အလုပ်သမားအခွင့်ရေးချိုးဖောက်မှုကြောင့် မြန်မာ နဲ့ ထိုင်းအလုပ်လုပ်ကိုင်အေဂျင်စီတွေကို ထိုင်းအစိုးရ အပြစ်ပေးအရေးယူ
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂၃
ထိုင်းအစိုးရဟာ ထိုင်းနိုင်ငံကို အလုပ်သမားစေလွှတ်ခွင့်ရရှိနေတဲ့ မြန်မာ အလုပ်အကိုင်အေဂျင်စီ ကုမ္္ပဏီ ၈ ခုကို လုပ်ငန်းလိုင်စင်ယာယီ ဆိုင်းငံ့လိုက်ကြောင်း ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။
ဒါ့ပြင် ထိုင်းအလုပ်သမားရေးရာဝန်ကြီးဌာန ထိုင်းကုမ္ပဏီ ၁၂၆ခု၊ ထိုင်းနိုင်ငံသား ၁၂၅ ဦးနှင့် ထိုင်းအေဂျင်စီ ၂၅ ခုတို့ကို အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။ အဲဒီကုမ္ပဏီတွေဟာ မြန်မာအလုပ်သမားများ ခေါ်ယူတာတွေနဲ့ပတ်သက်ပြီး ချိုးဖောက်တာတွေရှိခဲ့တဲ့အတွက်အမည်ပျက်စာရင်းတင်သွင်းခြင်း၊ လိုင်စင်ယာယီဆိုင်းငံ့ခြင်းများလုပ်ဆောင်ခြင်းဖြစ်ကြောင်းသိရပါတယ်။
ဒါ့ပြင် ထိုင်းအလုပ်သမားဝန်ကြီးဌာနဟာ ထိုင်းနိုင်ငံကိုအလုပ်သမားစေလွှတ်နေတဲ့ မြန်မာအလုပ်အကိုင်အေဂျင်စီ ၈ ခုရဲ့လိုင်စင်ကိုလည်း ခြောက်လကနေ တစ်နှစ်အထိ ယာယီရုတ်သိမ်းလိုက်ကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားအလုပ်သမားအများအပြားအလုပ်လုပ်ကိုင်နေပြီး ထိုင်းအစိုးရက မြန်မာအလုပ်သမားတွေအပါအဝင် နိုင်ငံခြားသားအလုပ်သမားများကို ကန့်သတ်ချက်များဖြေလျော့ပေးထားပြီး တရားဝင်စာရင်းသွင်း အလုပ်လုပ်နေတဲ့ ပြည်ပအလုပ်သမားများကို အလုပ်လုပ်ခွင့် ပါမစ်နဲ့ နေ ထိုင်ခွင့်သက်တမ်းတိုးပေးဖို့ သဘောတူညီထားကြောင်းသိရပါတယ်။
ထိုင်းနိုင်ငံကို MoU နဲ့ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ ပြည်ပနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံမှာတရားဝင် လေးနှစ်နေထိုင်ခွင့်ရရှိမှာဖြစ်သလို သက်တမ်းတိုးခွင့်လည်းရရှိမှာဖြစ်ကြောင်းသိရပါတယ်။ ထိုင်းနိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင်နေသူတွေထဲမှာ မြန်မာနိုင်ငံသားများ အများဆုံးဖြစ်ပြီး တရားမဝင် ဝင်ရောက်ဖို့ကြိုးပမ်းခြင်းများကြောင့် မကြာခဏဖမ်းဆီးခံရခြင်းတွေလည်းရှိနေကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျောင်းသား/သူများ၏ ကိုယ်ရေးအချက်အလက်များတောင်းခံမှုမရှိဟုဆို
RELATED POSTS
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း