Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
MNDAA၊ TNLA၊ AA တို့၏ ဖော်ဆောင်စစ်ပွဲ နှင့် တက္ကသိုလ်ဆရာ/မများ ဖမ်းဆီးခံရမှုအပေါ် အရပ်ဖက်အဖွဲ့စည်းအသီးသီး နှင့် လူပုဂ္ဂိုလ်များ ကန့်ကွက်ရှုတ်ချ

မြူနစ် (NSS) - နိုဝင်ဘာ ၂၂

MNDAA၊ TNLA၊ AA တို့၏ ဖော်ဆောင်စစ်ပွဲ နှင့် တက္ကသိုလ်ဆရာ၊ ဆရာမများ ဖမ်းဆီးထိန်းသိမ်းခံရမှုအပေါ် အရပ်ဖက်အဖွဲ့အစည်းအသီးသီးနှင့် လူပုဂ္ဂိုလ်များက ကန့်ကွတ်ရှုတ်ချထားသည်။


ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ဦးဆောင်သော မဟာမိတ်(၃)ဖွဲ့သည် ပြီးခဲ့သော အောက်တိုဘာလ ၂၇ ရက်တွင် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းရှိ လုံခြုံရေးစခန်းများကို (၁၀၂၇ စစ်ဆင်ရေး)အမည်ဖြင့် စတင်တိုက်ပွဲဖော်ဆောင်ခဲ့သည်။

ထိုသို့တိုက်ပွဲဖော်ဆောင်ခြင်းသည် အပြစ်မဲ့ပြည်သူများကို ထိခိုက်ပျက်စီးစေရန်နှင့် နိုင်ငံနစ်နာစေရန် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် အရပ်ဖက်အဖွဲ့အစည်းအသီးသီးက ကန့်ကွက်ရှုတ်ချထားသည်။

လက်နက်ကိုင်မဟာမိတ်(၃)ဖွဲ့၏ တိုက်ပွဲဖော်ဆောင်သည့်လုပ်ရပ်အပေါ် ဘာသာရေးအသင်းအဖွဲ့များ ဖြစ်သည့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)၊ မြန်မာနိုင်ငံမက်သဒစ်အသင်းတောင် (အောက်မြန်မာပြည်)၊ မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဗဟို အဖွဲ့ချုပ်၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) တို့က ကန့်ကွက်ခဲ့ကြသည်။

အလားတူ အနုပညာအသိုင်းအဝိုင်းဖြစ်သည့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို) တို့ကလည်း ကန့်ကွက်ခဲ့ကြသည်။

သတင်း နှင့် စာပေအသိုင်းအဝိုင်းဖြစ်သည့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံစာရေး ဆရာအသင်းတို့ကလည်း ကန့်ကွက်ခဲ့ကြသည်။

ထို့ပြင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ကလည်း ကန့်ကွက်ခဲ့သည်။

အဆိုပါလုပ်ရပ်များသည် နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးယုတ်စေသော အဖျက်လုပ်ရပ်များသာဖြစ်ကြောင်း အရပ်ဖက်အဖွဲ့အစည်းအသီးသီးက ရှုမြင်ထားကြသည်။

အလားတူ MNDAA ဦးဆောင်သော မဟာမိတ်(၃)ဖွဲ့၏ အကြမ်းဖက်ဝင်ရောက်တိုက်ခိုက်မှုများနှင့်ပတ်သက်၍လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)က အပြင်းအထန်ကန့်ကွတ်ရှုတ်ချထားသည်။

ပြည်တွင်းတည်ငြိမ်မှုပျက်စီးရန် အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးခြင်းသည် ငြိမ်းချမ်းရေးကို မျက်ကွယ်ပြုကာ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားပျက်ပြားစေရန် ဆောင်ရွက်သည့် အကြမ်းဖက်လုပ်ရပ်သာဖြစ်ကြောင်း USDP ပါတီက ဆိုသည်။

ထို့ပြင် ယင်းကဲ့သို့ တိုက်ပွဲဖော်ဆောင်ကာ အကြမ်းဖက်လုပ်ဆောင်နေမှုများနှင့်ပတ်သက်၍ မလိုလားကြောင်းနှင့် ကန့်ကွတ်ရှုတ်ချကြောင်းလည်း ပြည်တွင်းရှိ နိုင်ငံရေးပါတီကြီးတစ်ခုမှ ခေါင်းဆောင်တစ်ဦးက NSS ကို ပြောသည်။

“ကျွန်တော်တို့လည်း မလိုလားပါဘူး။ ကန့်ကွက်ပါတယ်။ ဒါက အကြမ်းဖက်ပုံစံမျိုးပေါ့။ လက်နက်ကိုင်တော်လှန်ပြီး အကြမ်းဖက်လုပ်နေတဲ့ ပုံစံမျိုးတွေ့လည်း တွေ့ရတာပေါ့။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ပေါင်းပြီးတော့ တစ်ပြည်လုံးအတိုင်းအတာနဲ့ စစ်ရေးလှုပ်ရှားမှုလုပ်တယ်ဆိုတဲ့ သဘောမျိုးပါ။ အဓိက ထိခိုက်နစ်နာတာကတော့ ပြည်သူလူထုပါပဲ” ဟု ၎င်းက ပြောသည်။

ထိုသို့ လက်နက်ကိုင်မဟာမိတ်(၃)ဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများ၌ (၁၀၂၇ စစ်ဆင်ရေး) အမည်ဖြင့် တိုက်ပွဲစတင် ဖော်ဆောင်မှုနှင့်အတူ စစ်ကိုင်း၊ ချင်း၊ ကယားနှင့် ရခိုင်ပြည်နယ်တို့တွင်လည်း စစ်ပွဲများ ကူးစက်လာခဲ့သည်။

KNPP နှင့် PDF ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သော နိုဝင်ဘာလ ၁၁ ရက်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့နှင့်တစ်ဝိုက်ရှိ လုံခြုံရေးစခန်းများကို (၁၁.၁၁ စစ်ဆင်ရေး)အမည်ဖြင့် စတင်တိုက်ပွဲဖော်ဆောင်ခဲ့သည်။

၎င်းစစ်ဆင်ရေးအတွင်း လွိုင်ကော်တက္ကသိုလ်မှ ပါမောက္ခချုပ်ဒေါက်တာအောင်ခင်မြင့်အပါအဝင် ဆရာ/မ၊ ဝန်ထမ်း စုစုပေါင်း (၂၀၄)ဦးကိုလည်း KNPP နှင့် PDF အဖွဲ့က အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း နစကဘက်က ထုတ်ပြန်ခဲ့သည်။

ထိုသို့ တက္ကသိုလ်ပါမောက္ခချုပ်အပါအဝင် ဆရာ/မ၊ ဝန်ထမ်းများ ဖမ်းဆီးခံရခြင်းနှင့် ပညာရေးဆိုင်ရာအဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ခြင်းအပေါ် အထက်ပါအရပ်ဖက်အဖွဲ့ အစည်းအသီးသီး နှင့် အားကစားမီဒီယာများအဖွဲ့ချုပ်၊ ဘူးသီးတောင်မောင်တောဒေသဖွံ့ဖြိုးရေးအသင်း၊ ဟာသပညာရှင်များအစည်းအရုံး၊ ယုံကြည်ခြင်း ဧဝံဂေလိအသင်းတော်(ပဲခူး)၊ မြန်မာနိုင်ငံဆိုင်ရာ တမီးလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)၊ လွတ်မြောက်ခြင်းအသင်းတော်(ရန်ကုန်)၊ ပိန္နဲကုန်းရခိုင်ဂျာမေဗလီ၊ မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်တို့ကလည်း အပြင်းအထန်ကန့်ကွတ်ရှုတ်ချထားသည်။

ယင်းကဲ့သို့ အကြမ်းဖက်လုပ်ဆောင်မှုများသည် နိုင်ငံ၏အရေးပါသော ပညာရေးကဏ္ဍကို ဖျက်ဆီးမှုတစ်ရပ်သာဖြစ်ကြောင်း အရပ်ဖက်အဖွဲ့အစည်းများက ဆိုသည်။

MNDAA ဦးဆောင်သော မဟာမိတ်(၃)ဖွဲ့သည် အောက်တိုဘာလ ၂၇ ရက်မှစ၍ ရှမ်းပြည်နယ်အတွင်း၌ တိုက်ပွဲများ ဖော်ဆောင်ခဲ့ပြီးနောက်ပိုင်းတွင် အခြားသောဒေသများသို့ စစ်ပွဲများ ကူးစက်မှုများရှိခဲ့ပြီး ၎င်းစစ်ပွဲများနှင့်ပတ်သက်၍လည်း လူပုဂ္ဂိုလ်များက ကန့်ကွက်ရှုတ်ချမှုများ ရှိခဲ့သည်။

နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး စသောဒေသများတွင် လူပုဂ္ဂိုလ်များက “တရုတ်နိုင်ငံအနေဖြင့် မြန်မာပြည်မြောက်ပိုင်းမှ အကြမ်းဖက်သောင်းကျန်းသူများကို ကူညီပံ့ပိုးနေမှုများ ရပ်တန့်ရန်”၊ “ပြည်တွင်းရေးကို ဝင်ရောက်နှောင့်ယှက်သူများအား ဆန့်ကျင်ကြ”၊ “အမိမြေကို ကာကွယ်ကြ”၊ “ရှေ့တန်းရောက် တပ်မတော်သားများ ကျန်းမာပါစေ”၊ “TNLA၊ KIA၊ MNDAA၊ AA အလိုမရှိ” စသောဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒပြမှုများရှိခဲ့သည်။

“တစ်ဖက်နိုင်ငံရဲ့ ပံ့ပိုးမှုတွေ ရှိနေတယ်လို့ မြင်တယ်။ ဒါကျွန်တော် တစ်ယောက်တည်းရဲ့ အမြင်ပါ။ သူတို့ဘက်က မပါဘဲနဲ့တော့ အဆင့်မြင့် ဒရုန်းကြီးတွေက EAO လက်ထဲရောက်စရာ အကြောင်းမရှိဘူး။ အဲဒါကြောင့်မိုလို့ ဆန္ဒပြတဲ့သူတွေက တရုတ်သံရုံးရှေ့မှာ သွားရောက်ပြီးတော့ ဆန္ဒပြတယ်လို့ မြင်ပါတယ်” ဟု နိုင်ငံရေးပါတီကြီးတစ်ခုမှ ခေါင်းဆောင်တစ်ဦးက ပြောသည်။

လက်ရှိတွင် နိုင်ငံအတွင်း၌ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာစစ်ဘေးရှောင်နေရသည့်ပြည်သူလူထုများစွာရှိနေပြီး လိုအပ်ချက်များစွာဖြင့် ရင်ဆိုင်နေရလျက်ရှိသည့်အပြင် အရပ်သားသေဆုံး၊ နေအိမ်အဆောက်အဦးများ ပျက်စီးဆုံးရှုံးမှု နှင့် လမ်းတံတားများစွာ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိနေသည်။


Comments :

1 comments

user_logo
Nrani

9 months ago - 10:05 am - Nov 23, 2023

ဒါလောက်နဲ့ပြီးသွားတော့မှာလား မြန်မာနိုင်ငံက ဆယ်လီအသင်းတွေ ကောမကြေညာကြဘူးလား
PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယနေ့ နိုဝင်ဘာလ ၂၂ ရက်အတွင်းဖြစ်ပွားခဲ့သည့် ပြည်တွင်းနှင့် ပြည်ပက ထူးခြားဖြစ်စဥ် သတင်းထူးများ

RELATED POSTS
RECENT POSTS
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved