မိုခါမုန်တိုင်းဘေးသင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် လာအိုနိုင်ငံအပါအဝင် ပုဂ္ဂလိက ကဏ္ဍတို့မှ အလှူငွေများ လှူဒါန်း
စော (NSS) - နိုဝင်ဘာ ၂၃
မိုခါမုန်တိုင်းဘေးသင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် လာအိုနိုင်ငံအပါအဝင် ကိုရီးယားရှိ ကုမ္ပဏီတစ်ခု နှင့် စင်ကာပူရောက် မြန်မာနိုင်ငံသားများက အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယနေ့(နိုဝင်ဘာလ ၂၃ရက်) ထုတ်ပြန်ချက်အရ သိရသည်။
ထို့သို့လှူဒါန်းရာ၌ နိုဝင်ဘာလ (၂၁)ရက်က ဗီယင်ကျန်းမြို့၊ မြန်မာသံရုံးမှတစ်ဆင့် လာအိုနိုင်ငံက အမေရိကန်ဒေါ်လာ (၅၀,၀၀၀) နှင့် ဆိုးလ်မြို့၊ မြန်မာသံရုံးမှတစ်ဆင့် ကိုရီးယားနိုင်ငံရှိ Electronic Telecommunication Research Institute (ETRI)က ကိုရီးယားဝမ် (၁)သန်းတို့အား လက်ခံရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် စင်ကာပူမြို့၊ မြန်မာသံရုံးမှတစ်ဆင့် စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများက စင်ကာပူဒေါ်လာ (၆၀၀)ကိုလည်း လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အဆိုပါလှူဒါန်းငွေများကို နိုဝင်ဘာလ(၂၁)ရက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းထံသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးလွင်ဦးက လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ ပြီးခဲ့သော မေလတွင် ဆိုင်ကလုန်းမုန်တိုင်းမိုခါ ဝင်ရောက်တိုက်ခတ်မှုကြောင့် ရခိုင်ပြည် နယ်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ပြည်တွင်း/ပြည်ပအလှူရှင်များ၏ လှူဒါန်းငွေသည် မြန်မာငွေကျပ်( ၃၃ ဒသမ ၂၆၄ )ဘီလျံ နှင့် အမေရိကန်ဒေါ်လာ (၈)သိန်းခွဲနီးပါးဖြစ်ပြီး မိုခါအရေးပေါ်တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ငွေကျပ် (၆၈ ဒသမ ၇၄၃) ဘီလျံ သုံးစွဲခဲ့ကြောင်း နစက၏ အချက်အလက်များအရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မလေးရှားနိုင်ငံအတွင်းသို့တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းသော မြန်မာနိုင်ငံသား (၁၁)ဦးကို မလေးရှားရဲတပ်ဖွဲ့ ဖမ်းဆီး
RELATED POSTS
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း