မြန်မာနိုင်ငံတွင် ဆေးကုသခွင့်လိုင်စင်မရှိသည့် ဗီယက်နမ်နိုင်ငံသားနှင့် မြန်မာဆရာဝန်တို့ ဖွင့်လှစ်ထားသော အလှအပရေးရာဆေးခန်းအား အမှုဖွင့်အရေးယူ
စော (NSS) - နိုဝင်ဘာ ၁၆
မြန်မာနိုင်ငံတွင် ဆေးကုသခွင့်လိုင်စင်မရှိသော ဗီယက်နမ်နိုင်ငံသား နှင့် မြန်မာနိုင်ငံသားဆရာဝန်တို့ ဖွင့်လှစ်ထားသော အလှအပရေးရာ ခွဲစိတ်ကုသပေးသည့် ဆေးခန်းအား ဗဟန်းမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ယနေ့(နိုဝင်ဘာလ ၁၆ ရက်)က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် (နိုဝင်ဘာလ ၁၄ ရက်)က Saigon Beauty Skin& Luxury Clinic လုပ်ငန်းသည် နှာခေါင်း၊ မျက်ရစ် နှင့် နှုတ်ခမ်းခွဲစိတ်ကုသမှုများ ပြုလုပ်ပေးလျက်ရှိသည်ကို လူမှုကွန်ရက်စာမျက်နှာ၌ ကြေညာခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ နတ်မောက်ရိပ်သာလမ်း၊ အမှတ် (၂၄/ C)တွင် ဖွင့်လှစ်ထားသော အဆိုပါလုပ်ငန်းအား ရန်ကုန်တိုင်းကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများပူးပေါင်း၍ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာ မြန်မာနိုင်ငံတွင် ဆေးကုသခွင့်လိုင်စင်မရှိသည့် ဗီယက်နမ်နိုင်ငံသားတစ်ဦးနှင့် မြန်မာနိုင်ငံသားဆရာဝန်တစ်ဦးတို့ ပါဝင်သော အဖွဲ့သည် တရားမဝင်ခွဲစိတ်ကုသခြင်းနှင့် တရားမဝင်ဆေးဝါးများ အသုံးပြုခြင်းတို့ရှိနေကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် Saigon Beauty Skin& Luxury Clinic လုပ်ငန်းအား ဗဟန်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြန်မာနိုင်ငံဆေးဝါးဥပဒေ၊ မြန်မာနိုင်ငံဆေးကောင်စီဥပဒေနှင့် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေများဖြင့် ဗဟန်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖမ်းဝရမ်းထုတ်ထားသည့် တရုတ်နိုင်ငံသား(၄) ဦးအနက် (၃) ဦးကို ယနေ့နံနက်ပိုင်းက ဖမ်းဆီးရမိ
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ