ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဟာ ဂါဇာဒေသ မြောက်ပိုင်းကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ကြောင်း အစ္စရေးစစ်ဘက်ပြော
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၉
ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဟာ ဂါဇာဒေသမြောက်ပိုင်းကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ကြောင်း အစ္စရေးစစ်ဘက်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အစ္စရေးစစ်ဘက်ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ ဒန်နီရယ် ဟာဂါရီက ဒေသခံတွေဟာလက်ရှိအချိန်မှာ ဂါဇာဒေသ တောင်ပိုင်းကိုပြောင်းရွှေ့နေပြီဖြစ်ကြောင်း ပြောပါတယ်။ ၎င်းက "ဂါဇာကမ်းမြောင်ဒေသက လူပေါင်း ငါးသောင်းကျော်ဟာ တောင်ပိုင်းကို ပြောင်းရွှေ့သွားခဲ့တယ်။ ဟားမက်စ်အဖွဲ့ဟာ ဂါဇာမြောက်ပိုင်းကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘူးဆိုတာကို ဒေသခံတွေနားလည်လာတဲ့အတွက် တောင်ပိုင်းကိုပြောင်းရွှေ့လာခဲ့တာမျိုးဖြစ်တယ်။ဟားမက်စ်လက်နက်ကိုင်အဖွဲ့တွေဟာ နိုင်ငံမြောက်ပိုင်းကို ထိန်းချုပ်နိုင်စွမ်း ဆက်လက်မရှိတော့ဘူး" လို့ ပြောပါတယ်။
အစ္စရေးနိုင်ငံအနေနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့နဲ့ အပစ်ခတ်ရပ်စဲရေးလုပ်ဆောင်မှာမဟုတ်ကြောင်း၊ ဟားမက်စ်အဖွဲ့ဟာ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးမှုမရှိဘူးဆိုရင် အပစ်ခတ်ရပ်စဲရေးလုပ်ဆောင်မှာမဟုတ်သလို လောင်စာဆီတင်သွင်းခွင့်လည်း ခွင့်ပြုမှာမဟုတ်ကြောင်း ၎င်းက ပြောပါတယ်။
ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဟာ အောက်တိုဘာ ၇ ရက်က အစ္စရေးနိုင်ငံကို စတင်တိုက်ခိုက်ခဲ့ရာ အစ္စရေးနိုင်ငံသား ၁၄ဝဝ ကျော် သေဆုံးခဲ့ပြီး၊ အစ္စရေးနိုင်ငံသမိုင်းမှာ အဆိုးရွားဆုံး ထိခိုက်သေဆုံးမှုဖြစ်ခဲ့ရကြောင်း သိရပါတယ်။
အစ္စရေးဟာ ဂါဇာဒေသကို အောက်တိုဘာ ၇ ရက်ကတည်းက စတင်တိုက်ခိုက်ခဲ့ရာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့တွေ အပါအဝင် လူပေါင်း တစ်သောင်းကျော် သေဆုံးထားပါတယ်။အစ္စရေးဟာ ဂါဇာဒေသကို အောက်တိုဘာ ၇ ရက်ကတည်းက လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှု သီတင်းပတ်သုံးပတ်ကြာ လုပ်ဆောင်ခဲ့ပြီးနောက် မြေပြင်ထိုးစစ်ဆင်မှု နဲ့လေကြောင်းတိုက်ခိုက်မှုတွေကို ပူးတွဲလုပ်ဆောင်လျက်ရှိနေဆဲဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
MNDAA ကို အရောင်တင်ပေးနေသည့် ကျောက်တာ ရွှီ ဘယ်သူလဲ (ဘာသာပြန်ဆောင်းပါး)
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း