ဖားအောက်တောရဆရာတော် နှလုံးအထူးကုသမှု အောင်မြင်
ကျော် (NSS) - နိုဝင်ဘာ ၁၅
ဖားအောက်တောရဆရာတော်ကြီးသည် နှလုံးကျန်းမာရေးမကောင်းသဖြင့် စင်ကာပူနိုင်ငံတွင် ယနေ့ (နိုဝင်ဘာလ ၁၅ ရက်)၊ နေ့လည် ၁၂ နာရီက နှလုံးအထူးကုသမှုခံယူခဲ့ရသည်။
ထိုသို့ နှလုံးအထူးကုသမှုခံယူရာ၌ ဖားအောက်တောရဆရာတော်ကြီးအား စင်ကာပူနိုင်ငံရှိ ဆေးရုံမှဆရာဝန်များက AV Node Ablation ကုထုံးဖြင့် ကုသပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
AV Node Ablation ကုထုံးဖြင့်ကုသမှုခံယူရာ အောင်မြင်မှုရှိခဲ့ပြီး ဆရာတော်ကြီး၏ကျန်းမာရေးအခြေအနေအရ လုံလောက်စွာအနားယူရန်လိုအပ်သဖြင့် ဧည့်တွေ့ဖူးမြှော်ခြင်းကို ဆေးအဖွဲ့ကခွင့်ပြုပေးခြင်းမရှိသေးကြောင်း သိရသည်။
ဆရာတော်ကြီး လုံလောက်စွာအနားယူပြီး၍ ကျန်းမာရေးအခြေအနေအလုံးစုံပြန်လည်ကောင်းမွန်လာမှသာ အချိန်အကန့်အသတ်ဖြင့် ဧည့်တွေ့ဖူးမြှော်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ဖားအောက်တောရဆရာတော်ကြီးသည် ဆေးကုသမှုခံယူရန် စင်ကာပူနိုင်ငံသို့ နိုဝင်ဘာလ ၉ ရက်က ကြွရောက်၍ သီတင်းသုံးနေတော်မူခဲ့ရာမှ ယနေ့တွင် နှလုံးအထူးကုသမှုခံယူခဲ့ခြင်းဖြစ်သည်။
ဖားအောက်တောရဆရာတော်ကြီး နှလုံးအထူးကုသမှုခံယူနေစဥ် ဖားအောက်တောရစာသင်တိုက်အသီးသီးမှ ဆရာတော်၊ သံဃာတော်များက ဆုတောင်းမေတ္တာပို့သခြင်း၊ ဆရာတော်ကြီးဘွဲ့အမည်ပါ သည့် ဗောဇ္စျင်သုတ်တရားတော်ဖြင့် ပူဇော်ခြင်းတို့ကိုပြုလုပ်ခဲ့ကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်-မန္တလေး အမြန်လမ်း၌ ကားတစ်စီး ဘီးပေါက်၍ ယာဉ်တိုက်မှုဖြစ်ပွား
RELATED POSTS
04 Sep 2024 | ဘာသာရေး,ပြည်တွင်း
22 Jul 2024 | ဘာသာရေး,နိုင်ငံတကာ
02 Jun 2024 | ဘာသာရေး,နိုင်ငံတကာ
29 May 2024 | ဘာသာရေး,ပြည်တွင်း