Drone အသုံးပြုပြီး တိုက်ခိုက်ခံရမှုကို အမြန်ဆုံး ထိရောက်စွာကာကွယ်နိုင်ရန် ဆောင်ရွက်လျက်ရှိဟု နစကပြောခွင့်ရဆို
သန့်ဇင် (NSS) - နိုဝင်ဘာ ၁၆
အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်နယ်မြေ၊ ရှမ်းပြည်နယ်(အရှေ့မြောက်)ပိုင်းရှိ အချို့သော တပ်မတော်စခန်းများအား ပြောင်းလဲလာသည့် စစ်နည်းဗျူဟာများအရ Drone အသုံးပြုပြီး တိုက်ခိုက်ခံရမှုကို အမြန်ဆုံး ထိရောက်စွာကာကွယ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့ (နိုဝင်ဘာလ ၁၅ ရက်)တွင် ပြောကြားထားသည်။
ယမန်နေ့ (နိုဝင်ဘာလ ၁၅ ရက်)တွင် လောက်ကိုင်နားရှိ ရှင်ခုတ်ထန်စခန်းကို ဝင်ရောက်တိုက်ခိုက်မှုရှိပြီး အမှတ်(၂၉ဝ) ခြေလျင်တပ်ရင်း တာမိုးညဲကိုလည်း Drop Bomb အလုံးရာချီဖြင့် တိုက်ခိုက်မှုများရှိခဲ့ကြောင်း နစက ပြောခွင့်ရက ပြောသည်။
ထို့ပြင် ရှမ်းပြည်နယ် အရှေ့မြောက်ဘက်ရှိ တပ်မတော်စခန်းအချို့အား Drone များဖြင် Drop Bomb များပစ်ချတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ တိုက်ခိုက်မှုများကြောင့် အချို့သော စခန်းများကို စစ်နည်းဗျူဟာအရ ပြန်လည်ပေါင်းစည်းခဲ့ရပြီး ပြောင်လဲလာသည့် စစ်နည်းဗျူဟာများအရ Drone သုံးပြီး တိုက်ခိုက်ခံရမှုကို အမြန်ဆုံး ထိရောက်စွာကာကွယ်နိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ဦးဆောင်သော မဟာမိတ်(၃)ဖွဲ့သည် (၁၀၂၇ စစ်ဆင်ရေး) ဖြင့် ပြီးခဲ့သော အောက်တိုဘာလ ၂၇ ရက်မှစတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လုံခြုံရေးစခန်းများကို အင်းအားသုံးဝင်ရောက်တိုက်ခိုက်လျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လားရှိုးတက္ကသိုလ်၌ဖြေဆိုမည့် တတိယအသုတ် အဝေးသင်တက္ကသိုလ်စာမေးပွဲများကို ယနေ့မှစတင်၍ ရက်အကန့်အသတ်မရှိရွှေ့ဆိုင်း
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ