တောင်တရုတ်ပင်လယ်အတွင်း ရေကြောင်း နှင့် လေကြောင်းပူးတွဲကင်းလှည့်မှုများကို ဖိလစ်ပိုင်နှင့်ဩစတြေးလျတို့ စတင်ပြုလုပ်
Pika (NSS) - နိုဝင်ဘာ ၂၅
ဖိလစ်ပိုင်နှင့်ဩစတြေးလျနိုင်ငံတို့သည် တောင်တရုတ်ပင်လယ်အတွင်း ၎င်းတို့၏ပထမဆုံးရေကြောင်းနှင့်လေကြောင်း ပူးတွဲကင်းလှည့်မှုများကို နိုဝင်ဘာလ(၂၅)ရက်တွင် စတင်လုပ်ဆောင်ခဲ့ကြောင်းသိရသည်။
ဖိလစ်ပိုင်နှင့်အမေရိကန်တို့သည် တောင်တရုတ်ပင်လယ်အတွင်း ရေကြောင်း နှင့် လေကြောင်းပူးတွဲကင်းလှည့်မှုများကို လုပ်ဆောင်ခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ယခုကဲ့သို့ပူးတွဲကင်းလှည့်မှုများ ထပ်မံလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဩစတေးလျ ဒုဝန်ကြီးချုပ် Richard Marles က "ဩစတြေးလျ နဲ့ ဖိလစ်ပိုင်တို့ဟာ အချုပ်အခြာအာဏာနဲ့ သဘောတူညီထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လေးစားလိုက်နာပြီး ငြိမ်းချမ်းရေး၊ လုံခြုံရေး နဲ့ သာယာဝပြောတဲ့ ဒေသတစ်ခုအတွက် ကတိပြုထားပါတယ်။ ဩစတြေးလျကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဖိလစ်ပိုင်တပ်ဖွဲ့တွေကြား ပထမဆုံးပူးတွဲကင်းလှည့်မှုဟာ ဒီကတိဝတ်တွေကို သက်သေပြနေတာပါ"ဟု ပြောဆိုခဲ့သည်။
အဆိုပါပူးတွဲကင်းလှည့်မှုများကို အနောက်ဖိလစ်ပိုင်ပင်လယ်တွင် လုပ်ဆောင်မည်ဖြစ်ကြောင်း ဖိလစ်ပိုင်အမျိုးသားကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ Arsenio Andolong ကပြောဆိုခဲ့သည်။ ပူးတွဲကင်းလှည့်မှုများတွင် ဖိလစ်ပိုင်ဘက်မှ ရေတပ်သင်္ဘောနှစ်စီး နှင့် ထောက်လှမ်းရေးလေယာဉ်(၅)စင်းတို့ ပါဝင်မည်ဖြစ်ပြီး ဩစတြေးလျဘက်မှ ဖရီးဂိတ်စစ်သင်္ဘော Toowoomba နှင့် ရေကြောင်းထောက်လှမ်းရေးလေယာဉ် P8-A တို့ ပါဝင်မည်ဖြစ်ပြီး နိုဝင်ဘာလ (၂၇)ရက်အထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်စစ်တပ်က ပြောကြားခဲ့သည်။
ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာက "ယခုလုပ်ဆောင်တဲ့ ရေကြောင်းပူးပေါင်းဆောင်ရွက်မှုတွေနဲ့ နောက်ဆက်တွဲဖြစ်လာမယ့် အရာတွေဟာ ကျွန်တော်တို့ နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် ကာကွယ် ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုနက်ရှိုင်းလာစေမယ့် လက္ခဏာတစ်ခုပဲဖြစ်ပါတယ်"ဟု ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Paris Hilton တို့စုံတွဲက ၎င်းတို့ရဲ့ ရင်သွေးလေးကို ကြိုဆို
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း