါက်တာ အေးမောင်က ဆက်လက်သုံးသပ်ထားသည်။

လက်ရှိအချိန်တွင် နိုင်ငံအတွင်း၌ တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များကြားတွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက်ရှိသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တောင်ကိုရီးယား၏ ထိပ်တန်းထောက်လှမ်းရေးအရာရှိများ ရာထူးမှ နှုတ်ထွက်

RELATED POSTS
RECENT POSTS
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved