တောင်ကိုရီးယား ဇာတ်လမ်းတွဲ Reply 1988 ထဲက သရုပ်ဆာင် ဟေးရီနဲ့ ယူဂျန်ယော တို့ စုံတွဲ ၆ နှစ်ကြာ လက်တွဲခဲ့ ပြီးနောက် လမ်းခွဲ
ရောင်နီ (NSS) - နိုဝင်ဘာ ၁၄
တောင်ကိုရီးယားနာမည်ကျော် တောင်ကိုရီးယားဒရာမာ Reply 1988 ရဲ့ပရိသတ်များအတွက် ဝမ်းနည်းစရာ သတင်းတစ်ခု တနင်္လာနေ့ (နိုဝင်ဘာ ၁၃ ရက်) မှာ ထွက်ရှိလာခဲ့ပါတယ်။ အဲဒါကတော့ ဇာတ်လမ်းတွဲထဲက အဓိက သရုပ်ဆောင် မင်းသမီး ဟေးရီနဲ့ ဒုတိယမင်းသား ယူဂျန်ယော တို့စုံတွဲဟာ ၆ နှစ်ကြာ လက်တွဲခဲ့ပြီးနောက် လမ်းခွဲ လိုက်ကြပြီဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။
ဒရာမာဇာတ်ကားမှာ သူတို့နှစ်ဦးဟာ အလွန်လိုက်ဖက်ညီသလို အပြင်လောကမှာလည်း တကယ့်ချစ်သူတွေ ဖြစ်ခဲ့ ကြတဲ့အတွက် ပရိသတ်က သဘောတူဝမ်းသာနေကြတာပါ။ သူတို့စုံတွဲရဲ့မင်္ဂလာသတင်းကို စောင့်မျှော်နေရင်းမှာပဲ အခုလိုလမ်းခွဲတဲ့သတင်း ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ အဆိုပါသတင်းကို တောင်ကိုရီးယားထုတ် News 1 က ပထမဆုံးဖော်ပြခဲ့တာဖြစ်ပြီး၊ သတင်းမှာ သူတို့နှစ်ဦးဟာ ချစ်သူရည်းစားဘဝမှ ရပ်စဲခဲ့ပြီဖြစ်ပေမယ့် လုပ်ဖော် ကိုင်ဖက်ကောင်းတွေအဖြစ် ဆက်လက်ရှိမှာဖြစ်တယ်လို့ ဆိုထားပါတယ်။
တနင်္လာနေ့ နှောင်းပိုင်းမှာပဲ ဟေရီနဲ့ ယူဂျန်ယောတို့ရဲ့သက်ဆိုင်ရာအေဂျင်စီတွေက လမ်းခွဲကြောင်း အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။
ဟေးရီဟာ တောင်ကိုရီးယားမိန်းကလေးအဖွဲ့ Girl's Day အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး "Reply 1988" ဒရာမာမှာ နာမည် ကျော်ခဲ့သူပါ။ ယူဂျန်ယောကလည်း မော်ဒယ်သရုပ်ဆောင်တစ်ဦးဖြစ်ပြီး Reply 1988 မှာ သူ့ရဲ့ သရုပ်ဆောင်ချက် တွေဟာ ပရိသတ်ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့လမ်းခွဲသတင်းဟာ သူတို့ရဲ့ပရိသတ်တွေကို ဝမ်းနည်းစေခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်မှာ EV ကားရောင်းအား အကောင်းဆုံး စံချိန်တင်
RELATED POSTS
19 Sep 2024 | အနုပညာ,နိုင်ငံတကာ
18 Sep 2024 | အနုပညာ,နိုင်ငံတကာ
17 Sep 2024 | အနုပညာ,နိုင်ငံတကာ