ပြည်နယ်အစိုးရအဖွဲ့ ရုံးစိုက်ရာ စစ်တွေမြို့၌ အသံမိုင်းပေါက်ကွဲမှုများ ဖြစ်ပေါ်
မြူနစ် (NSS) - နိုဝင်ဘာ ၂၁
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရုံးစိုက်ရာ စစ်တွေမြို့၌ အသံမိုင်းဟု ကနဦးယူဆရသည့် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့(နိုဝင်ဘာလ ၂၁ ရက်)၊ နေ့လည် ၃ နာရီဝန်းကျင်အချိန်တွင် စစ်တွေမြို့၌ (၃)ကြိမ်ထက်မနည်း ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း စစ်တွေမြို့ခံများထံမှ သိရသည်။
“အသံမိုင်း ဖြစ်မယ်လို့ ထင်တယ်၊ ကြားလိုက်တယ်။ ဆက်ရိုးကျတံတားအထွက် လမ်းသုံးခွဆုံရှိတဲ့နေရာမှာ ပေါက်ကွဲမှုဖြစ်တယ်လို့ ကြားတယ်။ နောက်အဲဒီနားမှာပဲ လက်နက်ငယ် ၄၊ ၅၊ ၆ ချက်လောက် အသံကြားတယ်လို့ ပြောကြတယ်။ ပြီးတော့ ဒကစတို့၊ ဘာတို့ရှိတဲ့ မြို့အပြင်ဘက်မှာ အသံမိုင်းလို အသံမျိုး ကြားရတယ်”ဟု စစ်တွေမြို့ခံတစ်ဦးက NSS ကို ပြောသည်။
ယနေ့ နေ့လည်ပိုင်းတွင် စစ်တွေမြို့၌ ဖြစ်ပေါ်ခဲ့သော ပေါက်ကွဲမှုများသည် အသံမိုင်းပေါက်ကွဲခြင်းဖြစ်သည်ဟု ယူဆပြောဆိုမှုများရှိနေသော်လည်း NSS အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
စစ်တွေမြို့၌ ယခုကဲ့သို့ ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့သော်လည်း ဒေသခံပြည်သူလူထုအနေဖြင့် ပုံမှန်အတိုင်းသာ သွားလာနေထိုင်လျက်ရှိကြောင်း မြို့ခံများက ပြောသည်။
စစ်တွေမြို့တွင် ဖြစ်ပေါ်ခဲ့သော ပေါက်ကွဲမှုဖြစ်စဉ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ရခိုင်လက်နက်ကိုင်အဖွဲ့ ULA/AA သည် ပြီးခဲ့သော နိုဝင်ဘာလ ၁၃ ရက်မှစတင်ကာ ပြည်နယ်အတွင်း၌ တစ်ကျော့ပြန်တိုက်ပွဲများကို ပြန်လည်ဖော်ဆောင်ခဲ့သည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း၌ တပ်မတော်နှင့် AA တို့ကြားတိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး ယနေ့တွင်လည်း ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နှင့်တစ်ဝိုက်တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ့ဘောလုံးပရိတ်သတ်များ (PHOTO News)
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း