Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
MNDAA နှင့် TNLA ပူးပေါင်းအဖွဲ့ ပစ်ခတ်သော Drop ဗုံးကြောင့် ကားအစီးရေ(၁၂၀)ခန့် မီးလောင်ဆုံးရှုံး၊ လူထု၏ စီးပွားရေးကို ထိပါးစော်ကားခြင်းဖြစ်ဟု နစကတုံ့ပြန်

မြူနစ် (NSS) - နိုဝင်ဘာ ၂၄

MNDAA နှင့် TNLA ပူးပေါင်းအဖွဲ့က ပစ်ခတ်သော Drop ဗုံးကြောင့် ကားအစီးရေ (၁၂၀)ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး လူထု၏ စီးပွားရေးကို ထိပါးစော်ကားခြင်းဖြစ်ကြောင်း နစကမှ တုံ့ပြန်ထားသည်။


ယမန်နေ့(နိုဝင်ဘာလ ၂၃ ရက်)၊ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၊ မြန်မာ-တရုတ်နယ်စပ်၊ ကျင်စန်းကျော့ဂိတ်အတွင်းရှိ Seven ဟွာကျင့်ကုမ္ပဏီကားဝန်းအတွင်းသို့ Drop ဗုံးများ ကျရောက်ပေါက်ကွဲခဲ့သည်။

အဆိုပါ Drop ဗုံးများကို MNDAA နှင့် TNLA ပူးပေါင်းအဖွဲ့က ကောင်းခံရွာ၏ တောင်ဘက်မှ Drone များဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

ထိုသို့ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် Drop ဗုံးများသည် ကုန်ကားများပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ မီးလောင်ကျွမ်းမှုများဖြစ်ပေါ်ခဲ့ပြီး စုစုပေါင်းကားအစီးရေ (၁၂၀)ခန့် ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။

“ကားအစီး ၁၂၀ လောက် မီးလောင်ပျက်စီးခဲ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဒီနေရာသည် စစ်ရေးနဲ့ဆိုင်တဲ့နေရာလည်း မဟုတ်ပါဘူး။ ဒါပြည်သူ လူထုနဲ့ဆိုင်တဲ့နေရာပဲဖြစ်ပါတယ်။ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကအချက်အချာကျတဲ့ နေရာဖြစ်ပါတယ်။ ပြီးရင် တရုတ်နိုင်ငံဘက်ကနေ တင်သွင်းလာတဲ့ မြန်မာ နိုင်ငံအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ လူသုံးကုန်၊ ဆေးဝါး၊ ဆောက်လုပ်ရေးသုံးပစ္စည်းတွေဖြစ်ပါတယ်။ ဒါတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်လာခြင်းသည် ပြည်သူလူထုကို တိုက်ရိုက်စော်ကားတာဖြစ်ပါတယ်” ဟု နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ထို့ပြင် ဗိုလ်ချုပ်ဇော်မင်းထွန်းက MNDAA နှင့် TNLA ပူးပေါင်းအဖွဲ့၏ လုပ်ရပ်သည် ပြည်သူလူထုနှင့်ပတ်သက်သော စီးပွားရေးကို တိုက်ရိုက်ထိပါးစော်ကားခြင်းဖြစ်ကြောင်းလည်း တုံ့ပြန်ထားသည်။

မီးလောင်ပျက်စီးခဲ့ရသော ကားများသည် မူဆယ်-မန္တလေးပြည်ထောင်စုလမ်းမကြီးတစ်လျှောက်၌ TNLA နှင့် MNDAA ပူးပေါင်းအဖွဲ့များက ကားလမ်းများနှင့် တံတားများကို ဖျက်ဆီးခဲ့ခြင်းကြောင့် သွားလာ၍မရတော့ဘဲ ပိတ်မိနေသည့်ကားများ ဖြစ်ကြောင်း သိရသည်။

MNDAA ဦးဆောင်သော မဟာမိတ်လက်နက်ကိုင် (၃)ဖွဲ့သည် ပြီးခဲ့သော အောက်တိုဘာလ ၂၇ ရက်မှစတင်ကာ (၁၀၂၇ စစ် ဆင်ရေး)အမည်ဖြင့် ရှမ်းပြည်နယ်ရှိ လုံခြုံရေးစခန်းများကို တိုက်ခိုက်ခဲ့ရာ ကုန်စည်သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများသည်လည်း ရပ်တန့်သွားခဲ့သည်။

၎င်းကဲ့သို့ စတင်တိုက်ခိုက်မှုများအပေါ် အရပ်ဖက်အဖွဲ့အစည်းအသီးသီး နှင့် လူပုဂ္ဂိုလ်များက ကန့်ကွတ်ရှုတ်ချမှုများရှိခဲ့သော်လည်း ယင်းတို့အနေဖြင့် တိုက်ပွဲများကို ဆက်လက်ဖော်ဆောင်လျက်ရှိသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ဆေးဝါးနှင့် ဆေးပစ္စည်းများတင်သွင်းရန် ရုရှားနှင့် ပူးပေါင်းဆောင်ရွက်ရေး နှစ်နိုင်ငံဆွေးနွေး

RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved