Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေး-ဟားမက်စစ်ပွဲအတွင်း သတင်းထောက်များ အသေအပျောက်စာရင်းကို CPJ ထုတ်ပြန်

Pika (NSS) - နိုဝင်ဘာ ၂၆ 

အစ္စရေးနှင့် ဟားမက်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေသော စစ်ပွဲကြောင့် သတင်းထောက်များနှင့် မီဒီယာသမားများ အနည်းဆုံး(၅၇)ဦး သေဆုံးခဲ့ကြောင်း နယူးယောက်မြို့အခြေစိုက်သတင်းသမားများ ကာကွယ်စောင့်ရှောက် ရေးကော်မတီ (CPJ) ၏ ဖော်ပြချက်များအရ သိရသည်။


အစ္စရေးနှင့် ဟားမက်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ဖြစ်ပွားခဲ့သည့် အောက်တိုဘာလ(၇)ရက်မှ စတင်ပြီး နိုဝင်ဘာလ(၂၅)ရက်အထိ သတင်းထောက် အနည်းဆုံး(၅၇)ဦးသေဆုံးခဲ့ပြီး အခြားသတင်းထောက်(၃)ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း  CPJ ၏ နောက်ဆုံးထုတ်ပြန်ချက်များအရ သိရသည်။

စစ်ပွဲအတွင်း သေဆုံးခဲ့သော သတင်းထောက်အများစုမှာ ပါလက်စတိုင်းနိုင်ငံသားများဖြစ်ပြီး အစ္စရေး၏ လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် ဒေသတွင်းမီဒီယာသမား (၅ဝ) ဦးခန့် သေဆုံးခဲ့ကြောင်း CPJ ၏ ဖော်ပြချက်များအရ သိရသည်။


အစ္စရေး-ဟားမက်စစ်ပွဲအတွင်း သေဆုံးခဲ့သော သတင်းထောက်များထဲတွင် အစ္စရေးသတင်းထောက် (၄)ဦး နှင့် လက်ဘနွန်သတင်းထောက်(၃)ဦးတို့ ပါဝင်ကြောင်း NGOအဖွဲ့၏ အချက်အလက်များအရ သိရသည်။ အစ္စရေးနှင့် ဟားမက်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ဖြစ်ပွားခဲ့သည့် ပထမဆုံးနေ့သည် မီဒီယာသမားများ အများဆုံး သေဆုံးသည့် နေ့တစ်နေ့ဖြစ်ခဲ့ပြီး သတင်းထောက်(၆)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထို့နောက် စစ်ပွဲဖြစ်ပွားသည့် ဒုတိယမြောက်နေ့တွင် သတင်းထောက်(၅)ဦးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက အတည်ပြုပြောကြားခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသတွင် အလုပ်လုပ်နေကြသော သတင်းထောက်များသည် အစ္စရေး၏ လေကြောင်းမှတိုက်ခိုက်မှုများ အပါအဝင် မြေပြင်ထိုးစစ်ဆင်မှုများ၊ ဆက်သွယ်ရေးပြတ်တောက်မှုများ၊ ထောက်ပံ့ရေးပစ္စည်း ပြတ်လပ်မှုများ နှင့် လျှပ်စစ်ဓါတ်အားပြတ်တောက်မှုများကို ဖော်ပြရန် ကြိုးပမ်းခဲ့ပြီး ကတည်းက အန္တရာယ်များနှင့်ရင်ဆိုင်နေရကြောင်း CPJ က ဖော်ပြခဲ့သည်။

CPJ ၏ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက ပရိုဂရမ်ညှိနှိုင်းရေးမှူး Sherif Mansour က "ဂါဇာကမ်းမြောင် ဒေသမှာရှိတဲ့သတင်းထောက်တွေဟာ ဒီပဋိပက္ခကို လူသိရှင်ကြား ဖော်ပြဖို့အတွက် ကြီးမားတဲ့စတေးမှုတွေကို လုပ်ဆောင်နေကြရပါတယ်။ ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့သတင်းထောက်တွေဟာ ခြိမ်းခြောက်မှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။ သတင်းထောက် အများစုဟာ လုပ်ဖော်ကိုင်ဖက်တွေ၊ မိသားစုဝင်တွေနဲ့ မီဒီယာ အဆောက်အဦးတွေကို ဆုံးရှံးခဲ့ကြရပြီး ဘေးကင်းရာနေရာတွေကို ထွက်ပြေးခဲ့ကြရပါတယ်" ဟု ပြောခဲ့သည်။

ထို့အပြင် မီဒီယာသမားအများအပြားသည် နှိပ်စက်ညှင်းပန်းမှုများ၊ ခြိမ်းခြောက်မှုများ၊ ဆိုက်ဘာတိုက်ခိုက်မှုများ နှင့် ၎င်းတို့၏ မိသားစုဝင်များ သတ်ဖြတ်ခံရခြင်းတို့တောင် ကြုံတွေ့ခဲ့ရကြောင်း CPJ က ဖော်ပြခဲ့သည်။

အစ္စရေး-ဟားမက်စစ်ပွဲအတွင်း လက်ရှိအချိန်အထိ သတင်းထောက် အနည်းဆုံး(၁၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အခြားသတင်းထောက်(၁၉)ဦးမှာ ဖမ်းဆီးခံထားရကြောင်း CPJ က မှတ်ချက်ပြုခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာနိုင်ငံသို့ လာရောက်မည့် ပြည်ပခရီးသွားများအနေဖြင့် Hotel Booking အပါအဝင် မဖြစ်မနေပြသရမည့် အချက်များကို နစကအစိုးရ အသိပေးထုတ်ပြန်

RELATED POSTS
RECENT POSTS
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved