ရွှေကျင်နိကာယဥပဥက္ကဋ္ဌမဟာနာယက စည်ရှင်နာယကဆရာတော် ဘဝနတ်ထံ ပျံလွန်တော်မူ
စော (NSS) - နိုဝင်ဘာ ၁၉
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ ရွှေကျင်နိကာယဥပဥက္ကဋ္ဌမဟာနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ နိုင်ငံတော်ဩဝါဒါစရိယ၊ မဟာဝိသုဒ္ဓါရုံတိုက်သစ် မဟာနာယက စည်ရှင်ဆရာတော်ကြီး ဘဒ္ဒန္တအဂ္ဂဉာနာဘိဝံသ သည် ယနေ့ နိုဝင်ဘာ ၁၉ ရက်၊ နံနက်ပိုင်းတွင် ဘဝနတ်ထံ ပျံလွန်တော်မူသွားကြောင်း သိရသည်။
စည်ရှင်ဆရာတော်ကြီးသည် ယနေ့(နိုဝင်ဘာ ၁၉ ရက်)၊ နံနက် (၉)နာရီ (၃၃)မိနစ်အချိန်တွင် ဘဝနတ်ထံ ပျံလွန် တော်မူခဲ့ကြောင်း ရွှေကျင်နိကာယဗဟိုဌာန မဟာဝိသုဒ္ဓါရုံတိုက်သစ်၏ လူမှုကွန်ယက် စာမျက်နှာပေါ်မှတစ်ဆင့် ကြေညာထားခြင်းဖြစ်သည်။
“မန္တလေးကျောင်းမှာပဲ ပျံလွန်တော်မူတာပါ။ ရိုးရိုး (၉၆)ပါး ရောဂါပေါ့။ သက်ကြီးရောဂါပေါ့ (၈၅)နှစ်ဆိုတော့ ။ ပြီးရင် သူတို့ဘာသာ လိုင်းပေါ်ကနေ အသိပေးလိမ့်မယ်။ ဘယ်နေ့ဈာပနလုပ်မယ် ။ ဘယ်နှစ်ရက်ထားမယ်ဆို တာကို လိုင်းပေါ်က အသိပေးလိမ့်မယ်” ဟု စည်ရှင်ကျောင်းတိုက်မှ ဆရာတော်ကြီးတစ်ပါးက NP News ကို မိန့်ကြားသည်။
စည်ရှင်ဆရာတော်ကြီးသည် ပျံလွန်တော်မူချိန်၌ သက်တော်သည် (၈၅)နှစ်ဖြစ်ပြီး ဝါတော် (၆၆)နှစ်ဖြစ်ကြောင်း သိရသည်။
ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနအခမ်းအနားနှင့်ပတ်သက်၍ ကျင်းပမည့်ရက်ကို ထုတ်ပြန်ကြေညာပေးသွား မည်ဖြစ်ကြောင်း သိရသည်။
စည်ရှင်ဆရာတော်ကြီးသည် ဝီသတိမအကြိမ် (အကြိမ် ၂ဝ မြောက်)ကျင်းပသည့် ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ သံဃာ့အစည်းအဝေးပွဲတွင် တွဲဖက် ရွှေကျင်သာသနာပိုင်အဖြစ် ခန့်အပ်တင်မြှောက်ခံခဲ့ရကြောင်း သိရသည်။
ထို့ပြင် စည်ရှင်ဆရာတော်ကြီးသည် (၂ဝ၂ဝ) ပြည်နှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆပ်ကပ်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနား၌ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ခံခဲ့ရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်ဖြစ်လျှင် သူပုန်က လမ်း-တံတားတွေကို ဘာ့ကြောင့် ဖျက်ဆီးတာလဲ
RELATED POSTS
04 Sep 2024 | ဘာသာရေး,ပြည်တွင်း
22 Jul 2024 | ဘာသာရေး,နိုင်ငံတကာ
02 Jun 2024 | ဘာသာရေး,နိုင်ငံတကာ
29 May 2024 | ဘာသာရေး,ပြည်တွင်း