Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နှစ်နိုင်ငံ ဖမ်းဝရမ်းထုတ်ထားသော ကိုးကန့်(မြီ)မိသားစုထဲမှ သုံးဦးဖမ်းဆီးခံရပြီး တစ်ဦး ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့

ကျော် (NSS) - နိုဝင်ဘာ ၁၆

တရုတ်-မြန်မာနှစ်နိုင်ငံလုံးက ဖမ်းဝရမ်းထုတ်ခြင်းခံထားရသော ကိုးကန့်(မြီ)မိသားစု လေးဦးကို မြန်မာအစိုးရက ဖမ်းဆီးခဲ့ရာတွင် တစ်ဦးက မိမိကိုယ်ကိုယ်သတ်သေခဲ့ပြီး၊ အခြားသုံးဦး ဖမ်းဆီးခံရကာ တရုတ်နိုင်ငံဘက်သို့ လွှဲပြောင်းပေးခြင်းခံရကြောင်း သတင်းရရှိသည်။


ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လောက်ကိုင်မြို့တွင် နေထိုင်သော မြီရှောက်ချန်း၊ မြီကော်ဖျင်း (ခ) မြီရှောက် ဖျင်း၊ မြီကျွီလန် နှင့် မြီကျိန်းကျိန်းတို့ကို တရုတ်အစိုးရနှင့် မြန်မာအစိုးရတို့က ဖမ်းဝရမ်းထုတ်ကြောင်း ကြေညာခဲ့ပြီး သည့်နောက် နိုဝင်ဘာလ ၁၆ ရက် နံနက်ပိုင်းတွင် လောက်ကိုင်ဒေသအာဏာပိုင်များက သွားရောက်ဖမ်းဆီးခဲ့ရာမှ သတ်သေမှုနှင့် ဖမ်းဆီး လွှဲပြောင်းခံရမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

နစက၏ နိုဝင်ဘာ ၁၆ ရက် ညနေပိုင်းက ထုတ်ပြန်မှုတွင် ဖမ်းဆီးခံရသူ သုံးဦးနှင့် သတ်သေသွားသူ တစ်ဦး အကြောင်းကို အတိအလင်းဖော်ပြထားပြီး၊ ဖမ်းဆီးထားသူ သုံးဦးလုံးကိုလည်း နာရီမခြားဘဲ တရုတ်-မြန်မာနယ်စပ် ရန်လုံကျိုင်းနယ်စပ်ဂိတ်မှတဆင့် တရုတ်ရဲများထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း ထည့်သွင်း အသိပေးထားသည်။ 

“ဦးမြီ(မြီရှောက်ချန်း) က လာဖမ်းတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်လို့ ကြားရတယ်။  ကျန်တဲ့ သုံးယောက်လုံးကိုလည်း တရုတ်ရဲတွေလက်ထဲကို မနက်က အပ်လိုက်တယ်လို့ သိရတယ်” ဟု လောက်ကိုင် အခြေစိုက် NP News ၏ သတင်းရင်းမြစ်တစ်ဦးက နိုဝင်ဘာ ၁၆ ရက် နေ့လည်ပိုင်းတွင် ‌ပြောသည်။ 


နစက၏ ထုတ်ပြန်ချက်တွင်လည်း မြီရှောက်ချန်း က တရားမဝင်ကိုင်ဆောင်ထားသော ပစ္စတိုသေနတ်ဖြင့် မိမိကိုယ်ကိုယ် ပစ်သတ်ခဲ့သည့်အတွက် ဆေးကုသမှုခံယူစေရန် အာဏာပိုင်များက စီစဥ်ပေးခဲ့ကြောင်း၊ သို့သော် လည်း သေဆုံးသွားခဲ့ကြောင်း ဖော်ပြထားသည်။ သေဆုံးသွားခဲ့သည့် မြီရှောက်ချန်း၏ ရုပ်အလောင်းအား တရုတ်နိုင်ငံဘက်သို့ ယူဆောင်သွားခြင်းမရှိဘဲ လိုအပ်သည်များကို စစ်ဆေးအတည်ပြုမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဦးမြီရှောက်ချန်းအပါ ၄ ဦးကို တရုတ်အစိုးရက နိုဝင်ဘာ ၁၂ ရက်ကတည်းက ဖမ်းဝရမ်းထုတ်ခဲ့ပြီး ၄င်းတို့ ၄ ဦးအကြောင်း သတင်းပေးသူများကို အနိမ့်ဆုံး ယွမ် တစ်သိန်းမှ ငါးသိန်းအထိ ဆုငွေချီးမြှင့်မည်ဟု ထုတ်ပြန်ခဲ့ဖူး သည်။ တရုတ်အစိုးရ၏ ထုတ်ပြန်ချက်အပြီး နောက်ထပ် ၇၂ နာရီအတွင်းမှာပင် မြန်မာအစိုးရဘက်ကလည်း ဖမ်းဝရမ်းတစ်ခုကို နိုဝင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်လာခဲ့သည်။ 

သေဆုံးသူ ဦးမြီရှောက်ချန်းသည် ကိုးကန့်ခေါင်းဆောင်ဟောင်း ဦးဖုန်ကြားရှင်၏ တပည့်တစ်ဦးဖြစ်ခဲ့ပြီး၊ ဦးဖုန်ကြားရှင် ခေတ်အလွန်တွင် မြန်မာအစိုးရနှင့် ပူးပေါင်းလုပ်ဆောင်မှုများ ရှိထားသူဖြစ်သည်။ ဦးမြီရှောက်ချန်းနှင့်အတူ ဖမ်းဝရမ်းထုတ်ခံရသူ သုံးဦးထဲမှ မြီကော်ဖျင်းသည် လောက်ကိုင်ဒေသနယ်ခြားစောင့်တပ် အရာရှိတစ်ဦးဖြစ်ပြီး၊ ဦးမြီရှောက်ချန်းကိုယ်တိုင်လည်း လောက်ကိုင်အခြေပြု ပြည်ခိုင်ဖြိုးပါတီအမတ်တစ်ဦးအဖြစ် ၂ဝ၁ဝ ခုနှစ်တွင် လွှတ်တော်၌ ဝင်ထိုင်ခဲ့ဖူးသူဖြစ်သည်။ 

တရုတ်-မြန်မာ အစိုးရနှစ်ဖက်လုံးက ဦးမြီရှောက်ချန်းအပါအဝင် ၄ ဦးလုံးကို ဖမ်းဝရမ်းထုတ်ရခြင်း၏ ခေါင်းစဥ်မှာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း Online လိမ်လည်မှုများ၊ လူကို သွေးဆောင်ဖျားယောင်းမှုများ၊ လူပြန် ပေးဆွဲမှုများ၊ တရားမဝင်ချုပ်နှောင်မှုများ၊ ခြောက်လှန့်တောင်းယူမှုများကို ဂိုဏ်းဖွဲ့ကျူးလွန်ခြင်း၊ ကျူးလွန်ရန်အား ထုတ်ခြင်း၊ အားပေးကူညီခြင်းများပြုလုပ်ခဲ့ကြသောကြောင့်ဖြစ်ကြောင်း သိရသည်။ 

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရခိုင်ဝန်ကြီးများကိစ္စနဲ့ ပေါက်တောသတင်း၊ ကိုးကန့်ဒေသ ခေါင်းဆောင်အပြောင်းအလဲနဲ့ ဖမ်းဝရမ်းများ၊ လွိုင်ကော်အခြေအနေ၊ ဘဏ်ကိစ္စမှာ ကောလာဟလရဲ့သားကောင်မဖြစ်စေနဲ့ (၁၆-၁၁-၂ဝ၂၃)

RELATED POSTS
RECENT POSTS
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved