ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌကို နစကအပြောင်းအလဲပြုလုပ်
NSS - နိုဝင်ဘာ ၁၆
ကန့်ကိုယ်ပိုင်အုပ်ချုပ်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ အပြောင်းအလဲပြုလုပ်လိုက်ကြောင်း နစကဘက်က ယမန်နေ့ (နိုဝင်ဘာလ ၁၅ ရက်)ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။
နစကအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေအား တာဝန်မှ ရပ်စဲလိုက်ကြောင်း ထုတ်ပြန်ထားသည်။
ထို့နောက် ဦးမြင့်ဆွေ၏ နေရာတွင် ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်အား ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ခေတ္တဥက္ကဋ္ဌ အဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း အသိပေးထားသည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်က ကျင်းပခဲ့သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၃/၂၀၂၃) ကို တက်ရောက်ခဲ့ သည်ကို တွေ့ရှိရသည်။
လောက်ကိုင်ဒေသနှင့် ပတ်ဝန်းကျင်မှ မူးယစ်ဆေးဝါးမှရရှိသည့် အကျိုးအမြတ်များကို သိရှိခြင်းကြောင့် MNDAA အဖွဲ့အနေဖြင့် လောက်ကိုင်ဒေသကို ပြန်လည်ရရှိအောင် လုပ်ဆောင်နေခြင်းဖြစ်ပြီး လိုအပ်သော ပြန်လည်တုံ့ပြန်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၃/၂၀၂၃) တွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)၊ ဒေသကွပ်ကဲရေးမှူးအား ရှမ်းပြည်နယ်အတွင်းရှိ ကုန်းကြမ်းနှင့် လောက်ကိုင်မြို့နယ်တို့တွင် စစ်အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးရန် အခြေခံဥပဒေအရ နစကမှ အပ်နှင်းထားသည်။
MNDAA ဦးဆောင်ကာ TNLA၊ AA လက်နက်ကိုင်မဟာမိတ်(၃)ဖွဲ့သည် အောက်တိုဘာလ ၂၇ ရက်မှစ၍ (၁၀၂၇ စစ်ဆင်ရေး) အမည်ဖြင့် ဝင်ရောက်တိုက်ခိုက်လျက်ရှိရာ လက်ရှိတွင် ကွမ်းလုံ၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်၊ သိန်းနီစသော ဒေသတစ်ဝိုက်တွင် တပ်မတော် နှင့် MNDAA ဦးဆောင်သော မဟာမိတ်အဖွဲ့များကြား တိုက်ပွဲများ ဆက်လက်ပြင်း ထန်လျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟားမက်စ် နဲ့ အစ္စရေးတို့ဖြစ်ပွားနေတဲ့ စစ်ပွဲထဲကို တိုက်ရိုက်ပါဝင်မှာမဟုတ်ကြောင်း အီရန်နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေးခေါင်းဆောင်ပြော
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
18 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ