မြန်မာ-တရုတ်နယ်စပ် BP (၁၂၅) စစ်ရှောင်စခန်း၌ စစ်ဘေးရှောင်ဦးရေ ထပ်တိုးရောက်ရှိလာ၍ စစ်ဘေးရှောင် (၁၅၀၀၀)ကျော်အထိရှိလာ
စော(NSS) - နိုဝင်ဘာ ၉
မြန်မာ-တရုတ်နယ်စပ် BP (၁၂၅) စစ်ရှောင်စခန်း၌ စစ်ဘေးရှောင်ဦးရေ ထပ်တိုးရောက်ရှိလာ၍ စစ်ဘေးရှောင် (၁၅၀၀၀)ကျော်အထိရှိလာကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ဘေးရှောင်ပြည်သူများသည် နိုဝင်ဘာလ (၁)ရက်မှစတင်၍ အဆိုပါ စစ်ဘေးရှောင်စခန်းသို့ ရောက်ရှိလာခဲ့ကြခြင်းဖြစ်ပြီး လက်ရှိအချိန်အတွင်း စစ်ဘေးရှောင်ဦးရေ (၁၅၀၀၀)ကျော် ရှိလာပြီဖြစ်ကြောင်း သိရသည်။
“BP (၁၂၅) စစ်ရှောင်စခန်းက နိုဝင်ဘာလ ၁ရက်ကစပြီး အခုချိန်အထိ စစ်ဘေးရှောင် ၁၅၀၀၀ ကျော်ရောက်နေတယ်။ ကိုးကန့်ဘက်ကရော၊ ရွှေ့ပြောင်းအလုပ်သမားတွေကရော အများကြီးပါပဲ။ စစချင်း စစ်လာရှောင်တဲ့လူကို အဆောက်အဦးတွေထဲမှာ ထားတယ်။ အဆောက်အဦးပြည့်သွားတော့ ရွက်ဖျင်တဲတွေ ပေးထားတယ်။ ကုန်သွားတော့ မိုးကာစတွေပေးတယ်။ အခု မိုးကာစတွေပါ ကုန်နေပြီ ထပ်ရောက် လာမယ်ဆိုရင် သူတို့နေထိုင်ဖို့ အခက်အခဲဖြစ်လိမ့်မယ်”ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဒေသခံတစ်ဦးက NSS ကိုပြောသည်။
လက်ရှိတွင် စစ်ဘေးရှောင်ပြည်သူများအတွက် ဆန်များ ပြတ်လပ်နေ၍ အစားအသောက်များလည်း လိုအပ်နေကာ ၎င်းတို့ နေထိုင်ရန် ရွက်ဖျင်တဲများလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။
“လောလောဆယ် စစ်ဘေးရှောင်စခန်းနှစ်ခု ဖွင့်ထားတယ်။ ရန်လုံကျိုင်းစစ်ဘေးရှောင်စခန်းကို ဒီနေ့မှ စဖွင့်တာ အဲဒီအတွက် စစ်ဘေးရှောင်လာရောက်သူ နည်းသေးတယ်”ဟု ၎င်းကဆက်လက်ပြောကြားထားသည်။
လက်ရှိအချိန်တွင် စစ်ဘေးရှောင်ပြည်သူများ များပြားလာသဖြင့် စစ်ဘေးရှောင်စခန်းနှစ်ခုကို ဖွင့်လှစ်ထားပြီး ရန်လုံကျိုင်းနယ်စပ်ဂိတ်တွင် စစ်ဘေးရှောင်စခန်း နှင့် BP (၁၂၅) စစ်ရှောင်စခန်း တို့ဖြစ်ကြောင်း သိရသည်။
မြန်မာ-တရုတ်နယ်စပ် BP (၁၂၅) စစ်ရှောင်စခန်း၌ ယမန်နေ့ နိုဝင်ဘာလ (၈)ရက်အထိ စစ်ဘေးရှောင်ပြည်သူဦးရေသည် (၁၅၅၈၇)ဦးရှိလာကြောင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၏ သတင်းအချက်အလက်များအရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်အစိုးရက တရုတ်နိုင်ငံသားတွေကို မြန်မာနိုင်ငံမြောက်ပိုင်းကို ခရီးမသွားဖို့ တိုက်တွန်း
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း