ထိုင်းနိုင်ငံမှာ ထူးခြားတိရစ္ဆာန်တွေကို အိမ်မွေးအဖြစ်ရောင်းဝယ်ဖောက်ကားမှုများကြောင့် တောရိုင်းတိရိစ္ဆာန်ကာကွယ်ရေးအတွက် စိုးရိမ်မှုများ မြင့်တက်လာ
ရောင်နီ (NSS) - နိုဝင်ဘာ ၂၅
ထိုင်းနိုင်ငံမှာ ထူးခြားတိရိစ္ဆာန်တွေကို အိမ်မွေးအဖြစ်ရောင်းဝယ်ဖောက်ကားခြင်းများ ခေတ်စားလာခြင်းကြောင့် တောရိုင်းတိရိစ္ဆာန်တွေများ ဖမ်းမိခြင်း၊ တောရိုင်းတိရိစ္ဆာန်များ ခိုးယူရောင်းဝယ်ဖောက်ကားမှု ပိုမိုဆိုးရွားလာခြင်းတို့ ဖြစ်လာမှာကို လေ့လာသူတွေက စိုးရိမ်နေကြပါတယ်။
တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးဖောင်ဒေးရှင်း Seub Nakhasathien မှ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ပနူဒက်ကာဒ်မေးလ် က ထူးခြားဆန်းပြားတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ဝယ်ယူသူတွေဟာ နေထိုင်မှု အဆင့်အတန်း လက္ခဏာတစ်ခုအဖြစ် ဝယ်ယူကြတာဖြစ်ပြီး သူတို့ရဲ့ ချမ်းသာမှုကို ပြသချင်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
သဘာဝထိန်းသိမ်းရေး အဖွဲ့အစည်း World Wide Fund for Nature (WWF) နဲ့ GlobeScan အကြံပေးအဖွဲ့တို့ရဲ့ ၂၀၂၁ ခုနှစ် လေ့လာမှုတစ်ခုအရ ထိုင်းနိုင်ငံရဲ့ လူဦးရေ ၁၂ ရာခိုင်နှုန်းဟာ ထူးခြားဆန်းပြားတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ပိုင်ဆိုင်နေပြီး ဒီလိုပိုင်ဆိုင်မှုကလည်း သာမာန်သာဖြစ်ပါတယ်။ ဒီလိုအိမ်မွေးတိရိစ္ဆာန်တွေကို ပိုင်ဆိုင်တဲ့ ထိုင်းလူမျိုးတွေမှာ ၅၁ ရာခိုင်နှုန်းက တိရစ္ဆာန်တွေဟာ ရှားပါးတဲ့မျိုးစိတ်ဖြစ်လေလေ အကြိုက်တွေ့လေပဲလို့ သိရပါတယ်။ ၎င်းတို့ဟာ ဝယ်ယူမှုရဲ့ ၅၀ ရာခိုင်နှုန်းခန့်ကို အွန်လိုင်းမှ ပြုလုပ်ကြလေ့ရှိတယ်လို့ သိရပါတယ်။
နှစ်များစွာအတွင်း ထိုင်းနိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ တောရိုင်းတိရိစ္ဆာန်တွေ ရောင်းဝယ်ဖောက်ကားမှုမှာ အချက်အချာကျတဲ့ နေရာတစ်ခုဖြစ်လာနေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြိုင်တူငြင်းတဲ့ နစကနဲ့NUG၊ နယ်စပ်မှာ တရုတ်က စစ်ရေးလေ့ကျင့်မှု ဘာထူးမလဲ၊ Nationwide Operation 11-27 လို့ ကြွေးကြော်တဲ့ မြောက်ပိုင်း(၃)ဖွဲ့နဲ့ လောက်ကိုင်အခြေအနေ
RELATED POSTS
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း