မြန်မာနိုင်ငံ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တို့ကို ခရီးမသွားဖို့ ဗီယက်နမ်နိုင်ငံသားများကို ဗီယက်နမ်အစိုးရ သတိပေးချက်ထုတ်ပြန်
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၁ဝ
ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ဗီယက်နမ်နိုင်ငံသားတွေကို မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်သို့ ခရီးသွားလာတာမျိုးမလုပ်ဆောင်ဖို့ တိုက်တွန်းတောင်းဆိုထားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့ကို ရောက်ရှိနေတဲ့ ဗီယက်နမ်နိုင်ငံသားတွေဟာ တတိယနိုင်ငံသို့ သွားရောက်တာမျိုး ဒါမှမဟုတ် ဗီယက်နမ်နိုင်ငံသို့ ပြန်လာတာမျိုးပြုလုပ်စေလိုကြောင်း၊ ဒါ့အပြင် ဗီယက်နမ်နိုင်ငံသားတွေဟာ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံး၊ ကောင်စစ်ဝန်ရုံးများနဲ့ ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့များက ထုတ်ပြန်တဲ့သတင်းအချက်အလက်များကို လေ့လာစောင့်ကြည့်ရမှာဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။
ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Pham Thu Hang က မြန်မာအာဏာပိုင်တွေဟာ မကြာသေးမီက မြန်မာနိုင်ငံမြောက်ပိုင်းရှိ အွန်လိုင်းလောင်းကစားဂိုဏ်းများ လက်ထဲမှာ ပိတ်မိနေတဲ့ ဗီယက်နမ် နိုင်ငံသား ၁၆၆ ဦးကို ပြန်လည်ကယ်တင်ပေးခဲ့ပြီး ဘေးကင်းရာနေရာကို ပို့ဆောင်ပေးထားကြောင်း ပြောပါတယ်။
၎င်းက ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ မြန်မာနိုင်ငံရှိ ဗီယက်နမ်သံရုံး၊ တရုတ်နိုင်ငံရှိ ဗီယက်နမ်သံရုံးကိုယ်စားလှယ်များနဲ့တွေ့ဆုံပြီး မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ဗီယက်နမ်နိုင်ငံသားများကို ကာကွယ်ပေးဖို့ ဆွေးနွေးခဲ့ကြောင်း ပြောပါတယ်။
ဒါ့အပြင် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ အရှေ့အလယ်ပိုင်းဒေသအခြေအနေတင်းမာမှု ပိုမိုမြင့်တက်လာနေခြင်းကြောင့် အစ္စရေးနိုင်ငံရောက် ဗီယက်နမ်နိုင်ငံသားများကိုလည်း မိခင်နိုင်ငံကို အမြန်ဆုံးပြန်ဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လောက်ကိုင် နှင့် ချင်းရွှေဟော်ဒေသ၌ အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် တရားမဝင်လုပ်ငန်းများကို စစ်ဆေးဖော်ထုတ်စဉ် တရုတ်နိုင်ငံသား (၇၃၀၀)ကျော်ကို ဖမ်းဆီးရမိဟု နစကဆို
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း