တစ်လနီးပါးကာလအတွင်း မြန်မာနိုင်ငံ၌ တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသား (၈ဝဝဝ)ကျော် ဖမ်းဆီးရမိခဲ့
ယွန်း (NSS) - နိုဝင်ဘာ ၂၇
တစ်လနီးပါးကာလအတွင်း မြန်မာနိုင်ငံ၌ တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသား (၈ဝဝဝ) ကျော် ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
နစကမှ နိုဝင်ဘာ(၂၆)ရက် ညပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ယမန်နေ့(နိုဝင်ဘာ ၂၆ ရက်)တွင်လည်း မြန်မာနိုင်ငံ၌ တရားမဝင်လာရောက်နေထိုင်လျက်ရှိသည့် တရုတ်နိုင်ငံသား(၆ဝဝ)ကျော်ကို ထပ်မံဖမ်းဆီးရမိခဲ့ပြီး လိုအပ်သည့်စိစစ်မှုများဆောင်ရွက်၍ တရုတ်နိုင်ငံမှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း နစကမှ ထုတ်ပြန် ထားသည်။
ထို့သို့ လွှဲပြောင်းပေးမှုတွင် တရုတ်နိုင်ငံသား အမျိူးသား(၅၈ဝ)ဦး နှင့် အမျိုးသမီး (၆၈)ဦး စုစုပေါင်း(၆၄၈) ဦး ပါဝင်ကြောင်း သိရသည်။
နစကအနေဖြင့် ပြီးခဲ့သည့် အောက်တိုဘာ(၃၁)ရက်မှစ၍ မြန်မာနိုင်ငံအတွင်း တရားမဝင်နေထိုင်နေသည့် တရုတ်နိုင်ငံသားများကို ၎င်းတို့၏ နိုင်ငံများသို့လွှဲပြောင်း ပေးနေခြင်းဖြစ်ပြီး၊ နိုဝင်ဘာ(၂၆)ရက်နေ့အထိ စုစုပေါင်း တရုတ်နိုင်ငံသား(၈၆၄၁)ဦးကို လွှဲပြောင်းပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တရုတ်နိုင်ငံသား (၈၆၄၁)ဦးတွင် တရုတ်နိုင်ငံသား အမျိုးသား(၇၈၄၆)ဦး နှင့် တရုတ်နိုင်ငံသား အမျိုးသမီး(၇၉၅)ဦး ပါဝင်ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။
နစကအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံသားများကို လိုအပ်သည့် စိစစ်မှုများပြုလုပ်ပြီး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၄ နာရီအတွင်းဖြစ်ပွားခဲ့သည့် ပြည်တွင်းနှင့် ပြည်ပက ထူးခြားဖြစ်စဥ် သတင်းထူးများ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း