ဟားမက်စ် နဲ့ အစ္စရေးတို့ဖြစ်ပွားနေတဲ့ စစ်ပွဲထဲကို တိုက်ရိုက်ပါဝင်မှာမဟုတ်ကြောင်း အီရန်နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေးခေါင်းဆောင်ပြော
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၁၆
အီရန်နိုင်ငံရဲ့အမြင့်ဆုံး ဘာသာရေးခေါင်းဆောင် အလီခါမေနီက ဟားမက်စ်နဲ့အစ္စရေးကြားဖြစ်ပွားနေတဲ့စစ်ပွဲထဲကို တိုက်ရိုက်ပါဝင်မှာမဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
အလီခါမေနီဟာ နိုဝင်ဘာလအစောပိုင်းက ဟားမက်စ်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်နဲ့တွေ့ဆုံဆွေးနွေးပြီးနောက် အခုလိုမျိုးပြောခဲ့တာဖြစ်ကြောင်းသိရပါတယ်။ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို နှစ်ပေါင်းများစွာကူညီထောက်ပံ့ပေးနေတဲ့ အီရန်နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေးခေါင်းဆောင်က ၎င်းတို့ဟားမက်စ်အဖွဲ့ကို နိုင်ငံရေးနဲ့အခြားကိစ္စတွေကူညီပေးမှာဖြစ်ပေမယ့် စစ်ပွဲထဲ တိုက်ရိုက်ပါဝင်မှာမဟုတ်ကြောင်း ပြောဆိုခဲ့တယ်လို့သိရပါတယ်။
အီရန်နိုင်ငံရဲ့အထောက်အပံ့ကိုရရှိထားတဲ့ ဟစ်ဘိုလာအုပ်စုကတော့ ဟားမက်စ်နဲ့အစ္စရေးကြားဖြစ်ပွားနေတဲ့စစ်ပွဲထဲတိုက်ရိုက်ပါဝင်လာဖွယ်ရှိနေပါတယ်။ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ တပ်မှူးတစ်ဦးက " ကျွန်တော်တို့ဟာ စစ်ပွဲထဲကို ပါဝင်နေတယ်"လို့ ပြောပါတယ်။
ဟားမက်စ် နဲ့ အစ္စရေးကြားစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အီရန်နိုင်ငံဟာ စစ်ပွဲထဲတိုက်ရိုက်မပါဝင်သေးပေမယ့် အီရန်ရဲ့အထောက်အပံ့ရရှိထားတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ အစ္စရေးနိုင်ငံကို ပစ်မှတ်ထားပြီးတိုက်နေခဲ့ကြောင်းသိရပါတယ်။ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့အပြင် ဆီးရီးယားအခြေစိုက်လက်နက် ကိုင်အဖွဲ့၊ ယီမင်အခြေစိုက်လက်နက်ကိုင်အဖွဲ့တွေနဲ့ အီရန်နိုင်ငံအခြေစိုက်လက်နက်ကိုင်အဖွဲ့တွေ ဟာ အစ္စရေးကို အောက်တိုဘာလ ၇ ရက်နောက်ပိုင်းကတည်းက တိုက်ခိုက်နေခဲ့ကြောင်းသိရပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့ စစ်ပွဲဟာ ရက်ပေါင်း ၄၀ ရှိလာနေရာ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် ဂါဇာဒေသရှိ ပါလက်စတိုင်းလူမျိုး ၁၁၀၀၀ ကျော်သေဆုံးထား ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၄ နာရီအတွင်းဖြစ်ပွားခဲ့သည့် ပြည်တွင်းနှင့် ပြည်ပက ထူးခြားဖြစ်စဥ်သတင်းများ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ