Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Nov- 11 / 2:50 PM)

ဂျန်ဇက် (NSS) - နိုဝင်ဘာ ၁၁

အစ္စရေးနဲ့ ဟားမက်စ် လက်နက်ကိုင်အုပ်စုကြား ဂါဇာဒေသမှာစစ်ပွဲဖြစ်ပွားနေချိန်မှာပဲ အာရပ်နိုင်ငံများရဲ့ခေါင်းဆောင်တွေနဲ့ အီရန်သမ္မတို့ဟာ ဆော်ဒီအာရေဗျနိုင်ငံမှာတွေ့ဆုံဆွေးနွေးသွားမယ်လို့သိရပါတယ်။ဆွေးနွေးပွဲမှာ စစ်ပွဲဟာ အခြားနိုင်ငံတွေထံ ထပ်မံမကူးစက်ခင် စစ်ပွဲကိုအမြန်ဆုံးအဆုံးသတ်ဖို့ အဓိကထားဆွေးနွေးတောင်းဆိုသွားဖွယ်ရှိနေကြောင်းသိရပါတယ်။ အဆိုပါဆွေးနွေးပွဲကို Organisation of Islamic Cooperation (OIC)အဖွဲ့ဝင်နိုင်ငံများလည်း ပူးပေါင်းပါဝင်လာဖွယ်ရှိနေကြောင်း ဆော်ဒီအာရေဗျအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။


အင်ဒိုနီးရှားနိုင်ငံရဲ့ထိပ်တန်း ဘာသာရေးခေါင်းဆောင်တစ်ဦးက အစ္စရေးနိုင်ငံကိုထောက်ခံနေတဲ့အနောက်အုပ်စုနိုင်ငံ ကုမ္ပဏီတွေရဲ့ကုန်ပစ္စည်းများနဲ့ ဝန်ဆောင်မှုတွေကို သပိတ်မှောက်သွားဖို့

တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ ပါလက်စတိုင်းပြည်သူတွေနဲ့တစ်သားတည်းရှိကြောင်းပြသဖို့ အစ္စရေးနဲ့ ဆက်နွယ်တဲ့ ကုန်ပစ္စည်းများကိုလည်း သပိတ်မှောက်သွားရမှာဖြစ်ကြောင်း အင်ဒိုနီးရှားထိပ်တန်းဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်သူက ပြောပါတယ်။ 

ကိုလံဘီယာသမ္မတက ၎င်းတို့နိုင်ငံအနေနဲ့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုကို နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) မှာတရားစွဲဖို့ ကြိုးပမ်းသွားမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ကိုလံဘီယာ နိုင်ငံခြားရေးဝန်ကြီးဟာ (ICC) တာဝန်ရှိသူများနဲ့တွေ့ဆုံပြီး ပါလက်စတိုင်းကလေးငယ်ထောင်ချီကိုသေဆုံးစေခဲ့တဲ့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုကို တရားစွဲဆိုရေးအတွက် ဆွေးနွေးသွားဖွယ်ရှိနေပါတယ်။

ပြင်သစ် သမ္မတမက်ခရွန်ဟာ ဂါဇာကမ်းမြောင်ဒေသမှာဖြစ်ပွားနေတဲ့ လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်ချက်ဆိုးရွားနေခြင်းနဲ့ပတ်သက်ပြီး အလွန်အမင်းစိတ်ပျက်မိကြောင်းပြောပါတယ်။ ဒါ့ပြင် ပြင်သစ် သမ္မတက ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့တာဝန်ယူခြင်းတာဝန်ခံခြင်း ရှိဖို့ပျက်ကွက်နေတာတွေ၊ နိုင်ငံတကာအဖွဲ့စည်းတွေက အရေးယူဆောင်ရွက်ခြင်းမရှိတာတွေအတွက် စိတ်ပျက်မိကြောင်း ပြောပါတယ်။

အာရပ်နိုင်ငံတွေရှိ အမေရိကန်သံတမန်တွေက ဂါဇာဒေသမှာဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံက ကူညီပေးနေတာတွေနဲ့ပတ်သက်ပြီး သမ္မတ ဂျိုးဘိုင်ဒန်ကိုသတိပေးပြောဆိုလိုက်ကြောင်းသိရပါတယ်။ အမေရိကန်အစိုးရဟာ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားစစ်ပွဲဖြစ်ပွားခဲ့ပြီး နောက်ပိုင်း အစ္စရေးနိုင်ငံဘက်မှရပ်တည်ခဲ့ကာ အစ္စရေးကို လိုအပ်တဲ့အကူညီများပံ့ပိုးပေးခဲ့ပြီး အလုံးစုံ အပစ်ခတ်ရပ်စဲရေးကိုလည်း ငြင်းဆန်ပယ်ချထားကြောင်းသိရပါတယ်။ အာရပ်နိုင်ငံတွေရှိ အမေရိကန်သံတမန်တွေက " အမေရိကန်အစိုးရရဲ့ ရပ်တည်မှုတွေဟာ အာရပ်နိုင်ငံတွေကြားမှာ နောက်မျိုးဆက်တစ်ခုလောက်အထိ ဆုံးရှုံးဖွယ်ရှိနေပါတယ်"လို့ပြောပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြောက်ဥက္ကလာပမြို့နယ် ဥပဒေရုံးရှေ့၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved