Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တပ်မတော်အနေဖြင့် မြန်မာနိုင်ငံ၏ လုံခြုံရေး၊ ကာကွယ်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်နိုင်သည်ကို အာမခံကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

မြူနစ် (NSS) - နိုဝင်ဘာ ၁ဝ

တပ်မတော်အနေဖြင့် မြန်မာနိုင်ငံ၏ လုံခြုံရေး၊ ကာကွယ်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်နိုင်သည်ကို အာမခံကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

နိုင်ငံအတွင်းဖြစ်ပွားနေသည့်တိုက်ပွဲများနှင့်ပတ်သက်၍ ယနေ့ (နိုဝင်ဘာ ၁ဝ ရက်) တွင် NP News သတင်းဌာန အနေဖြင့် ဗိုလ်ချုပ်ဇော်မင်းထွန်းအား မေးမြန်းစဉ် ၎င်းက အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။


ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ လုံခြုံရေးစခန်းများကို MNDAA ဦးဆောင်သော မဟာမိတ်(၃)ဖွဲ့သည် အောက်တိုဘာ ၂၇ ရက်မှစတင်ကာ (၁ဝ၂၇ စစ်ဆင်ရေး) အမည်ဖြင့် တိုက်ခိုက်နေလျက်ရှိသည်။

ထိုသို့ ရှမ်းပြည်နယ်မြောက်ပိုင်း၌ တိုက်ပွဲများဖြစ်ပွားနေချိန် တစ်ပြိုင်နက်တည်းတွင် စစ်ကိုင်းတိုင်းအတွင်းရှိ ကောလင်းမြို့၊ တမူးမြို့နှင့် ထီးချိုင့်မြို့တစ်ဝိုက်တွင်လည်း KIA၊ PDF ပူးပေါင်းအဖွဲ့များက တိုက်ပွဲများ ဖော်ဆောင်နေလျက်ရှိသည်။

ယင်းကဲ့သို့ တိုက်ပွဲများဖြစ်ပွားနေမှုနှင့်အတူ တပ်မတော်၏ လုံခြုံရေးစခန်းများ၊ မြို့များ သိမ်းပိုက်ထိန်းချုပ်ခံခဲ့ရ သည်ဆိုသော သတင်းများသည်လည်း တစ်ပြိုင်နက်တည်း ပျံ့နှံ့နေလျက်ရှိသည်။

“ဒါတွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်ပြောချင်တာက ကောလဟာလကို နည်းမျိုးစုံနဲ့ ဖြန့်ပါလိမ့်မယ်။ ဝါဒဖြန့်ပါ လိမ့်မယ်။ ဒါတွေနဲ့ပတ်သက်ပြီး ပြည်သူလူထုအနေနဲ့ ယုံကြည်မှုမရှိကြဖို့ ပြောချင်ပါတယ်။ တစ်ခု ခိုင်ခိုင်မာမာ အာမခံနိုင်တာကတော့ မြန်မာ့တပ်မတော်အနေနဲ့ မြန်မာနိုင်ငံရဲ့လုံခြုံရေး၊ ကာကွယ်ရေးနဲ့ပတ်သက်ပြီးတော့ ဆောင်ရွက်လျက်ရှိတယ်။ ဆောင်ရွက်နိုင်တယ်။ ဆောင်ရွက်သွားမယ်။ ဒါကိုပဲ ကျွန်တော်အနေနဲ့ အတိအလင်း ပြောချင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက NP News ကို ပြောသည်။

မြန်မာနိုင်ငံ၏ လုံခြုံရေး၊ ကာကွယ်ရေးနှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် ဆောင်ရွက်နိုင်သည်ကို အာမခံ ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆို အသိပေးထားခြင်းဖြစ်သည်။


ရှမ်းပြည်နယ်ရှိ ကွမ်းလုံမြို့၌ တပ်မတော်နှင့် MNDAA အဖွဲ့တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေလျက်ရှိပြီး ကွမ်းလုံမြို့အတွင်းရှိ နေရာအချို့သို့ MNDAA အဖွဲ့ဝင်များ ရောက်ရှိနေသည့်အတွက် ကွမ်းလုံဗျူဟာ နှင့် တပ်ဖွဲ့ဝင်များက ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေကြောင်း နစကဘက်က ဆိုသည်။

ထို့ပြင် ရှမ်းပြည်နယ်အတွင်းရှိ မုံးကိုးမြို့နှင့် ချင်းရွှေဟော်မြို့တို့တွင် တပ်မတော်ဘက်က လက်လွတ်ခဲ့ရသော နေရာများကို ပြန်လည်ရရှိရေးအတွက် ချီတက်ဆောင်ရွက်နေကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

လက်ရှိ၌ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဒေသခံပြည်သူဦးရေ (၅ဝဝဝဝ) နီးပါးသည် နေရပ်စွန့်ခွာထွက်တိမ်းရှောင်နေရလျက်ရှိကြောင်း UNOCHA က အသိပေးထုတ်ပြန်ထားသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လားရှိုးမြို့၌ အသက်တစ်နှစ်ခွဲ ကလေးငယ်တစ်ဦး ကားတိုက်ခံရ၍ သေဆုံး

RELATED POSTS
RECENT POSTS
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved