ဘီးလင်းမြို့နယ်ရှိ နယ်မြေရဲစခန်း နှင့် အကျဥ်းဦးစီးစခန်းတို့မှဝန်ထမ်းများစခန်းအား စွန့်ခွာသွားပြီဆိုသော သတင်းမှာ မှန်ကန်မှုမရှိကြောင်း နစကထုတ်ပြန်
NSS - နိုဝင်ဘာ ၂၇
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ နယ်မြေရဲစခန်း နှင့် အကျဥ်းဦးစီးစခန်းတို့မှ ဝန်ထမ်းများ စခန်းအားစွန့်ခွာသွားပြီဆိုသော သတင်းမှာ မှန်ကန်မှုမရှိကြောင်း နစကမှထုတ်ပြန်ထားသည်။
နစကမှ ယနေ့(နိုဝင်ဘာလ ၂၇ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ဘီးလင်းမြို့နယ်၊ ဝင်းကနယ်မြေရဲစခန်း နှင့် တောင်စွန်း အကျဥ်းဦးစီးဌာနမှ အကျဥ်းသားများ အပါအဝင် ဝန်ထမ်းများသည် အကြမ်းဖက်များ တိုက်ခိုက်လာမည်ကို စိုးရိမ်သဖြင့် စခန်းအားစွန့်ခွာ၍ တိမ်းရှောင်သွားပြီဆိုသော သတင်းများမှာ မှန်ကန်မှုမရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေတွင် တာဝန်ထမ်းဆောင်နေသည့် တာဝန်ရှိသူ များ၏ပြောကြားချက်အရ “ဘီးလင်းမြို့နယ်ရှိ မည်သည့်ရဲစခန်း နှင့် အကျဥ်းဦးစီးဌာနတို့မှ စခန်းအား စွန့်ခွာတိမ်းရှောင်မှုများမရှိကြောင်း”သိရသည်ဟု နစကမှ ထုတ်ပြန်ထားသည်။
သို့ဖြစ်၍ အဆိုပါသတင်းများသည် စိုးရိမ်ထိတ်လန့်ဖွယ်ရာ ကောလာဟလသတင်းများ ရေးသားဖြန့်ဝေခြင်းသာဖြစ်ပြီး သတင်းအမှားသာဖြစ်ကြောင်း နစကမှ အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြင်ဦးလွင်မြို့တွင် HIJET ကားအရှိန်လွန်ဝင်တိုက်မှုကြောင့် အမျိုးသမီး(၂)ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများပြား
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း