ထိုင်းရောက် မြန်မာလုပ်သားများအတွက် ဗီဇာကြေး၊ ဗီဇာသက်တမ်းတိုးခများကို ဘတ်(၅ဝဝ) သို့လျှော့ချကောက်ခံ
စော (NSS) - နိုဝင်ဘာ ၂၂
ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် ဗီဇာကြေး၊ ဗီဇာသက်တမ်းတိုးခများကိုဘတ်(၅၀၀)သို့ လျှော့ချကောက်ခံလျက်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံရှိ အလုပ်သမားသံအရာရှိရုံးက ယနေ့(နိုဝင်ဘာလ ၂၂ ရက်)တွင် အထက်ပါကဲ့သို့ အသိပေး ကြေညာထားခြင်းဖြစ်သည်။
ဗီဇာကြေး နှင့် ဗီဇာသက်တမ်းတိုးခများကို ပြီးခဲ့သည့် (နိုဝင်ဘာလ ၁၁ ရက်)မှစတင်၍ လျှော့ချသတ် မှတ်ခဲ့ခြင်းဖြစ်ပြီး သက်တမ်းသည် (၄)နှစ်အထိ အာဏာသက်ရောက်မည်ဖြစ်ကြောင်း အလုပ်သမားသံအရာရှိရုံးက အသိပေးထားသည်။
ယခင်က ဗီဇာသက်တမ်းများကို ၂ နှစ်သာ ပေးခဲ့ခြင်းဖြစ်သည်။
ဗီဇာကြေးအတွက် ယခင်က တံဆိပ်တုံးတစ်ခုလျှင် ဘတ်(၂၀၀၀)မှ ယခုလက်ရှိတွင် ဘတ်(၅၀၀)သို့ လျှော့ချသတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ယာယီနေထိုင်ခွင့်သက်တမ်းတိုးခြင်းအတွက် ဗီဇာတုံးကြေးအတွက် ဗီဇာသက်တမ်းတိုးခအဖြစ် ဗီဇာတုံးကြေး တစ်တုံးလျှင် ဘတ်(၁၉၀၀)အစား ဘတ်(၅၀၀)သာပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံသို့ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမား သည် (၂)သန်းနီးပါးရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မှော်ဘီမြို့နယ်၌ YBS(123) mini bus ပေါ်မှ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံး
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း