တရုတ်မှာ EV ကားရောင်းအား အကောင်းဆုံး စံချိန်တင်
ရောင်နီ (NSS) - နိုဝင်ဘာ ၁၅
တရုတ်နိုင်ငံဟာ အောက်တိုဘာလအတွင်း EV ကား လစဉ်ရောင်းချမှု စံချိန်တင်ခဲ့တယ်လို့ ဈေးကွက်သုတေသန ကုမ္ပဏီ Rho Motion နိုဝင်ဘာ ၁၄ ရက်မှာ ဖော်ပြခဲ့ပါတယ်။
လျှပ်စစ်-မော်တော်ယာဉ်ရောင်းချမှုဟာ ကမ္ဘာတစ်ဝန်းမှာ ဆက်လက် ရောင်းအားကောင်းနေပါတယ်။ တရုတ်နိုင်ငံဟာ ၂ဝ၂၂ ခုနှစ်မှာ EV ဝယ်ယူမှုတွေအတွက် ၁၁ နှစ်တာ ထောက်ပံ့ကြေးအစီအစဉ်(subsidy scheme ) ကို အဆုံးသတ်ခဲ့ပေမယ့်အချို့ ဒေသခံအာဏာပိုင်တွေက ရင်းနှီးမြှုပ်နှံမှုတွေ ဆွဲဆောင်ဖို့ ဝယ်ယူသူတွေအတွက် ထောက်ပံ့ကြေး အကူအညီ (သို့မဟုတ်) အခွန်ပြန်အမ်းပေးမှုတွေကို ဆက်လက်ကမ်းလှမ်းခဲ့ပါတယ်။
ကမ္ဘာ့အကြီးဆုံး မော်တော်ယာဉ်ဈေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံမှာ EV ရောင်းချမှုဟာ စက်တင်ဘာလ၊ ယခင်နှစ် အလားတူ အချိန်ထက် ၂၉ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ EV စျေးကွက်ဟာလည်း အလားတူ ကာလအတွင်း ၃၄ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ သိရပါတယ်။
အောက်တိုဘာလကလည်း တရုတ်နိုင်ငံမှာ EV ကား ဝယ်လိုအားက စံချိန်တင်မြင့်တက်နေတဲ့ လတစ်လ ဖြစ်တာ ကြောင့် ၂ဝ၂၃ ခုနှစ်ဟာ EV ကား အရောင်းနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့နောက်ထပ် စံချိန်တင် တစ်နှစ်ဖြစ်လာ နိုင်တယ်လို့ ဈေးကွက်သုတေသနကုမ္ပဏီ Rho Motion က ပြောကြားခဲ့ပါတယ်။
Rho Motion ရဲ့အဆိုအရ စက်တင်ဘာလက ဥရောပစျေးကွက်တွေမှာ EV ကား အရောင်း ၂၆ ရာခိုင်နှုန်း တိုးလာပြီး မြောက်အမေရိကမှာတော့ EV ရောင်းအား ၇၈ ရာခိုင်နှုန်းထိ တက်လာတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေးကို ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့် နှင့် တရုတ်သံအမတ်တို့ဆွေးနွေး
RELATED POSTS
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2024 | စီးပွားရေး,ပြည်တွင်း
12 Sep 2024 | စီးပွားရေး,ပြည်တွင်း
07 Sep 2024 | စီးပွားရေး,ပြည်တွင်း