TikTok အပ်ပ် အသုံးပြုခွင့်ကို တားမြစ်ပိတ်ပင်သွားမည်ဖြစ်ကြောင်း နီပေါအစိုးရ ထုတ်ပြန်ကြေညာ
Pika (NSS) - နိုဝင်ဘာ ၁၄
TikTok အပ်ပ်သည် နိုင်ငံ၏ လူမှုရေးသဟဇာတဖြစ်မှုများအပေါ် ဆိုးဝါးသော သက်ရောက်မှုများရှိသောကြောင့် နိုင်ငံအတွင်းတွင် အသုံးပြုခွင့်ကို ပိတ်ပင်သွားမည်ဖြစ်ကြောင်း နီပေါအစိုးရက နိုဝင်ဘာလ(၁၃)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
လစဉ်အသုံးပြုသူ (၁)ဘီလျံခန့်ရှိသော TikTok အပ်ပ်သည် ဒေတာစည်းမျဉ်းများကို ချိုးဖောက်ကာ လူငယ်များ အပေါ် ထိခိုက်စေနိုင်သည့် သက်ရောက်မှုများရှိနေသည်ဟု စွပ်စွဲခံထားရပြီး နိုင်ငံအများအပြားတွင် တားမြစ်ပိတ်ပင်မှုများ နှင့် ရင်ဆိုင်နေရကြောင်းသိရသည်။
နီပေါနိုင်ငံ ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာ ဝန်ကြီး Rekha Sharma က "TikTok အပ်ပ် အသုံးပြုခွင့် ပိတ်ပင်ဖို့ဆုံးဖြတ်ချက်ကို ဒီနေ့မှာပဲ ချမှတ်ခဲ့ပါတယ်။ သက်ဆိုင်ရာအာဏာပိုင်တွေဟာ နည်းပညာပိုင်း ဆိုင်ရာပြဿနာတွေကို ဆက်လက်ကိုင်တွယ်ဖြေရှင်းနေပါတယ်။TikTokအပ်ပ်ဟာ လူမှုရေးသဟဇာတဖြစ်မှုတွေ၊ မိသားစုဖွဲ့စည်းမှုတွေ၊ လူမှုဆက်ဆံရေးတွေကို နှောင့်ယှက်တဲ့အကြောင်းအရာတွေကို ဆက်လက်အသုံးပြုခွင့်ပေး နေတဲ့အတွက် ယခုလို ပိတ်ပင်ဖို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့တာပါ" ဟု ပြောဆိုခဲ့သည်။
အဆိုပါဆုံးဖြတ်ချက်ကို လူသိရှင်ကြားထုတ်ပြပြီးနောက် နာရီပိုင်းအကြာတွင် အဆိုပါတားမြစ်ချက်အကြောင်း ပြောဆိုထားသည့်ဗီဒီယိုဖိုင်သည် TikTok တွင် ကြည့်ရှုသူထောင်ပေါင်းများစွာ ရှိခဲ့ကြောင်း သိရသည်။
နီပေါနိုင်ငံအတွင်း လည်ပတ်နေသော ဆိုရှယ်မီဒီယာပလက်ဖောင်းများသည် ရုံးများဖွင့်လှစ်ရန်လိုအပ်ကြောင်း ထုတ်ပြန်ကြေညာပြီးနောက် ရက်ပိုင်းအကြာတွင် အဆိုပါဆုံးဖြတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ We Are Social marketing အေဂျင်စီ၏ အဆိုအရ TikTok အပ်ပ်သည် ကမ္ဘာပေါ်တွင် အသုံးပြုမှုအများဆုံး ခြောက်ခုမြောက် ဆိုရှယ်မီဒီယာပလက်ဖောင်းတစ်ခုဖြစ်ကြောင်း သိရသည်။
TikTok အပ်ပ်သည် ကလေးငယ်များအပေါ် သက်ရောက်မှုများရှိသောကြောင့် နိုင်ငံအများအပြားသည် TikTok အပ်ပ် အသုံးပြုခွင့်ကို ထိန်းချုပ်တားမြစ်နိုင်ရန် ကြိုးပမ်းခဲ့ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဥရောပ၏ အကြီးဆုံးမီးတောင် ပေါက်ကွဲ
RELATED POSTS
18 Sep 2024 | နည်းပညာ,နိုင်ငံတကာ
12 Sep 2024 | နည်းပညာ,နိုင်ငံတကာ
31 Aug 2024 | နည်းပညာ,နိုင်ငံတကာ
29 Aug 2024 | နည်းပညာ,နိုင်ငံတကာ