နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ကြီးဌာနသို့ Oxygen Concentrators ၄၂ လုံးလှူဒါန်း
ကျော် (NSS) - နိုဝင်ဘာ ၁၄
နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ကြီးဌာနသို့ Oxygen Concentrators ၄၂ လုံးကို နိုဝင်ဘာလ ၁၃ ရက်တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ Oxygen Concentrators ၄၂ လုံးအား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်မျိုးထွဋ်မှ ပေးအပ်လှူဒါန်းရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက လက် ခံရယူခဲ့ကြောင်း သိရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနမှလှူဒါန်းသည့် Oxygen Concentrators များအားလိုအပ်သည့် နေရာများသို့ချက်ချင်းပေးအပ်၍ ပြည်သူများအတွက် အကျိုးရှိရှိဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာနမှလှူဒါန်းသည့် Oxygen Concentrator (၄၂) လုံးအား နေပြည်တော်ရှိ ပြည်သူ့ဆေးရုံကြီး(ကုတင်-၁၀၀၀)၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီး၊ ကလေးရောဂါအထူးကုဆေးရုံကြီး၊ အရိုးရောဂါအထူးကုဆေးရုံကြီး၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်း နှင့် လည်ပင်းခွဲစိတ်ရောဂါ အထူးကုဆေးရုံကြီး နှင့် ရန်ကုန်မြို့ရှိ ဗဟိုအမျိုးသမီးဆေးရုံကြီးများ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တက္ကသိုလ်ကျောင်းသားများ၏ ကျောင်းဝင်ကြေး၊ ကျောင်းလခ နှင့် စာမေးပွဲကြေးများကို Online Payment စနစ်ဖြင့် ပေးသွင်းနိုင်တော့မည်
RELATED POSTS
06 Sep 2024 | ကျန်းမာရေး,နိုင်ငံတကာ
31 Aug 2024 | ကျန်းမာရေး,နိုင်ငံတကာ
27 Aug 2024 | ကျန်းမာရေး,ပြည်တွင်း
26 Aug 2024 | ကျန်းမာရေး,နိုင်ငံတကာ