တက္ကသိုလ်ကျောင်းသားများ၏ ကျောင်းဝင်ကြေး၊ ကျောင်းလခ နှင့် စာမေးပွဲကြေးများကို Online Payment စနစ်ဖြင့် ပေးသွင်းနိုင်တော့မည်
စော (NSS) - နိုဝင်ဘာ ၁၄
တက္ကသိုလ်ကျောင်းသားများ၏ ကျောင်းဝင်ကြေး၊ ကျောင်းလခနှင့်စာမေးပွဲကြေးများကို Online Payment စနစ်ဖြင့် ပေးသွင်းနိုင်တော့မည်ဖြစ်ကြောင်း ဒုဝန်ကြီး ဒေါက်တာဇော်မြင့်က ပြောကြားခဲ့သည်။
ပညာရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး ဒေါက်တာဇော်မြင့်က ယမန်နေ့(နိုဝင်ဘာလ ၁၃ ရက်)တွင် နေပြည် တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ကျင်းပသော တက္ကသိုလ်ကျောင်းသားများ၏ ကျောင်းဝင်ကြေး၊ ကျောင်းလခများကို Online ၊ Mobile Payment ဖြင့် ပေးသွင်းခြင်းနှင့် အွန်လိုင်းကျောင်းဝင်မှတ်ပုံတင်ခြင်း ဆောင်ရွက်နိုင်ရေး အစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့သည်။
အဝေးသင်ကျောင်းသားအချို့သည် နယ်အဝေးမှ တက္ကသိုလ်သို့ လာရောက်ကျောင်းအပ်နှံရန်အတွက် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် User-friendly Online Platform တည်ဆောက်ပြီး တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ အွန်လိုင်းမှ ကျောင်းဝင်မှတ်ပုံတင်ခြင်းပြုလုပ်ကာ ကျောင်းဝင်ကြေး၊ ကျောင်းလခ၊ စာမေးပွဲကြေးတို့ကို Online၊ Mobile Payment ဖြင့် ပေးသွင်းနိုင်ရေးကို ဆောင်ရွက်ရန် လိုကြောင်း ဒုဝန်ကြီးက ပြောသည်။
ထို့သို့ ကျောင်ဝင်ကြေး၊ ကျောင်းလခ၊ စာမေးပွဲကြေးများနှင့်ပတ်သက်၍ စီစဉ်နေသည့် Online Payment စနစ်ကို မည်သည့်အချိန်၌ အသုံးပြုနိုင်မည်ကို ပညာရေးဝန်ကြီးဌာနဘက်က အသိပေးကြေညာခြင်းမျိုး မရှိသေးသော်လည်း လက်ရှိ၌ ဆောင်ရွက်နေကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်ပေါင်း(၅၀)၌ နေ့သင်တန်းတွင် တက်ရောက်နေသာကျောင်းသားများ အပြင် အဝေးသင်တက်ရောက်နေသော ကျောင်းသားဦးရေ စုစုပေါင်း ငါးသိန်းကျော်ရှိပြီး ပညာရေးဒီဂရီကောလိပ်(၂၅)ကျောင်း၌လည်း ကျောင်းသားဦးရေ နှစ်သောင်းနီးပါး ပညာသင်ယူနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့ရှိ ကန်တော်ကြီးဥယျာဉ်၌ ရေနစ်သေဆုံးနေသည့် သက်ကြီးပိုင်းအမျိုးသမီး အလောင်းတွေ့ရှိ
RELATED POSTS
07 Sep 2024 | ပညာရေး,ပြည်တွင်း
29 Aug 2024 | ပညာရေး,ပြည်တွင်း