တောင်ကိုရီးယားမှာ ခွေးသားစားသုံးမှု တားမြစ်ဖို့ ရည်ရွယ်ထား
ရောင်နီ (NSS) - နိုဝင်ဘာ ၁၈
တောင်ကိုရီးယားနိုင်ငံမှာ တိရိစ္ဆာန် အခွင့်အရေးဆိုင်ရာ အငြင်းပွားမှုများ အဆုံးသတ်ဖို့ အတွက် ခွေးသားစားခြင်းကို တားမြစ်ပိတ်ပင်ဖို့ ရည်ရွယ်ထားကြောင်း အာဏာရပါတီ မူဝါဒရေးရာ အကြီးအကဲတစ်ဦးက သောကြာနေ့ (နိုဝင်ဘာလ ၁၇ ရက်)မှာ ပြောကြားခဲ့ပါတယ်။
ခွေးသားစားသုံးတဲ့ ဓလေ့အတွက် ရက်စက်ကြမ်းကြုတ်မှုတစ်ခုအဖြစ် ပြည်ပမှ ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီးနောက် ပြည်တွင်းမှာ အထူးသဖြင့် လူငယ်တွေက ခွေးသားစားသုံးမှု ဆန့်ကျင်လုပ်ဆောင်ချက်များ တိုးမြှင့်ပြုလုပ်လာခဲ့ပါတယ်။
"ခွေးသားစားသုံးခြင်းနဲ့ပတ်သက်တဲ့ အငြင်းပွားဖွယ်ရာတွေကို အဆုံးသတ်ဖို့ အချိန်တန်ပြီ" လို့ အာဏာရပြည်သူ့အာဏာပါတီရဲ့ မူဝါဒရေးရာအကြီးအကဲ ယူအင်ဒန်က ပြောကြားခဲ့ပါတယ်။
အစိုးရနဲ့ အာဏာရပါတီတို့က အဆိုပါ ခွေးသားစားသုံးမှု တားမြစ်ချက်အတွက် ယခုနှစ်အတွင်း ဥပဒေကြမ်းတစ်ရပ် တင်သွင်းဖို့ ပြင်ဆင်နေပါတယ်။ စိုက်ပျိုးရေးဝန်ကြီး ချောင်းဟွမ်ကမ်က အစိုးရအနေနဲ့လည်း တားမြစ်ချက်ကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဖို့ ပြင်ဆင်ပြီး ခွေးသားထုတ်လုပ်တဲ့ လုပ်ငန်းတွေအတွက် ဖြစ်နိုင်ခြေရှိတဲ့ ပံ့ပိုးမှုတွေ ပေးသွားမယ်လို့ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
ယခင်က ခွေးသားစားခြင်းဆိုင်ရာ ဥပဒေကြမ်းများစွာရှိခဲ့ဖူးပေမယ့် လယ်သမားများ၊ စားသောက်ဆိုင်ပိုင်ရှင်များရဲ့ အသက်မွေးဝမ်းကြောင်းအတွက် စိုးရိမ်မှုများရှိခဲ့တာကြောင့် အတည်ပြုခြင်း မအောင်မြင်ခဲ့ပါဘူး။ ယခု အဆိုပြုထားတဲ့ တားမြစ်ချက်မှာတော့ စီးပွားရေးလုပ်ငန်းတွေအတွက် ကုန်သွယ်မှုကူးပြောင်းဖို့ ပေးဆောင်ရမယ့် သုံးနှစ်သက်တမ်းနဲ့ ငွေကြေးပံ့ပိုးမှုတို့ ပါဝင်မယ်လို့ သိရပါတယ်။
ခွေးသားစားခြင်းဟာ ကိုရီးယားကျွန်းဆွယ်မှာ အသက်အရွယ်ကြီးရင့်သူတို့အတွက် နွေရာသီ အပူဒဏ်ကို တိုက်ဖျက်တဲ့ နည်းလမ်းတစ်ခုအဖြစ် ရှုမြင်ကြပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပက ၂၄ နာရီအတွင်း ထူးခြားဖြစ်စဥ်သတင်းများ
RELATED POSTS
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း