သြစတြေးလျအစိုးရရဲ့ဗီဇာငြင်းပယ်မှုကြောင့် ရှမ်းယူနိုက်အသင်းနဲ့ Macarthur FC ကလပ်ကစားမယ့် AFC Cup ပွဲစဉ်ကို ကြားကွင်းပြောင်းရွှေ့ကစားမယ်
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂၇
သြစတြေးလျအစိုးရရဲ့ဗီဇာငြင်းပယ်မှုတွေကြောင့် မြန်မာနိုင်ငံရှမ်းယူနိုက်အသင်းနဲ့ သြစတြေးလျကလပ် Macarthur FC တို့ ကစားမယ့် AFC Cup ပွဲစဉ်ကို ကြားကွင်းပြောင်းကန်သွားမှာဖြစ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဘောလုံးကွင်းမှာ ပြောင်းရွှေ့ကစားသွားမှာဖြစ်ကြောင်း သိရပါတယ်။
သြစတြေးလျအခြေစိုက် Macarthur ကလပ်ဟာ ရှမ်းယူနိုက်တက်အသင်းနဲ့ ပြီးခဲ့တဲ့စက်တင်ဘာလက အဝေးကွင်း သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့အတွက် လူအခွင့်ရေးအဖွဲ့အစည်းများရဲ့ ဝေဖန်ပြစ်တင်မှုတွေကို ရင်ဆိုင်ခဲ့ရကြောင်း သိရပါတယ်။
သြစတြေးလျအစိုးရဟာ လက်ရှိအချိန်မှာ မြန်မာရှမ်းယူနိုက်အသင်းကစားသမားတွေကို ဗီဇာခွင့်ပြုပေးဖို့ ငြင်းဆန်ခဲ့တာကြောင့် AFC Cup ပွဲစဉ်ကို ကြားကွင်းကိုပြောင်းရွှေ့ကစားဖို့ စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ သြစတြေးလျဘောလုံးအဖွဲ့ချုပ်က "သြစတြေးလျအစိုးရဟာ ရှမ်းယူနိုက်တက်ကစားသမားတွေကို ဗီဇာခွင့်ပြုပေး ဖို့ ငြင်းဆန်ခဲ့တယ်။ အဲဒီပွဲစဉ်ကို သြစတြေးလျမြေပေါ်မှာ ကစားခွင့်မရှိတော့တဲ့အတွက် ကြားကွင်းကို ပြောင်းရွှေ့ ကစားသွားမှာဖြစ်တယ်" လို့ ပြောပါတယ်။
သြစတြေးလျအစိုးရဟာ လက်ရှိအချိန်မှာ လုံခြုံရေးအခြေအနေများကြောင့် သြစတြေးလျနိုင်ငံသားတွေကို မြန်မာ နိုင်ငံထံ ခရီးမသွားဖို့ အကြံပေးထားကြောင်း သိရပါတယ်။
မြန်မာနိုင်ငံမှာ အာဏာအငြင်းပွားမှုတွေဖြစ်ပွားခဲ့ပြီးနောက် သြစတြေးလျအစိုးရဟာ နစကကို ဝေဖန်ပြစ်တင်မှု တွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ ရှမ်းယူနိုက်တက်နဲ့ Macarthur ကလပ်ပွဲစဉ်ကို လာမယ့်နိုဝင်ဘာ ၃ဝ ရက်မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ကြောင်း သိရပါတယ်။
ရှမ်းယူနိုက်တက်နဲ့ သြစတြေးကလပ်တို့ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ရန်ကုန်မြို့မှာ ယှဉ်ပြိုင်ခဲ့ရာ ရှမ်းယူနိုက်တက်အသင်း ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘီးလင်းမြို့နယ်ရှိ နယ်မြေရဲစခန်း နှင့် အကျဥ်းဦးစီးစခန်းတို့မှဝန်ထမ်းများစခန်းအား စွန့်ခွာသွားပြီဆိုသော သတင်းမှာ မှန်ကန်မှုမရှိကြောင်း နစကထုတ်ပြန်
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ
23 May 2024 | အားကစား,ပြည်တွင်း