အမေရိကန်နိုင်ငံ၊ အိုဟိုင်းယိုးပြည်နယ် အဝေးပြေးလမ်းမှာ ကျောင်းဘတ်စ်ကားတစ်စီး ဆီမီးထရပ်ကားတစ်စီးနဲ့ တိုက်မိပြီး လူ ၆ ဦး သေဆုံး
ရောင်နီ (NSS) - နိုဝင်ဘာ ၁၆
အမေရိကန်နိုင်ငံ၊ အိုဟိုင်းယိုးပြည်နယ်မှာ အထက်တန်းကျောင်းသားတွေနဲ့ မိဘတွေကို တင်ဆောင်လာတဲ့ ကျောင်းဘက်စ်ကားတစ်စီး အင်္ဂါနေ့(နိုဝင်ဘာ ၁၄ ရက်) က အိုဟိုင်းယိုးပြည်နယ် အဝေးပြေးလမ်းမပေါ်မှာ ဆီမီးထရပ်တစ်စီးကို အနောက်မှ တိုက်မိခဲ့ပြီး လူခြောက်ဦးသေဆုံးခဲ့ကာ အနည်းဆုံး လူ ၁၈ ဦး ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
ကျောင်းဘတ်စ်ကားဟာ အိုဟိုင်းယိုးပြည်နယ် အရှေ့ပိုင်းရှိ ကျောင်းတစ်ကျောင်းမှ ကျောင်းသားတွေနဲ့ မိဘတွေကို တင်ဆောင်မောင်းနှင်လာတာဖြစ်ပြီး ကားပေါ်မှာ စုစုပေါင်း လူ ၅၇ ဦး လိုက်ပါလာတာဖြစ်တယ်လို့ Licking ကောင်တီ အရေးပေါ် စီမံခန့်ခွဲမှုအေဂျင်စီ ဒါရိုက်တာ ဆီယန်ဂရာဒီက ပြောကြားခဲ့ပါတယ်။
ကျောင်းသားတွေဟာ ကိုလံဘတ်စ် အနောက်ဘက် မိုင် ၁ဝဝ ခန့်အကွာမှာ ကျင်းပနေတဲ့ အိုဟိုင်းယိုးပြည်နယ် ကျောင်းဘုတ်အဖွဲ့ညီလာခံကို အုပ်ထိန်းသူတွေနဲ့အတူ သွားကြတာဖြစ်တယ်လို့ Tuscarawas တောင်ကြား ကျောင်း ခရိုင်အုပ်ကြီး ဒီရက်ခ်ဗာရန်စကီး မှ ပြောကြားခဲ့ပါတယ်။
အဆိုပါမတော်တဆမှုမှာ Licking County ရှိ West Interstate 70 မှာ အင်္ဂါနေ့(နိုဝင်ဘာ ၁၄ ရက်) နံနက် ၉ နာရီ မတိုင်မီက ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။
ဘတ်စ်ကားပေါ်လိုက်ပါလာတဲ့ ကျောင်းသား သုံးဦး အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့ပြီး ကျောင်းသား ၁၅ ဦး အပါအဝင် စုစုပေါင်း ၁၈ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြည်နယ် လှည့်ကင်းရဲတပ်ဖွဲ့က ပြောပါတယ်။
မတော်တဆမှုဖြစ်ရတဲ့အကြောင်းရင်းကို မသိရသေးပါဘူး။ အရာရှိတွေက ဆက်လက်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌကို နစကအပြောင်းအလဲပြုလုပ်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း